အထီးကျန်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''အထီးကျန်ခြင်း''' ဆိုတဲ့ စိတ်ခံစားမှုမျိုးကို လူသားတိုင်း ဘဝမှာ တစ်ချိန်ချိန် မှာ ကြုံတွေ့ခံစားကြရပါတယ်။ သား ၊ သမီးတွေ အိမ်ထောင်ခွဲသွားလို့ တစ်ယောက် တည်းကျန်ရစ်ခဲ့တဲ့အခါမျိုး ၊ ချစ်သူနဲ့ကွေကွင်းရလို့ အထီးကျန် လွမ်း ဆွတ်ရ တာမျိုး ၊ တစ်နယ်တစ်ကျေးကို ပညာရှာဖို့ပဲဖြစ်ဖြစ်၊ အလုပ်တာဝန်နဲ့ ပဲဖြစ်ဖြစ် လာရောက်စမှာ မိသားစုနဲ့ဝေးလို့[[မိသားစု]]နဲ့ဝေးလို့ အထီးကျန်သိမ်ငယ်မှုမျိုး ၊ ကျောင်းပြောင်း လာကာစ ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်တွေမရသေးခင် ကျောင်း အဟောင်းက သူငယ်ချင်းတွေကို လွမ်းဆွတ်ကာ အထီးကျန် သဖွယ် ခံစားနေ ရတာမျိုး တွေ တစ်ချိန်ချိန်မှာ ကြံုတွေ့ရတတ်ပါတယ်။
 
ဒဿနိကဗေဒပညာရှင်များရဲ့[[ဒဿနိကဗေဒ]]ပညာရှင်များရဲ့ အဆိုအရ အထီးကျန်ခြင်းဆိုတာဟာ အကောင်းလည်းမဟုတ် ၊ အဆိုးလည်းမဟုတ်ပါဘူး။ အထီးကျန်မှုဟာ စိတ် လှုပ်ရှားဖွယ်ကောင်းပြီး မိမိကိုယ်မိမိ သိမြင်လာတယ်လို့ ဆိုကြပါတယ်။ အထီးကျန်ခြင်းစိတ်ခံစားချက်ဟာ နာကြင်ခြင်း ဝေဒနာမျိုး မဟုတ်ဘဲ အထီးကျန်မှုကနေပြီး အကျိုးအမြတ် ရလာဒ်တွေရလာနိုင်ပါတယ်။ရလဒ်တွေရလာနိုင်ပါတယ်။ အထီးကျန်ခြင်း ဟာ လူသားဘဝရဲ့ တစ်စိတ်တစ်ဒေသ လို့ အတွေးအခေါ် ပညာရှင်တွေက ဆိုကြပါတယ်။
 
လူသားတစ်ယောက်ဖြစ်နေခြင်းကြောင့်အထီးကျန်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်လိုဘဝအစိတ်အပိုင်းမျိုးကိုရည်ညွှန်းတယ်ဆိုတာ ကို ရှင်းလင်း ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီအတွေးအခေါ်ဟာ အနောက် တိုင်း အတွေး အခေါ်ဖြစ်ပြီး အရှေ့တိုင်းအတွေးအခေါ်နဲ့ ခြားနားပါတယ်။ လူသားဘဝ ကို ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်ကြတဲ့အတွက် အနောက်တိုင်းအတွေးအခေါ်ရော အရှေ့တိုင်း အတွေးအခေါ်ပါ နှစ်မျိုးစလုံးမမှားကြဘဲ သူ့အကြောင်းပြချက်နဲ့ သူမှန်ကန်နေကြပါတယ်။ အနောက်တိုင်းအတွေးအခေါ်က လူသားတစ်ဦးဟာ သူကိုယ်ပိုင် အတ္တ (ego) နဲ့ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။