ဘိန်းစာပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၀င် +ဝင်)
စာကြောင်း ၂၇ -
၂၀၀၈ ခုနှစ်စစ်တမ်းအရ ဘိန်းစာပင်၏ ကျန်းမာရေး အကျိုးသက်ရောက်မှုရှိခြင်း နှင့် အန္တရာယ်ကင်းသည် ဆိုသည်မှာ မရှင်းလင်းချေ၊ သုတသနေပြုလုပ်ထားမှု အနည်းငယ်သာ ရှိသည့်အတွက် ဆေးဝါးကုသရေးပစ္စည်းအဖြစ် အသုံးပြုရန် အတည်မပြုထားချေ။ ၂၀၁၉ ခုနှစ် [[အမေရိကန် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဌာန]]က မည်သည့်အခြေအနေတွင်မဆို ကုသရေးတွင် အန္တရာယ်ကင်းသည် သို့မဟုတ် ထိရောက်မှုရှိသည်ဟူသော အထောက်အထားမရှိဟု ထုတ်ပြန်ပြောကြားထားသည်။ အချို့လူနာများက နာတာရှည် နာကျင်မှုများကို ကုသရန်၊ ဘိန်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော လက္ခဏာများကို ကုသရန်နှင့် စိတ်အပန်းဖြေရန်အတွက် ဆေးဝါးအဖြစ်အသုံးပြုကြသည်။ အကျိုးသက်ရောက်မှုသည် ပုံမှန်အားဖြင့် ငါးမိနစ်မှဆယ်မိနစ်အတွင်းစတင်ပြီး နှစ်နာရီမှငါးနာရီအထိ ကြာမြင့်သည်။
 
ယေဘုယျ အသေးစား ဘေးထွက်ဆိုးကျိုး မှာ အစာစားချင်စိတ်မရှိခြင်းဖြစ်ပြီး ပိုမိုပြင်းထန်သော ဘေးထွက်ဆိုးကျိုးမှာ [[လိင်အင်္ဂါ]] ထောင်မတ်မှုအား ကမောက်ကမဖြစ်စေခြင်း၊ ဆံပင်ကြွတ်ခြင်းနှင့် [[ဝမ်းချုပ်ခြင်း]] တို့ ဖြစ်ကြသည်။ ပိုမိုတိကျသော ဘေးထွက်ဆိုးကျိုများမှာ အသက်ရှူနှုန်းနှေးခြင်း၊ တတ်ခြင်း၊ ဆေးစွဲလမ်းခြင်း နှင့် စိတ်မူမမှန်ခြင်း တို့ ပါဝင်သည်။ အခြား ဘေးထွက်ဆိုးကျိုးအနေဖြင့် နှလုံးခုန်နှုန်းမြင့်မားခြင်း နှင့် [[သွေးပေါင်ချိန်တက်ခြင်း]]၊ အိပ်စက်ခြင်းအား အနှောက်အယှက်ဖြစ်ခြင်းနှင့် [[အသည်းအဆိပ်သင့်ခြင်း]]တို့ ပါ၀င်နိုင်သည်။ပါဝင်နိုင်သည်။ သုံးစွဲခြင်းအား ရပ်တန့်လိုက်ပါက ဆေးဖြတ်ခြင်း လက္ခဏာများ ခံစားရနိုင်သည်။ ဘိန်းစာရွက်ချည်းသက်သက် အသုံးပြုခြင်း နှင့် အခြား ပစ္စည်းများဖြင့်‌ ရောနှောအသုံးပြုခြင်းကြောင့် သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။ ပြင်းထန်သော အဆိပ်အတောက်ဖြစ်စေမှုမှာ ရှားပါးပြီး ယေဘုယျအားဖြင့် ဆေးပမာဏအမြောက်အများအသုံးပြုခြင်း သို့မဟုတ် ဘိန်းစာရွက်ကို အခြား ပစ္စည်းများနှင့် အသုံးပြုသောအခါ၌ ဖြစ်စေတတ်သည်။
 
နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဘိန်းစာအပင်နှင့်အရွက်အား တရားမဝင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း [[FDA]] က ဘိန်းစာရွက်အား [[ဖြည့်စွက်စာ]]အဖြစ် အသုံးပြုရန် တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းကို တားမြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ ဘိန်းစာရွက် အသုံးပြုခြင်းမှ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်မှုဖြစ်နိုင်ချေနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်မှုများတိုးများလာနေသည်။ အချို့သောတရားစီရင်မှုများတွင် အဆိုပါအရွက်နှင့်အပင် ရောင်းချခြင်းနှင့်တင်သွင်းခြင်းကို ကန့်သတ်ထားသည်။ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များကလည်း သတိပေးချက်များထုတ်ပြန်ခဲ့ကြသည်။