မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး မောင်ထော်လေး၊ စစ်ကဲ စာမျက်နှာကို မောင်ထော်လေး (စစ်ကဲ) သို့ မျိုးကြည်သာက ရွှေ့ခဲ့သည်: ဆောင်းပါးအမည်ပေးစနစ်နှင့် ကိုက်ညီစေရန်
အရေးမကြီး →‎ဘဝနိဂုံး
စာကြောင်း ၆၂ -
 
== ဘဝနိဂုံး ==
[[ဖိုင်:Moulmeinfromgreatpagoda.JPG|thumb|ခရစ်နှစ် ၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင် မော်လမြိုင်မြို့]]
အသက် ၇၇ နှစ် အရွယ်သို့ ရောက်သောအခါ ဇရာထောင်းလာသောကြောင့် ဦးထော်လေးသည် မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ဘဝမှ အငြိမ်းစားယူကာ ရန်ကုန်မြို့သို့ ရောက်လာနေထိုင်ခဲ့လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့တေးမြို့ ) သို့ သွားရောက်နေထိုင်ကာ တွံတေး ရွှေဆံတော် စေတီတော်ကို လှူဒါန်းခဲ့ပြန်လေသည်။ ဦးထော်လေးအား [[ဝိတိုရိယ ဘုရင်မ]] မှ ကျက်သရေဆောင် ရွှေစလွယ်မင်းဘွဲ့ကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဦးထော်လေးသည် ဒလ (တွံတေး) မြို့၌နေစဉ် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ (ခရစ်နှစ် ၁၈၆၇ ခုနှစ် ) အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်ဟု ဘီအာရ်ပန်း၏ ရန်ကုန်ရာဇဝင်တွင် ဆိုလေသည်။[၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့ ]]အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
 
 
== မျိုးဆက် ==