ဂိုအင်ကာ: တည်းဖြတ်မှု မူကွဲများ

Cleanup (1st step)
စာကြောင်း ၄၈ -
ဂိုအင်ကာသည် ပါရမီရင့်သန်သူဖြစ်သောကြောင့် ဦးဘခင် တရားပြပေးသည်ကို ကြိုးစားမှတ်ရှုခဲ့သည်။ ဤသို့ဖြင့် ထိုက်သင့်သော ငြိမ်းချမ်းမှုကို ရသွား၍ ၄င်း၏ဦးခေါင်းခဲဝေဒနာသည်လည်း လုံးဝမပေါ်ပေါက်တော့ပေ။
 
ဦးဂိုအင်ကာသည် ၄င်း၏ မိသားစုဝင်များကိုလည်း ကမ္မဋ္ဌာန်းတရားအား ထုတ်စေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များဖြစ်သွားကြသည်။ ဂိုအင်ကာ၏ ထူးခြားသော ပြောင်းလဲချက်ကို ကြားရပြီးနောက် ဓမ္မစေတီရိပ်သာသို့ အိန္ဒိယနွယ်ဖွားများစွာ ရောက်ရှိလာခဲ့ကြသည်။ ထိုသူများအတွက် ရိပ်သာမှဆရာများ တရားဟောရာတွင် စကားပြန်အဖြစ် ဆောင်ရွက်ရုံသာ မဟုတ်တော့ဘဲ၊ ၄င်းကိုယ်တိုင် တရားအရည်အသွေး အတော်အတန်ပြည့်စုံနေပြီဖြစ်သောကြောင့် ဦးဂိုအင်ကာအား ၄င်းတို့၏သာသနာပြုလုပ်ငန်းအစီအစဉ်တို့တွင် ထည့်သွင်းစဉ်းစားလာသည်။ နေ့ရောညပါ ၄င်းအား သွန်သင်ပြသပေး၍ များမကြာမီ ဦးဘခင်၏ ယုံကြည်စိတ်ချရသော တပည့်တစ်ဦး ဖြစ်လာခဲ့သည်။
ဦးဂိုအင်ကာသည် ၄င်းနှင့်အတူ မိသားစုအားလုံးအား ဆရာကြီးထံမှောက်သို့ ခေါ်လာပြီးလျှင် ဗုဒ္ဓဘာသာကမ္မဋ္ဌာန်းတရားများအား ထုတ်စေသည်။ ၄င်းတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သွားကြပြန်သည်။ ဂိုအင် ကာ၏ထူးခြားသော ပြောင်းလဲချက်ကို ကြားနာရပြီးနောက် ဓမ္မစေတီရိပ်သာသို့ အိန္ဒိယနွယ်ဖွားများစွာ ရောက်ရှိလာခဲ့ကြသည်။
 
အိန္ဒိယနွယ်ဖွားများတရားအားထုတ်စဉ် ဂိုအင်ကာသည် ဆရာကြီးနှင့်ဆရာမအနီးတွင် အမြဲရှိနေသည်။ တရားဟောရာတွင် စကားပြန်အဖြစ် ဆောင်ရွက်ရုံသာ မဟုတ်တော့ဘဲ၊ ၄င်းကိုယ်တိုင် တရားအရည်အသွေး အတော်အတန်ပြည့်စုံနေပြီဖြစ်ရကာ အသိ ဥာဏ်ထက်မြက်လှသော ဂိုအင်ကာအား ၄င်း၏သာသနာပြုလုပ်ငန်းအစီအစဉ်တို့တွင် ထည့်သွင်းစဉ်းစားလာသည်။ နေ့ရောညပါ ၄င်းအားသွန်သင်ပြသပေး၍ များမကြာမီ ဆရာကြီး ယုံကြည်စိတ်ချရသော တပည့်ကောင်း တစ်ယောက်ဖြစ်လာတော့သည်။
===တရားပြခြင်း===
ထို့နောက် ၁၉၆၇ ခုနှစ် ဇန်နဝါရီလရောက်လျှင် မန္တလေးပရိသတ်အား တရားပြပေးရာ၌ ဂိုအင်ကာအား စကားပြန် အဖြစ်သာမက ဆရာကြီးတရားပေးပြီးနောက်ပိုင်း၌ တရားစစ်ဆေးခြင်းလုပ်ငန်းများ၊ အခက်အခဲမျာ အား ကူညီဖြေရှင်းပေးသည့်လုပ်ငန်းများကို ဂိုအင်ကာအားယုံကြည်စွာလွှဲအပ်ခဲ့သည်။ ဤသို့ဖြင့် ဆရာကြီး၏နယ်လှည့်တရားပြပေးသော လုပ်ငန်းကြီး ချောမောအောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။