၆၂၄၆
တည်းဖြတ်မှုများ
အရေးမကြီး (ပိဋကတ် သုံးပုံ ကဏ္ဍ ကို ပြောင်းလိုက်ပါပြီ။) |
အရေးမကြီး (link →သံယုတ္တနိကာယ (Collection of Connected Discourses)) |
||
သံယုတ္တနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၇၇၆၂-သုတ် ပါဝင်၍ ဘာဏဝါရအားဖြင့် ၁၀၀ ရှိသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၉၀၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) ကျမ်းတစ်ကျမ်းစီအား အကြောင်းအရာ တူရာတူရာအလိုက် သံယုတ္တခေါ် အခန်းများထပ်မံခွဲထားရာ ကျမ်း ၅-ကျမ်းတွင် စုစုပေါင်း သံယုတ် ၅၆-ခန်းပါဝင်သည်။ တစ်ဖန် ထိုသံယုတ်တို့ကိုလည်း သုတ် ၁၀-သုတ်ခန့်လျှင် ဝဂ္ဂ တစ်ခုစု၍ ထပ်မံခွဲထားပြန်သည်။
“သံယုတ္တ” ဟူသည် “အတူတကွယှဉ်တွဲပေါင်းစပ်ထားခြင်း”ဟု အဓိပ္ပါယ်ရသည်။ သံယုတ္တနိကာယသည် အကြောင်းအရာ တူညီသော သုတ္တန်များအား စုပေါင်းထားသော နိကာယ်ဖြစ်သည်။ ဥပမာအားဖြင့် သံယုတ္တနိကာယ်၏ ပထမတွဲ (သဂါထာဝဂ္ဂသံယုတ်ကျမ်း)သည် ဂါထာဖြင့် ဟောကြားထားသည့် တရားတော်များအား စုစည်းထားသည်။ ဤကျမ်းအားလည်း
နိဒါနဝဂ္ဂသံယုတ်ကျမ်းသည် အကြောင်း(နိဒါန)နှင့် အကျိုးဆက်စပ်ပုံ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် စပ်လျဉ်း၍ ဟောကြားထားသော တရားတော်များဖြစ်၍၊ ခန္ဓဝဂ္ဂသံယုတ်ကျမ်းသည် ခန္ဓာငါးပါးနှင့် ပတ်သက်၍ ဟောကြားထားသော တရားတော်များဖြစ်သည်။ သဠယတနဝဂ္ဂသံယုတ်ကျမ်းတွင် အာရုံသိမှုအတွေ့အကြုံ (experience)၏ အခြေခံဖြစ်သော ဗာဟိရာယတန (external bases) ခေါ် အာရုံခြောက်ပါးနှင့် အဇ္ဈတ္တိကာယတန (internal bases) ခေါ် ဒွါရခြောက်ပါးတို့နှင့် စပ်လျဉ်းသော တရားများဖြစ်သည်။
|
တည်းဖြတ်မှုများ