ယိုကိုဟားမား ရူးစေး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇ -
| birth_name =
| birth_date = {{Birth date and age|1996|9|16}}
| birth_place = [[ယိုကိုဟားမားမြို့|ယိုကိုဟားမား]]၊ ခနဂဝ၊ခနဂဝစီရင်စု၊ [[ဂျပန်]]
| occupation = သရုပ်ဆောင်၊ မော်ဒယ်
| years_active = ၂၀၁၁–လက်ရှိ
| agent = Stardust Promotion
| spouse =
| height = ၁၇၄ စင်တီမီတာ (၅ ပေ ၈ လက်မ)
| alias =
| website =
}}
ယိုကိုဟားမား ရျူးဆေး ([[ဂျပန်စာ]]: 横浜 流星၊ [[အင်္ဂလိပ်]]: Ryusei Yokohama၊ စက်တင်ဘာ ၁၆၊ ၁၉၉၆ မွေး‌ဖွား) သည် ဂျပန်လူမျိုး သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦး ဖြစ်သည်။ သူသည် Stardust Promotion အေဂျင်စီ၏ အသင်းဝင်တစ်ဦး ဖြစ်သည်။ သူသည် ၂၀၁၄ ခုနှစ် Super Sentai အမျိုးအစား ရုပ်သံဇာတ်လမ်းတွဲဖြစ်သော Ressha Sentai ToQger ၌ Hikari Nonomura (ToQ 4gou) အဖြစ် ပါဝင်သရုပ်ဆောင်ကာ လူသိများလာခဲ့သည်။
 
==အသက်မွေးဝမ်းကျောင်း==
ဆဋ္ဌမတန်း အရွယ်၌ ရျူဆေးသည် မိသားစုနှင့်အတူ ဟာရာဂျူကူသို့ ပြောင်းရွေ့ခဲ့ပြီး Stardust Promotion သို့ ဝင်ရောက်ခဲ့သည်။
ရျူးဆေးသည် ထိုရုံးမှ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည့် Ebidan အဖွဲ့၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
 
ယိုကိုဟားမား၏ ပထမဆုံး အနုပညာခြေလှမ်းမှာ Eiko Semiar ၏ ကြော်ငြာတစ်ခုတွင် ဖြစ်သည်။ သူသည် လူရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ Nikopuchi မဂ္ဂဇင်း၌ အမျိုးသားမော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ရျူးဆေးသည် Menmo တွင် နံပါတ် (၁) မဲအများဆုံး ရရှိခဲ့သည်။ ထိုနှစ်ထဲမှာပင် Kamen Rider Fourze တွင် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရျူးဆေးသည် Real Onigokko The Origin အမည်ရှိ ဒရာမာတွင် မကြာခဏ ပါဝင်သရုပ်ဆောင်ခဲ့သည်။
 
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် Ressha Sentai ToQger တွင် Hikari Nonomura (ToQ 4gou) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
 
၂၀၁၅ ခုနှစ် မတ်လတွင် ရျူးဆေးသည်  men's model of Nicola မှ ဘွဲ့ရရှိခဲ့သည်။
 
==ကိုယ်ပိုင်ဘဝ==
ဇူလိုင် ၂၀၊ ၂၀၂၀ တွင် ရျူးဆေးသည် Ganryujima stage play အတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေစဉ် ကိုယ်ပူဖျားနာခဲ့သောကြောင့် စမ်းသပ်စစ်ဆေးခဲ့ရာ COVID-19 တွေ့ရှိရကြောင်း ရလဒ်ထွက်ပေါ်ခဲ့သည်။ ၎င်း၏ အေဂျင်စီဖြစ်သည့် Stardust Promotion မှလည်း ရျူးဆေး၌ ပိုးတွေ့ရှိရကြောင်းအတည်ပြုခဲ့ပြီးနှင့် ဆေးရုံသို့ တက်ရောက်၍ ကုသမှု ခံယူလျက်ရှိကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၃၁၊ ၂၀၂၀ တွင် ရျူး‌ဆေး ယိုကိုဟားမားသည် ဆေးရုံဆင်းပြီဖြစ်ကြောင်းနှင့် ၂ ပတ် self-isolation ပြုလုပ်လျက်ရှိကြောင်း ၎င်း၏ အင်စတာဂရမ်မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။