ကျော်သူ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၇ -
ကျော်သူ နှင့် သူ၏ဇနီးတို့သည် ၂၀ဝ၇ စက်တင်ဘာ ရဟန်းသံဃာများ ဆန့်ကျင်ဆန္ဒပြမှုကို လူသိရှင်ကြား ကူညီထောက်ခံခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။ သူသည် လန်ဒန်ရှိ မြန်မာအဖွဲ့အစည်း၏ ၂၀ဝ၉ ခုနှစ်အတွက်ပေးသော "လူထုအတွက်ရပ်တည်ပေးသော အနုပညာရှင်" ဆုကို ရရှိခဲ့သည်။
 
ဦးကျော်သူဦးစီးဆောင်ရွက်နေသော အခမဲ့နာရေးကူညီမှုအသင်းသည် နိုင်ငံသားအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသောသုများစွာကိုအကူညီပေးခဲ့ကြ၍ ဆန္ဒပြပွဲများအတွင်း လုံခြုံရေးဆောင်ရွက်သူများက ဆန္ဒပြပြည်သူများကို သတ်ဖြတ်မှုများစွာပြုလုပ်ခဲ့ကြသည့်အတွက် ရဲနှင့်စစ်သားများအပါအဝင် ၎င်းတို့၏မိသားစုဝင်များအား နာရေး၊ ကျန်မာရေးအကူညီများမပေးတော့ဟုလည်း ကြေညာခဲ့သည်။ တစ်ဖက်တွင် အာဏာသိမ်စစ်ကောင်စီက ရုံးမတက်သောဝန်ထမ်းများကို ဇွတ်အတင်းရုံးပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်ကြ၏ ။ အကျိုးဆက်အနေဖြင့် အခမဲ့နာရေးကူညီမှုအသင်း၏ရုံးအား ညနက်သန်းခေါင်အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ထိုရုံးအတွင်းတွင် ရှိနေသောသူများကို ရိုက်နှက်နှိပ်စက်ခဲ့ကြသည့်အပြင် ကွန်ပျူတာနှင့် အခြားပစ္စည်းများကိုလည်း အဓ္ဓမသိမ်းယူသွားခဲ့ကြသည်။အဓမ္မသိမ်းယူသွားခဲ့ကြသည်။ ၂၀၂၁ မတ်လ ၄ ၌ ဦးကျော်သူကို ဝန်ထမ်းများရုံးမတက်ရာတွင် အားပေးအားမြှောက်ပြုသည်ဟုသော အကြောင်းပြချက်ဖြင့် ပုဒ်မ ၅၀၅ (က) ထုတ်ကာ ပြစ်တင်စွပ်စွဲထားသည်။ ၎င်း၏ဇနီးဖြစ်သူ၊ အသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေကိုလည်း ဖေဖော်ဝါရီ ၂၅ ၌ အဆိုပါပုဒ်မဖြင့်ပင် စစ်ကောင်စီက တရားစွဲဆိုခဲ့ကြသည်။<ref>{{cite news|title=Myanmar Military Sues Charity for Supporting Civil Servants on Strike|url=https://www.irrawaddy.com/news/burma/myanmar-military-sues-charity-supporting-civil-servants-strike.html|work=The Irrawaddy|date=8 March 2021}}</ref>
 
== ဓာတ်ပုံများ ==