သစ်တောဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၂၂ -
နိုင်ငံတော်၏ သစ်တောများကို စနစ်တကျ စီမံခန့်ခွဲ အုပ် ချုပ်ရန်အတွက် သစ်တောဌာနကို ၁၈၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က သစ်တောဌာန၏ တာဝန်ဝတ္တရားများမှာ သဘာဝသစ်တောကြီးများအား ပြုစုထိန်းသိမ်းခြင်းနှင့် အဖိုး တန် ကျွန်းနှင့် သစ်မာများကို စနစ်တကျထုတ်ယူသုံးစွဲရေးအတွက် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း များသာ ဖြစ်သည်။ ၁၈၅၆ ခုနှစ်တွင် ပဲခူးပြည့်နယ် သစ်တောဝန်ထောက်တာဝန်ကို ဒေါက်တာမက္ကလဲလင်းထံမှ ဂျာမန်သစ်တောပညာရှင် ဒေါက်တာဒီးထရစ်ဘရန်းဒစ်သို့ လွဲပြောင်းပြီးနောက် ၎င်းအား တနင်္သာရီနှင့် မုတ္တမ သစ်တောနယ်များကိုပါ အုပ်ချုပ်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်မှစ၍ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း သစ်တောများကို သိပ္ပံပညာအရ ရှေးဦးဆုံး စတင် အုပ်ချုပ်လုပ်ကိုင်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။
 
၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် ပိုမိုပြည့်စုံသော သစ်တောစည်းမျဉ်းများကို ဗြိတိသျှအစိုးရမှ အတည်ပြု ထုတ်ပြန်ခဲ့ရာ ကျွန်းသစ်ပေါက်ရောက်သည့် သစ်တော အားလုံးနီးပါး သိပ္ပံနည်းကျ အုပ်ချုပ်လုပ်ကိုင်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ သစ်တောထိမ်းသိမ်းရေးဆိုင်ရာမူဝါဒ ပေါ်ပေါက်လာခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် "၁၈၆၅ ခုနှစ် အစိုးရသစ်တောများ အက်ဥပဒေ" ကိုရေးဆွဲ ထုတ်ပြန်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် မြန်မာပြည်အတွက် သီးခြား သစ်တောဥပဒေကို ဥပဒေအမှတ် ၁၉ အဖြစ်ဖြင့် ထုတ်ပြန်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ များ အထက်မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အထက်မြန်မာပြည် သစ်တောဥပဒေ စည်မျဉ်းကို ထုတ်ပြန်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးစတင်ခဲ့ပြီးနောက် သစ်တောဝန်ကြီးဌာနကို ထူထောင်ပြီး သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့သည်။ <ref>{{cite web|url=http://www.fdmoecaf.gov.mm/content/%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%81%8F-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8|title=သစ်တောဦးစီးဌာန ၏ သမိုင်းအကျဉ်း|publisher=သစ်တောဦးစီးဌာန|accessdate=၂၀၁၄-၁၀-၂၆|archivedate=23 October 2014|archiveurl=https://web.archive.org/web/20141023192906/http://www.fdmoecaf.gov.mm/content/%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%81%8F-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8}}</ref>
 
၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ်သစ်အရ သစ်တောဌာနကို သစ်တောဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး သမားရိုးကျလုပ်ငန်းများဖြစ်သော သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကို စနစ်တကျထုတ်လုပ်ခြင်းများအပြင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကိုပါ တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့သည့်အပြင် စီမံကိန်းလုပ်ငန်းအသစ်များကိုလည်း တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ ပိုမိုတိုးတက်များပြားလာသည့် လုပ်ငန်းတာဝန်များကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။