ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၅၁ -
 
===ဇီဝမျိုးကွဲများ===
[[File:Monkey Mother and Child - Phnom Pros (Man Hill) - Outside Kampong Cham - Cambodia (48354787692).jpg|thumb|ကမ်ပုံးချန်ပြည်နယ် ဖနွမ်ပရော့စ်တွင် တွေ့ရသော မျောက်များ]]
 
ကမ္ဘောဒီးယားနိုင်ငံ၏ ဇီဝမျိုးကွဲများသည် အပူပိုင်း ရွက်ကြွေတောများတွင်တွေ့ရပြီး မှတ်တမ်းရှိသော သစ်ပင်မျိုးစိတ်ပေါင်း ၁၈၀ နှင့် ရိုင်ပေးရီးယန်း ဂေဟစနစ်တို့ ရှိကြသည်။ နို့တိုက်သတ္တဝါမျိုးစိတ် ၂၁၂ မျိုး၊ ငှက်မျိုးစိတ် ၅၃၆ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၄၀ မျိုး၊ ရေချိုငါးမျိုးစိတ် ၈၅၀မျိုး (တုန်နယ်ဆပ် ရေကန်ဒေသ) နှင့် ပင်လယ်ငါးမျိုးစိတ် ၄၃၅မျိုးတို့ အား သိပ္ပံနည်းကျ မှတ်တမ်းတင်ထားသည်။ ဇီဝမျိုးကွဲအများစုသည် တုန်နယ်ဆပ် ရေကန်ဒေသနှင့် ပတ်ဝန်းကျင် ဇီဝရပ်ဝန်းဒေသတို့တွင် တွေ့ရသည်။<ref>[https://archive.today/20110728131701/http://www.tsbr-ed.org/english/online_catalogue/textual_detail.asp?ref=141 Tonle Sap Biosphere Reserve: perspective 2000], Mekong River Commission (MRC), 1 March 2003.</ref>
 
တုန်နယ်ဆပ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေမှာ တုန်နယ်ဆပ်ရေကန်များ၏ ပတ်ဝန်းကျင်တွင် ဖြစ်သည်။ ၎င်းတို့တွင် ရေကန်များနှင့် ပြည်နယ် ကိုးခုဖြစ်သော ကမ်ပုံးသွန်၊ ဆီရမ်ယိ၊ ဘာတန်ဘန်၊ ပါဆတ်၊ ကမ်ပုံးချနန်၊ ဘန်တေး မီချေး၊ ပိုင်လင်း၊ အော့ဒါ မီချေး နှင့် ပရီရာ ဗီဟီးယား ပြည်နယ်တို့ ပါဝင်သည်။ ၁၉၉၇ ခုနှစ်တွင် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေ အဖြစ် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့သည်။ <ref>[https://web.archive.org/web/20090318002520/http://www.unesco.org/mab/doc/brs/BRlist2008.pdf Complete list of biosphere reserves. Publication Date: 3 November 2008, retrieved from UNESCO website]. (PDF) . Retrieved on 5 July 2015.</ref> အခြား တိရစ္ဆာန်တို့ ကျက်စားရာ နေရာများမှာ မွန်ဒိုကီရီပြည်နယ်ရှိ အမြဲစိမ်း နှင့် ခြောက်သွေ့ အင်ကညင်သစ်တောများ အတွင်းရှိ ကီရို ဆေးမား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ၊ ဖနွမ်ပရစ်ချ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဆရီပေါ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး နယ်မြေ တို့ ဖြစ်ကြပြီး ရာတာနာကီရီ ပြည်နယ်နှင့် ပရီရာ မိုနီဗွန် အမျိုးသားဥယျာဉ်၊ ဘိုတမ်-စာကော အမျိုးသားဥယျာဉ်၊ ဖနွမ် အော်ရယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဖနွမ်ဆမ်ကော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ တို့ ပါဝင်သော ကာဒါမွန်တောင်ကုန်း ဂေဟစနစ်တို့ ဖြစ်ကြသည်။
 
===သဘာဝပတ်ဝန်းကျင်===