ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 37.111.9.11 (ဆွေးနွေး) ၏ တည်းဖြတ်မူ 562085 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၄၆ -
၁၉၂၅ ခုပထမအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။
၁၉၂၇ ခုနှစ်တွင်မူ ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ မင်းတိုင်ပင် အမတ်အဖြစ် အရွေးခံရသည်။
၁၉၂၉ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီဦးပု ကို အနိုင်ရကာ လွှတ်တော်အမတ် အဖြစ်ဆက်လက် အရွေးခံရသည်။ တောင်သူလယ်သမား တော်လှန်ရေး ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက်များ အတွက် ရှေ့နေလိုက်ပေးခဲ့သည်။<ref name="ms">{{cite book|author=Martin Smith|year=1991|title=Burma - Insurgency and the Politics of Ethnicity|publisher=Zed Books|location=London and New Jersey|pages=91, 73–74, 77, 92, 65, 69}}</ref> <ref>{{Cite web |title=မော်ကွန်းတင်ပြီးမိတ္တူ |url=http://www.yeyintnge.com/2010_07_16_archive.html |accessdate=4 April 2011 |archivedate=29 April 2011 |archiveurl=https://web.archive.org/web/20110429194236/http://www.yeyintnge.com/2010_07_16_archive.html }}</ref>
 
၁၉၃၁ ခုနှစ် ဥပဒေပြုကောင်စီတွင် ဦးစောသည် [[ဂဠုန်ဆရာစံ]]၏ တောင်သူလယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်ရက် ရောရော နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် [[မြန်မာပြည်]]အရေး စာအုပ်တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုခံရသည်။ သာယာဝတီ တောင်ပိုင်းအမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ်မြန်မာပြည်အရေး” စာအုပ်ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။ ဥပဒေပြုလွှတ်တော် အစည်းအဝေး တွင်လည်း ဆရာစံ တောင်သူလယ်သမား ပုန်ကန်မှုနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများကို ပြင်းပြင်း ထန်ထန်ဝေဖန် ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် “မစ္စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) ကဦးစောအား “မောင်စော ဂဠုန်ဖြစ်လာပြီ”ဟု ပြောရာမှ “ဂဠုန်ဦးစော”ဟု အမည်တွင် လာသည်။