ဂရိဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၀ -
ဂြီဩမေထရီ ပုံစံများကို ရှစ်ရာစုခန့်က အိုးများ၌ ရေးသားဆွဲခဲ့ကြကာ အကြောင်းအရာများမှာ ထရိုဂျန်စစ်ပွဲမှ ပြကွက်များနှင့် ဟဲရာကလီးဇ်၏ စွန့်စားခန်းများ ဖြစ်ကြသည်။<ref name="Br" /> ဤသို့ ဒဏ္ဍာရီများကို အမြင်ပိုင်းသရုပ်ဖော်ပြခြင်းသည် အကြောင်းတရားနှစ်ခုအတွက် အရေးကြီးသည်။ ပထမအကြောင်းမှာ များပြားသော ဂရိဒဏ္ဍာရီများကို စာပေဆိုင်ရာရင်းမြစ်များထက် မြေအိုးပေါ်သရုပ်ဖော်ထားရှိခြင်းသည် ပို၍စောသည်ဟု သက်သေခံနိုင်သည်။ ဥပမာ : ဟဲရာခလီးဇ် (ဟာကျူလီ) ၏ ခက်ခဲကြမ်းတမ်း စွန့်စားခန်း (၁၂) မျိုးတွင် ဆားဘရပ်စ် စွန့်စားခန်းတစ်ခုသာ ခေတ်ပြိုင်စာပေများတွင် တွေ့ရသည်။<ref name="HomerIliad366-369">Homer, ''Iliad'', 8. An epic poem about the Battle of Troy. [https://archive.today/20120526194909/http://www.perseus.tufts.edu/cgi-bin//ptext?doc=Perseus:text:1999.01.0134&layout=&loc=8.366 366–369]</ref> ဒုတိယအနေဖြင့် ရံခါ၌ အမြင်ပိုင်းသရုပ်ဖော် ရင်းမြစ်များသည် လက်ရှိရှိနေသော စာပေရင်းမြစ်များတွင် မတွေ့ရသော ဒဏ္ဍာရီ (သို့) ဒဏ္ဍာရီပြကွက်များကို သရုပ်ဖော်ယူဆောင်ပေးသည်။ အချို့သောအနေအထားများတွင် ဂြီဩမေထရီပန်းချီဖြင့် ရေးဆွဲခဲ့သော ဒဏ္ဍာရီကို ပထမဆုံးလူများသိစေရန် တင်ဆက်ဖော်ပြမှုသည် ရှေးကျသော ကဗျာလင်္ကာများ၌ ဖော်ပြမှုန်းချယ်တင်ဆက်မှုထက် ရာစုနှစ်အချို့ စောလေသည်။<ref name="Graf200" /> ရှေးဟောင်းခေတ် (ဘီစီ ၇၅၀-၅၀၀ ဝန်းကျင်) ၊ ဂန္ထဝင်ခေတ် (ဘီစီ ၄၈၀-၃၂၃ ဝန်းကျင်) ၊ ဟဲလင်နစ်စတစ်ခေတ် (ဘီစီ ၃၂၃ -၁၄၆ ဝန်းကျင်) ကာလများတွင် ဟိုးမားနှင့် အခြားများစွာသော ဒဏ္ဍာရီလာ ပြကွက် အခန်းများ ပေါ်ပေါက်လာကြ၍ ထိုစဉ်က ရှိနှင့်ပြီးသော စာပေဆိုင်ရာ သက်သေသာဓကများကို ထောက်ပံ့ဖြည့်စွက်နိုင်ခဲ့လေသည်။<ref name="Br" />
 
==ဒဏ္ဍာရီသမိုင်း စမ်းစစ်ခြင်းဆန်းစစ်ခြင်း==
[[File:Phaedra-Color.jpg|thumb|ဖေးဒရာသည် သူမ၏ သူနာပြုစောင့်ရှောက်သူနှင့် ရှိစဉ်။ ပွန်ပေယီမြို့မှ နံရံဆေးရေးပန်းချီ (ဘီစီ ၆၀-၂၀ ဝန်းကျင်ခန့်]]