ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး CS1 ရက်စွဲအမှားပြင်ဆင်ခြင်း
No edit summary
စာကြောင်း ၉ -
|building_type =
|embedded = {{Designation list|embed=yes|designation1=Yangon}}
|height=၁၅၁ ပေ (ဥာဏ်တော်)}}
}}
 
'''ဆူးလေစေတီတော်''' သည် မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်၍၊ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုစေတီတော်ကို မဏ္ဍိုင်ပြု၍ အရှေ့ဘက်မှ အနောက်ဘက်သို့ [[မဟာဗန္ဓုလလမ်း]]သည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။ ဆူးလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။ ဉာဏ်တော် ၁၅၁-ပေ ရှိသည်။
စာကြောင်း ၁၇ -
 
== အမည်ရင်းမြစ် ==
ဆူးလေဟူသောအမည်မှာ စုဝေးမှတစ်ဆင့် ကာလရွေ့လျောသဖြင့် ပြောင်းလဲလာသော အမည်ဖြစ်သည်။'အမည်ဖြစ်သည် ဟုဆိုကြသည်။ သို့သော် ဓမ္မစေတီ မင်းလက်ထက် သက္ကရာဇ် ၈၃၈ ခုနှစ်လောက်တွင် (ခရစ် ၁၄၈၅ ခုနှစ်) ရေးထိုးခဲ့သော ရွှေတိဂုံသမိုင်းကျောက်စာ၌ စုဝေးစေတီအကြောင်း စိုးစဉ်းမျှမပါရှိချေ။ အခြားသမိုင်း အဆိုတစ်ရပ်မှာ ကျိုက္ကစံဘုရားသမိုင်းတွင်ပါသည့် အာဘော်အရ ဤသို့ဖြစ်၏။ 'တတိယသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်ပြည်၌ကျင်းပပြီးနောက် ဗုဒ္ဓသာသနာသည် သီဟိုဠ်ကျွန်းသို့ ရောက် ရှိလာ၏။ သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာ ၈ ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်နိုင်သော ပတ္တမြားကိုယူဆောင်ရန် သထုံမြို့သို့ ရောက်ရှိနေသည့်အတွက် သံလျင်မြို့သို့ သွားယူရလေသည်။ ရဟန္တာရှစ်ပါး သည် ထိုပတ္တမြားကိုရရှိသဖြင့် တုံ့ပြန်ကျေးဇူးပြုလို၍ သီဟိုဠ်ကျွန်းမှ ဆောင်ယူခဲ့သော မြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်အချို့ကို သံလျင်မင်းဘောဂသေနအား ပေးလေ၏။ ထို့နောက် ထိုရဟန္တာရှစ်ပါး ကြည့်ကြပ်ဦးစီး၍ပင် ထိုဆံတော်ဓာတ်တော်များကို စေတီတည်ကြ၏။ ရှေးဦးစွာ သိင်္ဂုတ္တရကုန်း၏ အရှေ့မြောက်ယွန်းတွင် ဆံတော် ၆ ဆူနှင့် ဓာတ်တော် အချို့ကိုဌာပနာ၍ ကျိုက္ကစံစေတီတည်၏။ ထို့နောက် ရွှေတိဂုံဘုရား တောင်ဘက်အနီးတွင် ရဟန္တာသိမ်တော်ကြီးတစ်ခုနှင့် ယခုအခါ သိမ်ကြီးဈေးအနီးရှိ သိမ်တော်ကြီး တစ်ခုကို တည်ဆောက်ကြသည်။
 
ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲတော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။ ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။' ကျိုက်အသုတ် ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် 'အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏'ဟူ၍၎င်း၊ ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် 'ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။'ဟူ၍၎င်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။ ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့ ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။ အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။ စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။ စေတီတော်ဝန်းကျင်တွင် ဆူးလေပင်များ ပေါက်ရောက်နေသဖြင့် ဆူးလေစေတီတော်ဟု ထင်ရှားကြောင်း အချို့ကလည်း ဆိုကြသည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၂|date=ဒီဇင်ဘာ ၂၀၁၃}}</ref>
စာကြောင်း ၄၆ -
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ '''အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချိုစေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြသည်။''' အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြသည်။
 
သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီး(Queen Victoria) က `'ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ၊ ဆူးလေစေတီအား ကွေ့ပတ်သွားရမည်´' ဟု အမိန့်ပြန်ကြားခဲ့သည်။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ဝတ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ဝတ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့သည်။ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဌာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်သည်။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် [[ဂန္ဓကုဋိ|ဂန္ဓကုဋိတိုက်]] တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရသည်။ '''နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှုကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမစသည့် အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။'''
 
==ဆူးလေဘိုးဘိုးကြီး သမိုင်း==