ညွန့်ဝင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အနုပညာခရီး
စာကြောင်း ၁၃ -
မြဇော်ဖလင်မှာ ရွှေမန်းတင်မောင်နှင့် ''ဝိမာန'' ဇာတ်ကားရိုက်ကူးရာမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ညွန့်ဝင်းသည် ရုပ်ရှင်မှာ သူနှင့်အလှမ်းမကွာလှ မစိမ်းလှဟု ယူဆသည်။ နိုင်ငံခြားရုပ်ရှင် အကြည့်အရှုများခဲ့ခြင်း၊ ကျောင်းကပွဲ ဆိုပွဲများမှ အလေ့အကျင့်ရခဲ့ခြင်းတို့က သူ့အား အထောက်အကူပြုလိမ့်မည်ဟု မြော်လင့်သည်။ ငယ်စဉ်ကလည်း ရုပ်ရှင်မင်းသား ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ထားခဲ့ဖူးသည်။ ထို့ကြောင့် ရုပ်ရှင်လောကသို့ ခြေချခွင့်ရမည်ကို ဝမ်းပန်းတသာ လက်ခံလိုက်သည်။
 
ပထမဆုံး စတင်သရုပ်ဆောင်သော ဇာတ်ကားမှာ မြဇော်ဖလင်မှ ဒါရိုက်တာသိန်းဇော် ရိုက်ကူးသော ''သတို့သမီးအလိုရှိသည်'' ဇာတ်ကားဖြစ်သည်။ ကြည်စိုး၊ အောင်တင်၊ [[ခင်သန်းနု]]၊ [[အေးအေးသင်း]] ၊ [[ဘေဘီနွဲ့]]၊ ကြယ်နီတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်း၏ သရုပ်ဆောင်မှုအပိုင်းမှာ ထူးခြားမှုမရှိသော်လည်း အချော့တော် သီချင်းကိုမူ ပရိသတ်က လက်ခံခဲ့ကြသည်။ ဒုတိယမြောက် ပါဝင်သရုပ်ဆောင်သော ဇာတ်ကားမှာ ဒါရိုက်တာ[[အေဝမ်းတင်မောင်]] ရိုက်ကူးသော မမထားနှင့် အပါ ဇာတ်ကားဖြစ်သည်။ [[မြင့်⁠မြင့်ခင်မြင့်⁠မြင့်​ခင် (ရုပ်ရှင်သရုပ်ဆောင်ရုပ်ရှင်သရုပ်​ဆောင်)|မြင့်မြင့်ခင်]]၊ အောင်တင်၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဤဇာတ်ကားမှ စတင်ပြီး ညွန့်ဝင်း၏သရုပ်ဆောင်မှုကို ပရိသတ်လက်ခံလာကြသည်။ အေဝမ်းမောင်တင်မောင်ထံမှ ရုပ်ရှင်ပညာရရန်သာ အဓိကထားပြီး ငွေကြေးတောင်းဆိုမှု လုံးဝမရှိဘဲ သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်သည်။ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ခင်ကလည်း သရုပ်ဆောင်မှုများ၌ ညွန့်ဝင်းကို လက်တွဲခေါ်ခဲ့သည်။
 
ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းမောင်လှမျိုး ရိုက်ကူးသော ''ဗန်တိုလူလေးနှင့် သူဇာ'' ဇာတ်ကားပင် ဖြစ်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်းနှင့်လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက်များကြောင့် [[မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု|မြန်မာ့ရုပ်ရှင်ထူးချွန်ဆု]] ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။ ညွန့်ဝင်း၏အနုပညာသက်တမ်းတစ်လျှောက် အများဆုံးတွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီး ၂ ဦးမှာ အကယ်ဒမီ[[ဝါဝါဝင်းရွှေ]]နှင့် အကယ်ဒမီခင်သန်းနုတို့ ဖြစ်သည်။ ညွန့်ဝင်း၏ဇာတ်ကားများစွာကို ကြီးကြပ်ရိုက်ကူးခဲ့သော ဒါရိုက်တာမှာ အေဝမ်းမောင်လှမျိုး ဖြစ်သည်။
 
ညွန့်ဝင်းသည် ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ ဗန်တိုလူလေးနှင့်သူဇာ ဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ အကယ်ဒမီ ဝါဝါဝင်းရွှေ၏ ''ချစ်သူဝိုင်းဝိုင်းလည်'' ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ [[ဝင်းဖေ(ဒါရိုက်တာ)|ဝင်းဖေ]] ကြီးကြပ်၍ ဒါရိုက်တာ မင်းမာဃနှင့် ကျော်သိုက်ထွန်း ရိုက်ကူးသည့် ''တတိယအရွယ်၏ဒုတိယဝေဒနာ'' ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ မောင်နန္ဒ၏ ''သီတာခုနှစ်တန်'' ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း ၏ ''သူ့ကျွန်မခံပြီ'' ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ [[ကြည်စိုးထွန်း]]၏ ''ဆန်ရေ'' ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ [[စင်ရော်မောင်မောင်]]၏ ''လျှို့ဝှက်သောနှင်း'' ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်။
 
== မိသားစု ==