သင်္သကရိုက်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး transfer some texts from သက္ကတနှင့်ပါဠိဘာသာ
အရေးမကြီးNo edit summary
စာကြောင်း ၈ -
 
ဤသို့သဒ္ဒါနည်း၊ အလင်္ကာနည်း၊ ဆန်းနည်းတို့ဖြင့် ထည်ဝါခံ့ညားစွာ မားမားမတ်မတ် တည်နေသော ဘာသာကြီးတစ်ရပ်ဖြစ်နေသည့်အလျောက် အိန္ဒိယနိုင်ငံတွင် ထိပ်တန်းသို့ ရောက်ရှိနေသည့်နှင့်အညီ ရှေးရှေးပညာရှိကြီး များသည် ယင်းဘာသာနှင့်ပင် ဆေးဝါးဘက်ဆိုင်ရာ၊ နက္ခတ်ဗေဒင်ဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာစသော အဖိုးတန် ပညာရပ်များကိုရေးသားပြုစုထားခဲ့ကြပေသည်။ ထိုကြောင့် သူငါကစ ကြားဖူးနေကြသော ဝိဇ္ဇာခေါ် နှုတ်မှုပညာ ၁၈မျိုးကို ဗသဏုပုရာဏ်စသော သက္ကတကျမ်းစာများ၌လည်းကောင်း၊ သိပ္ပံခေါ်လက်မှုပညာ ၃၂မျိုး၊ ၆၄မျိုးတို့ကို သုကြနီတိစသော သက္ကတကျမ်းစာများ၌လည်းကောင်း အပြည့်အစုံတွေ့ရှိ နိုင်လေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ထင်ရှားကျော်စောလျက် ရှိနေသော ဗြို့ဟပ်၊ ရာဇမတ္တဏ်စသောဗေဒင်ကျမ်း၊ သုဿုတ၊ သာရကောမုဒိ စသောဆေးကျမ်းများမှာလည်း သက္ကတဘာသာ ကျမ်းများပင် ဖြစ်လေသည်။ များစွာသောဗေဒင်ကျမ်း ဆေးကျမ်းတို့မှာ မြန်မာပြန်ထားသည်တို့ကို တွေ့ရလေသည်။ ယင်းသို့မြန်မာတို့၏ ဆေးပညာဗေဒင်ပညာတို့သည်လည်း သက္ကတကိုများသောအားဖြင့် မှီငြမ်းပြုရကြောင်းထင်ရှား လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
==ကိုးကား==
{{reflist}}
 
[[Category:သင်္သကရိုက်ဘာသာစကား]]