အမိမြေအတွက်သီချင်းဆိုခြင်း: တည်းဖြတ်မှု မူကွဲများ

"Ode to the Motherland" စာမျက်နှာကို ဘာသာပြန်ရင်း ဖန်တီးခဲ့သည်
(ကွဲပြားမှု မရှိ)

၀၈:၅၅၊ ၂၃ ဧပြီ ၂၀၂၁ ရက်နေ့က မူ

" အမိမြေအတွက်သီချင်းဆိုခြင်း " [၁] သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထင်ရှားသောမျိုးချစ်တေးသီချင်း တစ်ပုဒ်ဖြစ်ပြီး [၂] ဝမ်ဆင် (၁၉၁၈ အောက်တိုဘာ ၂၆ မှ ၂၀၀၇ အောက်တိုဘာ ၁၅၊ ၂၀၀၇) မှ တရုတ်ပြည့်သူသမ္မတနိုင်ငံ စတင်တည်ထောင်သည့် ၁၉၅၀ နှစ်ဝန်းကျင်တွင်ရေးသားခဲ့သော တေးသီချင်းဖြစ်သည်။ အဆိုပါ တေးသီချင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)၏ ဒုတိယမြောက် နိုင်ငံတော်သီချင်းအဖြစ် တင်စားခံရသည် အထိ နိုင်ငံရေးပွဲ အခမ်းအနားများ ၊ အလံတော်တင်အခမ်းအနားများ နှင့် နိုင်ငံရေးဆက်စပ် အခမ်းအနားများတွင် သီဆိုလေ့ရှိသည်။ [၃] ၂၀၀၈ နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာလည်း သီဆိုခဲ့သည်။ [၄]

"Ode to the Motherland"
သီချင်း
ရေးသားခဲ့၁၉၅၀
အမျိုးအစားမျိုးချစ်တေး
တေးရေးဆရာဝမ်ဆင်

၎င်းသည် တရုတ်အမျိုးသားရေဒီယို (新闻和报纸摘要) နှင့် National Network News (全国新闻联播) ၏ အစီအစဥ်အဖွင့်တေးလည်း ဖြစ်သည်။ ထို့အပြင် ၎င်းကို CNR ၏ရေဒီယိုလိုင်းအချို့၏ အပိတ်တေး အဖြစ်လည်း သုံးကြသည်။

၁၉၆၀နှစ် တရုတ်-မြန်မာ နယ်နမိတ် စာချုပ်အောင်မြင်ခြင်းအထိမ်းအမှတ် ကျင်းပသော ပဒေသာကပွဲမှ မြန်မာဘက်မှ ဦးအံ့ကြီးမှ သီဆိုခဲ့ဖူးသည်။

ကိုးကား

 

ပြင်ပလင့်များ