မဟာသတိပဋ္ဌာနသုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး tag cleanup, remove bold section titles
→‎သဘောတရားကို ဆင်ခြင်ခြင်း ငါးပါး: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၃၄ -
မိမိသန္တာန်၌ ထိနမိဒ္ဓ၄ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ထိနမိဒ္ဓမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ မရှိ”ဟု သိ၏၊ မဖြစ်သေးသော ထိနမိဒ္ဓ၏ဖြစ်ကြောင်းကို့လည်း သိ၏၊ ဖြစ်ပြီးသော ထိနမိဒ္ဓ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောင်အခါမဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
 
မိမိသန္တာန်၌ ဥဒ္ဓစ္စ္စ၅ဥဒ္ဓစ္စ္၅ ကုက္ကုစ္စ၆ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စ မရှိ”ဟု သိ၏၊ မဖြစ်သေးသောဥဒ္ဓစ္စကုက္ကုစ္စ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
 
မိမိသန္တာန်၌ ဝိစိကိစ္ဆာ၇ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာ ရှိ၏”ဟု သိ၏၊ မိမိသန္တာန်၌ ဝိစိကိစ္ဆာ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာမရှိ”ဟု သိ၏၊ မဖြစ်သေးသော ဝိစိကိစ္ဆာ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝိစိကိစ္ဆာ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊