ချစ်နိုင် (စိတ်ပညာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး "ချစ်နိုင် (စိတ်ပညာ)" ကို က ကာကွယ်ခဲ့သည် ([ပြင်ဆင်ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] (အနန္တ) [ရွှေ့ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] (အနန္တ))
a new section
စာကြောင်း ၃၉ -
'''ချစ်နိုင် (စိတ်ပညာ)''' ( ဒီဇင်ဘာ ၁၉၄၈ မွေးဖွား) သည် [[တပ်မတော်အစိုးရ (၂၀၂၁)|အာဏာသိမ်းစစ်အစိုးရ]]၏ ပြန်ကြားရေးဝန်ကြီး ဖြစ်သည်။
 
==ဘဝအကျဉ်း==
===ငယ်ဘဝ===
[[မကွေးတိုင်း]] ချောက်မြို့နယ် ကြီးနီးကျေးရွာတွင်အဖ ဦးမာတင် အမိဒေါ်အေးသ တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ တွင်မွေးဖွားခဲ့သည် အမည်ရင်းဦးချစ်နိုင်ဖြစ်သည်။ ကြေးနီရွာအလယ်တန်း ကျောင်းချောက်မြို့အမှတ် (၁၁) အထက်တန်းကျောင်းနှင့် [[မန္တလေးတိုင်း|မန္တလေး]] ဝိဇ္ဇာ၊သိပ္ပံ၊ တက္ကသိုလ် တို့တွင်ပညာသင်ယူခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် စိတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
 
=== အမှုထမ်းဘဝ ===
၁၉၇၁ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်အမှု့ထမ်းခဲ့သည်။ လားရှိုး၊မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူးတပ်မြို့ နှင့် ကလောမြို့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ [[ရှမ်းပြည်နယ်]] အတွင်း ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ [[မလေးရှားနိုင်ငံ]]၊ ကွာလာလမ်းပူမြို့တော်ရှိ တပ်မတော်ဦးစီးတက္ကသိုလ်သို့ (၁)နှစ်ကြာ တက်ရောက်ခဲ့ဖူးသည်။
 
== လေ့လာခဲ့သောနိုင်ငံများ ==
[[မလေးရှားနိုင်ငံ]]၊ ကွာလာလမ်းပူမြို့တော်ရှိတပ်မတော် ဦးစီးတက္ကသိုလ်သို့ (၁)နှစ်ကြာ တက်ရောက်ခဲ့ပြီး [[ထိုင်းနိုင်ငံ|ယိုးဒယား]]နှင့် [[အင်ဒိုနီးရှား]]၊ နိုင်ငံများသို့ နှစ်ပတ်စီလေ့လာ ရေးသွားရောက်ခဲ့သည်။
 
=== ဝန်ကြီးရာထူး ===
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်မှ နိုင်ငံတော်အာဏာများကို သိမ်းယူပြီးနောက် အသစ်ဖွဲ့စည်းလိုက်သော [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|အာဏာသိမ်းစစ်ကောင်စီ]]၌ ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ပေးခြင်းခံခဲ့ရသည်။ စာရေးဆရာတစ်ဦးပင်ဖြစ်သော်လည်း ဝန်ကြီးဖြစ်လာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော သတင်းမီဒီယာများ၊ သတင်းထောက်များကို စတင်ဖြိုခွင်းခဲ့သည်။ ဒီဗီဘီ၊ မဇ္ဈိမ အပါအဝင် သတင်းမီဒီယာငါးခုကို ပိတ်ပင်ခဲ့၏ ။ ထို့အပြင် နိုင်ငံတော်ပိုင်၊ စစ်တပ်ပိုင်မီဒီယာများမှ သတင်းတုသတင်းမှားများကို ဖြန့်ချိခဲ့သည်။ ထို့အတွက်ကြောင့် ယူနက်စကိုတွင် တာဝန်ထမ်းဆောင်နေသော သမီးဖြစ်သူ နိုင်နိုင်အေးကို သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများက အလုပ်ထုတ်ရန်တောင်ဆိုခဲ့ကြရာ ယူနက်စကိုရုံးမှ သူမကို အလုပ်တာဝန်ယာယီရပ်နားပေးခဲ့ရသည်။ ဧပြီ ၁၉ ၌ [[ဥရောပသမဂ္ဂ]] (အီးယူ) က ချစ်နိုင် (စိတ်ပညာ) ကို မြန်မာနိုင်ငံရှိမီဒီယာများကို ဖြိုခွင်းမှု၊ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့့်မှု စသည်တို့တွင် တိုက်ရိုက်တာဝန်ရှိခြင်းတို့ကြောင့် အရေးယူဒဏ်ခတ်ခဲ့သည်။<ref>{{cite news|title=EU Sanctions 10 More Myanmar Regime Members But Some Still Missing |url=https://www.irrawaddy.com/news/burma/eu-sanctions-10-myanmar-regime-members-still-missing.html/amp |work=The Irrawaddy |date=20 April 2021}}</ref><ref>{{cite news|title=Social Media Campaign Shames Adult Children of Senior Myanmar Junta Members |url=https://www.irrawaddy.com/news/burma/social-media-campaign-shames-adult-children-senior-myanmar-junta-members.html/amp |work=The Irrawaddy |date=}}</ref>
 
== ထင်ရှားသောစာအုပ်များ ==
Line ၅၄ ⟶ ၅၅:
 
== စာပေနယ်ပယ် ==
== ထမ်းဆောင်နေသောစာပေတာဝန် ==
၁၉၉၉ ခုနှစ်တွင် [[မြန်မာနိုင်ငံ]] စာရေးဆရာ ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်၍ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] သို့ချစ်ကြည်ရေးသွားရောက်ခဲ့သည်။ စာပေတာဝန်အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှု့ဆောင် ကော်မတီတာဝန်ကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။<ref>[http://library.eainmathlaing.com/archives/category/%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC HugeDomains.com - Eainmathlaing.com is for sale (Eainmathlaing)<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>