ဆင်ဖြူမရှင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၁၆ -
၁၂၄၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ( ၆ ) ရက်နေ့တွင် မင်းတုန်းမင်း နတ်ပြည်စံသောအခါ ၎င်းလဆန်း ( ၇ ) ရက်နေ့တွင် အသက် ( ၁၉ ) နှစ်၊ ( ၉ ) လ အရွယ်ရှိ သီပေါမင်းသား နန်းတက်လေသည်။ သီပေါမင်းသည် ဆင်ဖြူမရှင်၏ သမီးတော်သုံးပါးစလုံးကို လက်ဆက်ခဲ့လေသည်။ နောင်တွင် စုဖုရားကြီးမှာ ဥပေက္ခာပြုခြင်းခံခဲ့ရလေသည်။
 
သီပေါမင်းနန်းတက်၍ ( ၅ ) လ အကြာတွင် နန်းတွင်းတော် ဥယျာဉ်တော်တွင် ချုပ်ထားသော မင်းတုန်းမင်း၏ သားတော်၊ သမီးတော် ၊ မြေးတော်ပေါင်း (၄၀) ကျော်တို့ကို မြောက်ဒဝယ်ဗိုလ်ရနောင်မြို့စား ( မောင်တုတ် )၊ ၎င်း၏ညီ ပင်းသာမြို့စား (မောင်ပြောင်း)၊ ရွှေလက်ဝဲဗိုလ်၊ မာရဘင်ဗိုလ် စသော လက်သုံးတော်ကြီးကိုင်တို့က ခေါင်းဆောင် သုတ်သင် သတ်ပစ်လိုက်ကြသော လုပ်ရပ်တွင် ဆင်ဖြူမရှင် ( မိဖုရားကြီး စုဘုရားလတ်၏ မယ်တော် ) ၏ စီမံကိန်း ဖြစ်သည်ဟု အချို့က စွပ်စွဲကြလေသည် ။စွပ်စွဲကြလေသည်။ ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ သမိုင်းကထိက အဖြစ် ဆောင်ရွက်သွားဖူးသော ဒေဆိုင်း၏ အဆိုအားဖြင့်ကား ထိုမင်းညီမင်းသား တို့ကို အစုလိုက်သတ်ပစ်သည့် လုပ်ရပ်တွင် ဆင်ဖြူမရှင်မိဖုရားကြီးသည် နံပါတ်တစ်တရားခံပါ ဟု စွပ်စွဲရန် အထောက်အထားများ မပေါ်လွင်ပါဟု ဆိုထားသည်လည်း ရှိခဲ့လေသည်။
သီ ပေါမင်းနန်းတက်သော အခါ ယောက္ခမတော် ဆင်ဖြူမရှင်မိဖုရားကို အမြင့်မြို့စီရင်စု၊ ချောင်းဦးဆယ်ရွာရှိ ဘိုးတော်ဘုရားက ဆင်းသက်ပိုင်ဆိုင်သည့် လယ်ယာတော်နှင့် စလင်းမြို့၊ တလုတ်မြို့များကို အသုံးကံကျွေးပေးတော်မူ၏။ အမြင့်လေးမြို့ကို ထီးမိုးယဉ်ခံ၊ ဗန်းမော်မြို့၊ ဝန်းသိုမြို့များကိုလည်း အသုံးကံကျွေးပေးတော်မူ၏။