ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၀၂ -
ချန်နယ်ကျွန်းများသည် တောင်ပိုင်းကမ်းရိုးတန်းတွင် တည်ရှိပြီး ဖယ်ရယ်လွန်ကျွန်းများသည် ဆန်ဖရန်စစ္စကို၏ အနောက်ဘက်တွင် တည်ရှိသည်။
 
ဆီးရားနီဗားဒါး (စပိန်ဘာသာဖြင့် "နှင်းဖုံးသော တောင်တန်းများ") တွင် တဆက်တည်းဖြစ်သော ပြည်နယ် ၄၈ ခုတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဝှစ်တနီတောင် ပါဝင်ပြီး {{convert|၁၄၅၀၅|ft|m}} မျှ မြင့်မားသည်။ <ref name=Mount_Whitney>{{cite ngs |id=GT1811|designation=Whitney|access-date=October 20, 2011}}</ref><ref name=USGS>{{cite web |url= http://egsc.usgs.gov/isb/pubs/booklets/elvadist/elvadist.html |title=Elevations and Distances in the United States |publisher=[[United States Geological Survey]] |date=2001 |access-date=October 21, 2011 |url-status=dead |archive-url= https://web.archive.org/web/20111015012701/http://egsc.usgs.gov/isb/pubs/booklets/elvadist/elvadist.html |archive-date=October 15, 2011}}</ref><ref name=NAVD88>Elevation adjusted to [[North American Vertical Datum of 1988]].</ref> ထိုတောင်တန်းများတွင် ရေခဲများဖြင့် ဖုံးလွှမ်းနေသောတောင်ထိပ်များကြောင့် ထင်ရှားသည့် ယိုဆဲမတီးတောင်ကြား ပါဝင်ပြီး ကမ္ဘာပေါ်တွင်အကြီးမားဆုံး အပင်ဖြစ်သည့် ဆီကွိုင်းယားပင် များ ရှိသည့် ဆီကွိုင်းယားအမျိုးသားဥယျာဉ်လည်းရှိကာ ပြည်နယ်အတွင်း ထုထည်အားဖြင့် အကြီးဆုံးဖြစ်သည့် နက်ရှိုင်းသောရေချိုရေကန်တစ်ခုဖြစ်သော တာဟိုးကန်လည်း ပါဝင်သည်။
 
ဆီးရားနီဗာဒါး၏ အရှေ့ဘက်တွင် အိုဝင်တောင်ကြားနှင့် မိုနိုကန်တို့ရှိပြီး ရွှေ့ပြောင်းငှက်တို့အတွက် မရှိမဖြစ် စားကျက်တစ်ခု ဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဧရိယာအားဖြင့် အကြီးမားဆုံး ရေချိုရေကန်ဖြစ်သည့် ကလီးယားကန် ရှိသည်။ တာဟိုးကန်သည် ပို၍ ကြီးမားသော်လည်း ၎င်းသည် ကယ်လီဖိုးနီးယားနှင့် နီဗားဒါး နယ်စပ်က ပိုင်းခြားထားသည်။ ဆီးရားနီဗားဒါးသည် ဆောင်းရာသီတွင် အာတိတ်ဒေသ အပူချိန်ရှိပြီး ဒါဇင်အနည်းငယ်မျှရှိသည့် သေးငယ်သော ရေခဲမြစ်များ ရှိပြီး အမေရိကန်ပြည်ထောင်စု၏ တောင်ဘက်အကျဆုံး ရေခဲမြစ်ဖြစ်သည့် ပါလူဆိတ် ရေခဲမြစ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
 
တူးလဲရီကန်သည် မစ္စစ္စမီမြစ်၏ အနောက်ဘက်တွင် အကြီးမားဆုံးသော ရေချိုကန်တစ်ခုဖြစ်သည်။ ရေခဲခေတ်မှ ကော်ကိုရန်ကန်၏ လက်ကျန်ဖြစ်သော တူးလဲရီရေကန်သည် ၂၀ရာစု အစောပိုင်းတွင် ၎င်းသို့စီးဝင်သော မြစ်လက်တက်များကို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဆည်မြောင်းအသုံးချမှုနှင့် စည်ပင်ရေပေးဝေရေး အသုံးပြုမှုတို့ကြောင့် ခမ်းခြောက်သွားခဲ့သည်။ <ref>{{cite news |title=The Dried-Up Heart of California's Water Dilemma |url=https://www.bloomberg.com/opinion/articles/2017-04-26/the-dried-up-heart-of-california-s-water-dilemma |work=Bloomberg |date=April 26, 2017}}</ref>
 
ပြည်နယ်၏ မြေမျက်နှာပြင်ဧရိယာ၏ ၄၅ ရာခိုင်နှုန်းမှာ သစ်တောများဖြင့် ဖုံးလွှမ်းထားပြီး <ref name="Forestry 2003">{{cite book |last1=Laaksonen-Craig |first1=Susanna |last2=Goldman |first2=George |last3=McKillop |first3=William |title=Forestry, Forest Products, and Forest Products Consumption in California |publisher=University of California—Division of Agriculture and Natural Resources |date=2003 |location=Davis, California |page=1 |url=http://anrcatalog.ucdavis.edu/pdf/8070.pdf |isbn=978-1-60107-248-1 |access-date=December 12, 2009 |archive-url=https://web.archive.org/web/20110221195646/http://anrcatalog.ucdavis.edu/pdf/8070.pdf |archive-date=February 21, 2011 |url-status=dead }}</ref> ကယ်လီဖိုးနီးယားတွင်ရှိသော ထင်းရှူးမျိုးစိတ်များ၏ အမျိုးအစားကွဲပြားမှုမှာ အခြားမည်သည့်ပြည်နယ်မှ မယှဉ်နိုင်ပေ။ ကယ်လီဖိုးနီးယားသည် အလက်စကာပြည်နယ်မှ အပ အခြားပြည်နယ်များထက် ပို၍ သစ်တောထူထပ်သည်။ ကယ်လီဖိုးနီးယား ဝှိုက်တောင်ကုန်းများရှိ သစ်ပင်အများစုမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးဖြစ်ပြီး ဘရစ်စတယ်ကုန်းထင်းရူးပင် တစ်ပင်မှာ နှစ် ၅,၀၀၀ ကျော် သက်တမ်းရှိသည်။ <ref name=Lanner>{{cite book|last=Lanner|first=RM|date=2007|title=The Bristlecone Book|publisher=Mountain Press|page=14|isbn=978-0-87842-538-9}}</ref><ref name=oldest>{{cite web |url= http://www.rmtrr.org/oldlist.htm|title=Oldlist|publisher=Rocky Mountain Tree Ring Research|access-date=January 8, 2013}}</ref>
 
တောင်ပိုင်းတွင် ကုန်းတွင်းပိုင်းရှိ ကြီးမားသော ရေငံရေကန်ဖြစ်သည့် ဆော်လတန်ပင်လယ် ရှိသည်။ တောင်ဘက်အလယ်ပိုင်းရှိ သဲကန္တာကို မိုဟာဗီသဲကန္တာရဟု ခေါ်တွင်သည်။ မိုဟာဗီ၏ အရှေ့မြောက်ဘက်တွင် သေမင်းချိုင့်ဝှမ်းရှိပြီး ၎င်းတွင် မြောက်အမေရိကရှိ အနိမ့်ဆုံးနှင့် အပူဆုံးနေရာဖြစ်သည့် {{convert|−၂၇၉|ft|m}}မျှ နိမ့်သည့် ဘက်ဝါးတားချိုင့်ဝှမ်း ပါဝင်သည်။ <ref name=NED/> သေမင်းချိုင့်ဝှမ်းမှ ဝှစ်တနီတောင်ထိပ်သို့ ဒေါင်လိုက်တိုင်းမည်ဆိုပါက {{convert|၉၀|mi|km} ထက်နည်းသည်။ တကမ်တမ်းတွင်တော့ ကယ်လီဖိုးနီးယား၏ အရှေ့တောင်ပိုင်းသည် ခြောက်သွေ့ပြီး ပူပြင်းသော ကန္တာရဖြစ်ကာ နွေရာသီအတွင်း အလွန်မြင့်မားသည် အပူချိန် အမြဲရှိတတ်သည်။ ကယ်လီဖိုးနီးယား၏ အရှေ့တောင်ဘက် နယ်နိမိတ်ဖြစ်သော ကော်လိုရာဒိုပြည်နယ်နှင့် ထိစပ်နေသော နေရာမှာ ကော်လိုရာဒိုမြစ်ဖြင့် ပိုင်းခြားထားပြီး ပြည်နယ်တောင်ပိုင်းသည် ၎င်းတို့၏ သောက်သုံးရေ တစ်ဝက်ခန့်ကို ထိုမြစ်မှ ရရှိသည်။
 
ကယ်လီဖိုးနီးယားရှိ မြို့တော်အများစုမှာ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ သို့မဟုတ် ဆေခရာမန်တို မက်ထရိုပိုလစ်တန်ဒေသတွင် လည်းကောင်း၊ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ လော့အိန်ဂျယ်လိစ်ဒေသ၊ ရေးဗားဆိုက်-ဆန်ဘာနာဒီနို-အင်လန်း အင်ပိုင်ယာဒေသ သို့မဟုတ် ဆန်ဒီယေးဂိုး မက်ထရိုပိုလစ်တန်ဒေသ တို့တွင် လည်းကောင်းတည်ရှိသည်။ လော့အိန်ဂျယ်လိစ်ဒေသ၊ ပင်လယ်အော်ဒေသ နှင့် ဆန်ဒီယေးဂိုး မက်ထရိုပိုလစ်တန်ဒေသတို့မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်းတွင်ရှိသော အဓိက မက်ထရိုပိုလစ်တန်ဒေသအများအပြားတွင် ပါဝင်သည်။
 
ပစိဖိတ်မီးကွင်းဒေသတွင် ပါဝင်သဖြင့် ကယ်လီဖိုးနီးယားတွင် ဆူနာမီများ၊ ရေကြီးမှုများ၊ မိုးခေါင်ရေရှားမှုများ၊ ဆန်တာအနာ လေတိုက်ခတ်မှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ မတ်စောက်သောဒေသတွင် မြေပြိုကျမှုများ စသည်ဖြင့် ဖြစ်ပွားလေ့ ရှိပြီး မီးတောင်အချို့လည်း ရှိသည်။ ပြည်နယ်အတွင်း ပြတ်ရွေ့အချို့ ဖြတ်သန်းသွားသဖြင့် ငလျင်လှုပ်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ အကြီးဆုံး ပြတ်ရွေ့မှာ ဆန်ဒန်ဒရီးယပ်စ်ပြတ်ရွေ့ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ငလျင်လှုပ်မှု ၃၇,၀၀၀ မျှ မှတ်တမ်းရှိသော်လည်း အများစုမှ ခံစားသိရှိနိုင်မှု ရှိအောင် မပြင်းထန်ပေ။<ref>{{cite web |url= http://seismo.berkeley.edu/faq/rate_of_seism.html |title=Frequently Asked Questions |publisher=Seismo.berkeley.edu |access-date=April 22, 2011}}</ref>
 
===ရာသီဥတု===