ကပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
Paipaing7 (ဆွေးနွေး) ၏ တည်းဖြတ်မူ 656569 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁၁၅ -
 
အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတရားဆိုး သုံးပါးတို့သည်ပင် ကပ်ဆိုးကြီး သုံးပါးဖြစ်အောင် ထူထောင်သော အကြောင်းအရင်း ဖြစ်သည်။<ref name="depani"/>
 
==== '''အန္တာရကပ် ပေါင်း ၆၄ ကပ်''' ====
ဗုဒ္ဓဘာသာမှာ အခုလက်ရှိ လူသားတွေနေထိုင်သော ကမ္ဘာကို ဘဒ္ဒကမ္ဘာလို ့ခေါ်ပါတယ် (ကမ္ဘာတည်စကတည်းက)။ ပီးတော့ အခုလက်ရှိကမ္ဘာမှာ ဘုရား ၅ ဆူ ပွင့်ထွန်းပေါ်ပေါက်မှာဖြစ်လို ့ ဘဒ္ဒကမ္ဘာလို ့ခေါ်ဆိုပါတယ်။ ကမ္ဘာတစ်ခု စတင်ဖြစ်တည်တာနဲ ့ ဗြဟ္မာပြည်မှ အလွန်တန်ခိုးကြီးသော ဗြဟ္မာများဟာ ဤကမ္ဘာမှာ ဘုရား ဘယ်နှစ်ဆူ ပွင့်မလဲဆိုတာကို ကမ္ဘာဦးအစမှာ ပွင့်တဲ့ ပဒုမ္မာကြာပွင့်အရေအတွက်ကိုကြည့်ပြီး နိမိတ်ဖတ်ကြပါတယ်။ ပဒုမ္မာကြာပန်းပွင့်ဟာ တစ်ကမ္ဘာလုံးမှာ အမြင့်မြတ်ဆုံး နေရာဖြစ်တဲ့ ဘုရားရှင်တို ့ပွင့်ထွန်းပေါ်ပေါက်မည့် ဘူမိနက်သန် နရာမှာပဲ ပွင့်လေ့ရှိပါတယ်။ ဘူမိနက်သန် ရဲ ့အဓိပ္ပါယ်ဆိုတာ ကမ္ဘာတစ်ခု ပျက်ပြီဆိုလျှင် နောက်ဆုံးမှ ပျက်လေ့ရှိတဲ့နေရာဖြစ်ပြီး၊ ကမ္ဘာစတင် တည်ပြီဆိုရင် အရင်ဦးဆုံး ဖြစ်ပေါ်တဲ့နေရာကို ဘူမိနက်သန် လို ့ခေါ်ပါတယ်။ လက်တွေ ့အရ ပြောပြရရင် - ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ဟာ ဧဝရတ် တောင်ဖြစ်ပါတယ်။ ဘုရားပွင့်တဲ့ နိပေါ နိုင်ငံမှာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အနက်ဆုံးတောဟာ ဟိမဝန္တာတော ဖြစ်ပါတယ်။ ဘုရားပွင့်တဲ့ အိန္ဒိယ နိုင်ငံမှာ ရှိပါတယ်။ အဲဒီ့ နိုင်ငံ နှစ်နိုင်ငံကြား ဧဝရတ်တောင်အပါအဝင် ဟိမဝန္တာတော ရှိတဲ့ ယူဇနာ ၅၀၀ အကျယ်အဝန်း ကို ဘူမိနက်သန်နရာဌာန လို ့ခေါ်ပါတယ်။ ၁ ယူဇနာ = ပျမ်းမျှ ၁၂ မိုင် ခွဲ ရှိပါတယ်။ တချို ့ ၈မိုင်ခွဲလို ့ဆိုပါတယ်။ လက်ရှိအချိန်ထိ ဘုရား ၄ ဆူ ပွင့်ထွန်းပေါ်ပေါက်ပြီးပါပြီ။ နောင် အန္တရကပ် ၁ ကပ်ကြာလျှင် အရိမေတ္တယျ မြတ်စွာဘုရား ၁ ဆူ ပွင့်ထွန်းပေါ်ပေါက်ဖို ့ကျန်ရှိပါတယ်။ ပြီးမှ အန္တရကပ် ၅၁ ကပ်ကြာပြီးရင် အခု လက်ရှိကမ္ဘာကြီးသည်ပျက်ဆီးပါမယ်။ အခု လက်ရှိကမ္ဘာ ၁ ခုထဲမှာကို ပွင့်ထွန်းခဲ ့ပြီးတဲ ့ဘုရား ၄ ဆူ တို ့မှာ ၁) ကကုသန် မြတ်စွာဘုရား ( လူ တို ့၏ အသက်တမ်း အနှစ် ၄၀၀၀၀ (လေးသောင်း) မှာပွင့်ခဲ ့ပါတယ်။ ကမ္ဘာတည်ပြီးအချိန်မှ အန္တရကပ် ၉ ကပ်မြောက်မှာ ပွင့်ခဲ့ပါတယ်။ ၂) ကောဏဂုံ မြတ်စွာဘုရား ( လူ တို ့၏ အသက်တမ်း အနှစ် ၃၀၀၀၀ (သုံးသောင်း) မှာပွင့်ခဲ ့ပါတယ်။ ကမ္ဘာတည်ပြီးအချိန်မှ အန္တရကပ် ၁၀ ကပ်မြောက်မှာ ပွင့်ခဲ့ပါတယ်။ ၃) ကဿပ မြတ်စွာဘုရား ( လူ တို ့၏ အသက်တမ်း အနှစ် ၂၀၀၀၀ (နှစ်သောင်း) မှာပွင့်ခဲ ့ပါတယ်။ ကမ္ဘာတည်ပြီးအချိန်မှ အန္တရကပ် ၁၁ ကပ်မြောက်မှာ ပွင့်ခဲ့ပါတယ်။ ၄) ယခု လက်ရှိပွင့်ခဲ ့သော ဂေါတမ မြတ်စွာဘုရား ( လူတို ့၏ အသက်တမ်း အနှစ် ၁၀၀ (တစ်ရာ) မှာပွင့်ခဲ့ပါတယ်။ ကမ္ဘာတည်ပြီးအချိန်မှ အန္တရကပ် ၁၂ ကပ်မြောက်မှာ ပွင့်ခဲ့ပါတယ်။ BC 500 ကျော်လောက်မှာ ပွင့်ခဲ့ပါတယ်။ ယခုလက်ရှိ ရန်ကုန် မြို ့မှာ တည်ထားသော ရွေတိဂုံ စေတီတော်ဘုရားသည် အထက်ပါ ဘုရားရှင် ၄ ဆူ တို ့၏အသုံးအဆောင်များနှင့် ဂေါတမ ဘုရားရှင်၏ ဆံတော် ရှစ်ဆူကို ဌာပနာတည်ထားကြခြင်း ဖြစ်ပါတယ်။ ၅) နောင်မကြာမှီ ပွင့်မည့် အရိမေတ္တယျ မြတ်စွာဘုရားရှင်သည် ( လူတို ့၏ အသက်တမ်း ၈၀၀၀၀ (ရှစ်သောင်း) မှာ ပွင့်မှာဖြစ်ပါတယ်။ ကမ္ဘာတည်ပြီးအချိန်မှ အန္တရကပ် ၁၃ ကပ်မြောက်မှာ ပွင့်မည့် ဘုရားရှင်ဖြစ်ပါတယ်။ အခုလက်ရှိ အရိမေတ္တယျ ဘုရားအလောင်းတော်ဟာ နတ်ပြည် ၆ ထပ်၏ စတုတ္ထမြောက်ဖြစ်သော တုသိတာ နတ်ပြည် မှာ ဘုရားဖြစ်ဖို ့ အချိန်အခါကို စောင့်ဆိုင်းနေပါတယ်။ အရိမေတ္တယျ ဘုရားရှင်မွေးဖွားပွင့်ထွန်းမည့် နေရာဟာလည်း အခု အိန္ဒိယ နဲ ့ နိပေါ နှစ်နိုင်ငံကြားမှာပဲ ပွင့်မှာဖြစ်ပါတယ်။ အခုပြောပြခဲ့တာက အခုလက်ရှိကမ္ဘာတစ်ခု တည်းမှာပဲ ပွင့်ပြီးဘုရားများနဲ ့ပွင့်မည့်ဘုရား၏ အမည်များပဲဖြစ်ပါတယ်။ ဤကမ္ဘာမတိုင်ခင် လွန်ခဲ ့သော ၉၁ ကမ္ဘာမှာပွင့်ခဲ ့တဲ ့ဘုရားရှင်များ။ လွန်ခဲ့သော ၈၂ ကမ္ဘာမှာ ပွင့်ခဲ ့ပြီးသော ဘုရားရှင်များ၊ လွန်ခဲ ့သော ၆၄ ကမ္ဘာထက်မှာ ပွင့်ခဲ ့ပြီးသော ဘုရားရှင်များ၊ လွန်ခဲ ့သော ၅၁ ကမ္ဘာထက်မှာ ပွင့်ခဲ ့သော ဘုရားရှင်များ ၊ လွန်ခဲ ့သော ကမ္ဘာ ၂၀ မှာပွင့်ခဲ ့ပြီးသော ဘုရားရှင်များ၏ အမည်နာမ များ၊ တရားတော်များ အများကြီးရှိပါတယ်။ ဂါတမ မြတ်စွာဘုရား ဗျာဒိတ်ခံယူတဲ့ သုမေဓာရှင်ရသေ့ဘဝမှ စပြီး အခုလက်ရှိကမ္ဘာအထိ စုစုပေါင်း ဘုရား ၂၈ ဆူ ပွင့်ထွန်းပေါ်ပေါက်ပြီးပါပြီ။ ဗုဒ္ဓဘာသာမှာ ပွင့်ခဲ့ပြီးသော ဘုရား အရေအတွက်ဟာ ဘယ်လောက်တောင် များသလဲဆိုရင်အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်မှာ ရှိတဲ ့ (သဲပွင့်) အရေအတွက်ထက်တောင် များပါသေးတယ်လို ့ဗုဒ္ဓက မိန် ့ဆိုခဲ ့ပါတယ်။ အခုလက်ရှိကမ္ဘာကြီး ပျက်ဆီးသွားပြီးလျှင်လည်း နောက် ကမ္ဘာသစ်ဖြစ်ပြီးလျှင်လည်း ယခု ဂေါတမမြတ်စွာဘုရားရှင်လို ဘုရားများ မြောက်များစွာ မရေမတွက်နိုင်အောင် ဆက်ပြီး ပွင့်ဦးမှာဖြစ်ပါတယ်။ နောင်ပွင့်မည့် ဘုရားအရေအတွက် မှာလည်း ရေတွက်လို ့မရနိုင်အောင် ရှိပါတယ်။ မြတ်ဗုဒ္ဓဂေါတမဟာ သူတစ်ပါးတည်းသာလျှင် ဘုရား ဆိုတာဖြစ်နိုင်တယ်။ ကျန်သော တခြားသူ မည်သူမှ ဘုရား မဖြစ်နိုင်ပါဟု ဘယ်တုန်းကမှ ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။ ငါ သည်လည်း ဘုရား အဖြစ်သို ့ရောက်သလို အသင် ချစ်သား၊ ချစ်သမီး တို ့သည်လည်း ဆန္ဒသာရှိလျှင် ဧကန်စင်စစ် ဘုရားဖြစ်နိုင်ပါကြောင်း၊ တနည်းအားဖြင့် လူသားတိုင်း ဘုရားဖြစ်နိုင်ကြောင်းနှင့်၊ ဘုရားဖြစ်ဖို ့နည်းလမ်းများဖြစ်တဲ့ ပါရမီ ၁၀ ပါး ကိုလည်း ဟောကြားထားခဲ့ပါတယ်။ လောကမှာ သဗ္ဗညုတဉာဏ်တော် ကိုပိုင်ဆိုင်ရရှိဖို ့ လူသားမှ လွဲပြီးတခြား နတ်ဒေဝါတွေ၊ တန်ခိုးရှင်တွေ၊ ဖန်တီးရှင်တွေ တစ်ဦးတစ်ယောက်မှ မပိုင်ဆိုင်နိုင်ပါကြောင်း သူ၏ ကိုယ်တွေ ့များနှင့် ရဲဝံ့စွာ လက်တွေ ့သက်သေပြခြင်းဖြင့် အတိအလင်း ဟောကြားသွားခဲ့ပါတယ်။
 
==ကိုးကား==
"https://my.wikipedia.org/wiki/ကပ်" မှ ရယူရန်