မြင့်မြတ်သော ရောမအင်ပါယာ အော့တိုး ၁: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
removed the other 3 kings to split
 
စာကြောင်း ၁ -
ရောမ သာသနာစောင့်နိုင်ငံတော်ကို အော့တိုးဘွဲ့ခံ ဧကရာဇ်လေးပါး အုပ်စိုးခဲ့သည်။ ပထမအော့တိုးဘုရင်သည် ခရစ် ၉၃၆ ခုနှစ်တွင် ဂျာမနီထီးနန်းကို ခမည်းတော်ထံမှ ဆက်ခံ စိုးစံသည်။ အော့တိုး-သ-ဂရိတ် ဟူသောဘွဲ့အမည်ဖြင့် ခေါ် တွင်၍ ရောမသာသနာစောင့်နိုင်ငံတော်၏ ဧကရာဇ်အဖြစ် ပထမဆုံးအုပ်စိုးရသော ဂျာမန်ဘုရင်ဖြစ်သည်။ ပထမအော့တိုး ဘုရင်လက်ထက်တွင် မိမိ၏အာဏာကို တော်လှန်ပုန်ကန်ကြ သော ဂျာမန်နယ်စား မင်းသားတို့အား အောင်မြင်စွာနှိမ်နင်း ခဲ့သည်။ ဟန်ဂေရီနိုင်ငံမှ မက်ဂျာလူမျိုးတို့ကလည်း ဂျာမနီ နိုင်ငံကို ကျူးကျော်တိုက်ခိုက်ကြသည်။ အော့တိုးဘုရင်သည် ၉၅၅ ခုနှစ်တွင် ဗားဗေးရီးယားနိုင်ငံ၊ လက်ချဖဲ တိုက်ပွဲ၌ မက်ဂျာတို့ကို အောင်မြင်ခဲ့လေသည်။
 
၉၆၂ ခုနှစ်တွင် အော့တိုးဘုရင်သည် အီတလီနိုင်ငံကို သိမ်းယူပြီးလျှင် ရောမသာသနာစောင့် နိုင်ငံတော်အဖြစ် ပြန်လည်တည်ထောင်၍ ဧကရာဇ်ဘွဲ့ကိုခံယူလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
ရောမ သာသနာစောင့်နိုင်ငံတော်ကို
အော့တိုးဘွဲ့ခံ ဧကရာဇ်လေးပါး အုပ်စိုးခဲ့သည်။
ပထမအော့တိုးဘုရင်သည် ခရစ်
၉၃၆ ခုနှစ်တွင် ဂျာမနီထီးနန်းကို ခမည်းတော်ထံမှ ဆက်ခံ
စိုးစံသည်။ အော့တိုး-သ-ဂရိတ် ဟူသောဘွဲ့အမည်ဖြင့် ခေါ်
တွင်၍ ရောမသာသနာစောင့်နိုင်ငံတော်၏ ဧကရာဇ်အဖြစ်
ပထမဆုံးအုပ်စိုးရသော ဂျာမန်ဘုရင်ဖြစ်သည်။ ပထမအော့တိုး
ဘုရင်လက်ထက်တွင် မိမိ၏အာဏာကို တော်လှန်ပုန်ကန်ကြ
သော ဂျာမန်နယ်စား မင်းသားတို့အား အောင်မြင်စွာနှိမ်နင်း
ခဲ့သည်။ ဟန်ဂေရီနိုင်ငံမှ မက်ဂျာလူမျိုးတို့ကလည်း ဂျာမနီ
နိုင်ငံကို ကျူးကျော်တိုက်ခိုက်ကြသည်။ အော့တိုးဘုရင်သည်
၉၅၅ ခုနှစ်တွင် ဗားဗေးရီးယားနိုင်ငံ၊ လက်ချဖဲ တိုက်ပွဲ၌
မက်ဂျာတို့ကို အောင်မြင်ခဲ့လေသည်။
 
၉၆၂ ခုနှစ်တွင် အော့တိုးဘုရင်သည် အီတလီနိုင်ငံကို
သိမ်းယူပြီးလျှင် ရောမသာသနာစောင့် နိုင်ငံတော်အဖြစ်
ပြန်လည်တည်ထောင်၍ ဧကရာဇ်ဘွဲ့ကိုခံယူလေသည်။
 
===အော့တိုးဘုရင်၊ ဒုတိယ (ခရစ် ၉၅၅-၉၈၃)===
ဒုတိယအော့တိုးဘုရင်သည် ပထမအော့တိုးဘုရင်၏ သားတော်
ဖြစ်၍ ၉၇၃ ခုနှစ်မှ ၉၈၃ ခုနှစ်အထိမင်းပြုသည်။ နန်းစံ ၁ဝ
နှစ်အတွင်း စစ်မက်ရေးရာဖြင့်သာ အချိန်ကုန်ခဲ့သည်။ အီတလီ
တောင်ပိုင်းသို့ နိုင်ငံကိုချဲ့ထွင်ရန် အားထုတ်ခဲ့သော်လည်း
ဂရိဧကရာဇ်က ဆာရဆင်တို့၏အကူအညီဖြင့် ဂျာမန်တပ်များကို
ခုခံတိုက်ခိုက်လေသည်။ အော့တိုးဘုရင်၏တပ်များ အရေးနိမ့်
သဖြင့် အီတလီတောင်ပိုင်းကို မသိမ်းသွင်းနိုင်ချေ။ လိုရိန်းနယ်
ကိုလည်း ပြင်သစ်တို့လက်သို့ ပေးအပ်ခဲ့ရသည်။
 
ဒုတိယအော့တိုးဘုရင်သည် ၉၈၃ ခုနှစ် ဒီဇင်ဘာလ ၇
ရက်နေ့တွင် ရောမမြို့၌ကွယ်လွန်၍ သူ၏ရုပ်အလောင်းကို
စိန်ပီတာဘုရားရှိခိုးကျောင်း၌ မြှုပ်နှံခဲ့လေသည်။
 
===အော့တိုးဘုရင်၊ တတိယ(ခရစ် ၉၈ဝ-၁ဝဝ၂)===
တတိယအော့တိုးဘုရင်သည် အသက် ၃ နှစ် အရွယ်တွင်
ခမည်းတော် ဒုတိယ အော့တိုးဘုရင်၏ ထီးနန်းအရိုက်အရာကို
ဆက်ခံရသည်။ အသက်ငယ်ရွယ်သူ ဖြစ်ခြင်းကြောင့် မယ်တော်
နှင့် ဘွားတော်တို့က တိုင်းပြည်ကို ရင်ခွင်ပိုက် အုပ်စိုးကြရ
သည်။ နောင်တွင် ဒုတိယ ဆီလဗက်စတာဟူသော ဘွဲ့ဖြင့်
ပုပ်ရဟန်းမင်းဖြစ်သွားသည့် ပညာရှိဂါးဗတ်ထံ၌ ပညာသင်ကြား
ခဲ့သည်။
 
၉၉၆ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ပုပ်ရဟန်းမင်း
ပဉ္စမ ဂရက်ဂရီကရောမမြို့၌ အော့တိုးဘုရင်အား ဧကရာဇ်
အဖြစ် ဘိသိက်မြောက်ခဲ့သည်။ ဒုတိယ အော့တိုးဘုရင်သည်
အီတလီနိုင်ငံ၌သာ စိုးစံနေထိုင်၍၊ ဂျာမနီနိုင်ငံကိုမူကား
လျစ်လျူရှုထားလေသည်။ ၁ဝဝ၂ ခုနှစ်ဇန်နဝါရီလ ၂၃ ရက်နေ့
အသက် ၂၂ နှစ်အရွယ်တွင် ကွယ်လွန်၍ ဤတွင်ဆက္ကဆန်
ဧကရာဇ်မင်းဆက်လည်းပြတ်လေသည်။
 
 
===အော့တိုးဘုရင်၊ စတုတ္ထ (ခရစ် ၁၁၇၄-၁၂ဝ၈)===
စတုတ္ထ
အော့တိုးဘုရင်သည် ဗာဗေးရီးယားနှင့် ဆက္ကဆိုနီနယ်စား
ဟင်နရီ၏ ဒုတိယသားတော်ဖြစ်၍၊ ဦးရီးတော် အင်္ဂလန်ပြည့်
ရှင် ပထမရစ်ချတ်၏ နန်းတော်၌ ကြီးပြင်းလာခဲ့ရသည်။
၁၁၉၈ ခုနှစ်တွင် ဂျာမန်ဘုရင်အဖြစ် ရွေးကောက်တင်မြေ|ာက်
ခြင်းခံရသည်။ ထို့နောက် ၁၂ဝ၉ ခုနှစ် အောက်တိုဘာလ ၄
ရက်နေ့တွင် ရောမမြို့၌ ဧကရာဇ်ဘွဲ့ကို ခံယူရရှိသည်။
သို့ရာတွင် အော့တိုးဘုရင်သည် ပုပ်ရဟန်းမင်းကို ဆန့်ကျင်
ဖက်ပြုသဖြင့် ၁၂၁ဝ ပြည့်နှစ်၌ ရဟန်းမင်းက သာသနာမှ
ထုတ်ပယ်၍ ဒုတိယ ဖရက်ဒရစ်ကို နန်းတင်လေသည်။
၁၂၁၄ ခုနှစ်တွင် အော့တိုးဘုရင်သည် ပြင်သစ်နိုင်ငံ
မြောက်ပိုင်း ဗူးပင်းတိုက်ပွဲ၌ အင်္ဂလန်ဘုရင် ဂျွန်နှင့်အတူ စစ်
ရှုံးခဲ့ပြီးနောက်၊ ၁၂၁၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင်
ကွယ်လွန်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
==ကိုးကား==
<references/>
 
[[Category:မြင့်မြတ်သော ရောမအင်ပါယာသခင်များ]]
 
[[Category:မြင့်မြတ်သော ရောမအင်ပါယာသခင်များ]]
{{Lifetime|၉၁၂|၉၇၃}}
{{stub}}