ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၇၀ -
 
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၁.၃ % ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွင် အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေများလည်း အများအပြားပါဝင်ပြီး မျိုးသုဉ်းရန်စိုးရိမ်ရသော တိရစ္ဆာန်နှင့် ဒေသရင်းနေ တိရစ္ဆာန် မျိုးစိတ် အများအပြားမှာ စားကျက်မြေ နည်းပါးလာခြင်းကြောင့် မျိုးသုဉ်းရမည့် အခြေအနေဖြင့် ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘောဒီးယားရှိ သစ်တောပြုန်းတီးရခြင်းအတွက် အကြောင်းအရင်း များစွာ ရှိပြီး ၎င်းတို့ထဲတွင် တရားမဝင် သစ်ခုတ်ခြင်း မှစ၍ ဆောက်လုပ်ရေးစီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန်အတွက် ကြီးမားစွာ ရှင်းလင်းမှုများကြောင့် ဖြစ်သည်။ တကမ္ဘာလုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သော မြေရှင်းလင်းခြင်းမှာ ကမ္ဘောဒီးယားတွင် နေရာအနှံ့အပြား ဖြစ်ပွားလျှက် ရှိသည်။ သစ်တောပြုန်းတီးရခြင်းတွင် ဒေသခံပြည်သူများ၊ ကမ္ဘောဒီးယားရှိ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအာဏာပိုင်များ အပြင် တကမ္ဘာလုံးမှ နိုင်ငံတကာ ကော်ပိုရေးရှင်းများလည်း ပါဝင်ပတ်သက်နေသည်။<ref>{{cite web|url=http://www.illegal-logging.info/regions/cambodia|title=Cambodia|publisher=Chatham House, The Royal Institute of International affairs|date=2015|access-date= 6 September 2016}}</ref><ref>{{cite web|url=https://www.globalwitness.org/en-gb/archive/cambodian-government-authorises-clear-cutting-national-park/|title=Cambodian Government Authorises Clear-Cutting in National Park|publisher=Global Witness|date=9 July 2004|access-date=6 September 2016}}</ref>
 
မဟာမဲခေါင်ဒေသတွင် အထူးသဖြင့် လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေး တည်ဆောက်မှုလုပ်ငန်းများကြောင့် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အစားအသောက် ရရှိမှုကို အန္တရာယ် အစစ်အမှန် အဖြစ် ခြိမ်းခြောက်လျှက် ရှိသည်။ မြစ်အထက်ပိုင်းမှ ဆည်များ တည်ဆောက်မှုကြောင့် ကမ္ဘောဒီးယား၏ အဓိက ပရိုတိန်းအတွက် ပံ့ပိုးပေးနေသော ငါးများကို အန္တရာယ် ဖြစ်စေပြီး ဗီယက်နမ်နိုင်ငံမှ ဆန်စပါးစိုက်ပျိုးရေးအတွက် လိုအပ်သော မဲခေါင်မြစ်မှ နုန်းမြေကိုလည်း လျော့ကျစေသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော ရေချိုကန်ဖြစ်သည့် တုန်နယ်ဆပ်မှ ကြွယ်ဝသော ငါးမျိုးစုံတို့သည် ချို့တဲ့သော နိုင်ငံ၏ ပရိုတိန်းကို အများစု ပံ့ပိုးပေးသည်။ ထိုကန်များသည် ပုံမှန် မဟုတ်ပေ။ ခြောက်သွေ့သော ရာသီဥတုတွင် ပျောက်ကွယ်သွားပြီး မိုးရွာ၍ မဲခေါင်မြစ်မှ ရေစီးသည့်အခါတွင် ကျယ်ပြန့်စွာ ချဲ့ကားသွားခဲ့သည်။ ဝါရှင်တန် တက္ကသိုလ်မှ ပါမောက္ခဖြစ်သော ဂေါ်ဒွန် ဟို့ဂရိ မှ "ဒီငါးတွေဟာ သူတို့အသက်ရှင်သန်ရေးအတွက် အရမ်းအရေးကြီးတယ်။ စီးပွားရေးဘက်ကပဲ ကြည့်ကြည့်။ အာဟာရဘက်ကပဲ ကြည့်ကြည့်။" ဟု ပြောပြီး မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သော သို့မဟုတ် တည်ဆောက်နေသည့် မည်သည့်ဆည်မဆို ငါးများအတွက် ကောင်းသောအလားအလာ မဟုတ် ဟု သူက ဆိုခဲ့သည်။<ref>{{cite web|url=https://foreignpolicy.com/articles/2014/06/06/cambodia_sleeps_with_the_fishes|title=Cambodia Sleeps With the Fishes|date=6 June 2014|work=Foreign Policy|access-date=28 October 2014}}</ref>
 
== နိုင်ငံရေး==