အခြေခံသရများ: တည်းဖြတ်မှု မူကွဲများ

more (complete )
စာကြောင်း ၁ -
{{IPA notice}}
 
[[Image:Cardinal vowels-Jones x-ray.jpg|thumb|200px|ဒန်းညာ ဂျုံးဇ်၏ {{IPA|[i, u, a, ɑ]}} တို့ ထွက်ရှိစဉ် X-rays ရိုက်ကူးထားခြင်း]]
[[Image:Cardinal vowel tongue position.png|thumb|200px|အခြေခံသရ အရှေ့နှင့် အနောက်သရများ၏ လျှာအမြင့်ဆုံးတည်နေရာ]]
Line ၁၉ ⟶ ၁၇:
ထိုသို့ ထက်အောက်သဘောအပြင် ရှေ့နောက်သဘောထင်ရှားမှုသည် ရည်ညွှန်းကိုးကား သရရှစ်ခုကို ကြားမှုဆိုင်ရာနှင့် ကရိုဏ်းလုပ်ဆောင်မှုတို့ကြား ရောနှောပေါင်းစပ်ထားသည့် မှတ်ကျောက်ပေတံတစ်ခုပေါ်၌ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့သည်။ ဤသရရှစ်ခုကိုပင် "မူလအခြေခံသရ" (primary cardinal vowels) ဟု ခေါ်ဝေါ်ကြပြီး ဤသို့သရများသည် ကမ္ဘာပေါ်ရှိ ဘာသာစကားများတွင် အသုံးများ တည်ရှိကြသည်။
 
သက်ဆိုင်ရာ သရတစ်ခုခြင်းစီတွင် နှုတ်ခမ်းပုံစံ နောက်တစ်ခုထပ်ရှိပြန်သည်။ ဥပမာပေးရသော် သရအမှတ် (၁) ကို သူ့အနောက်က သရအမှတ် (၈) ကဲ့သို့ နှုတ်ခမ်းဝိုင်းပုံစံဖြင့် ထုတ်လုပ်နိုင်သည်။ ထိုသို့ နှုတ်ခမ်းပြောင်းပြန်ပုံစံရှိသော သရများကို "ဒုတိယအခြေခံသရဆင့်ပွားအခြေခံသရ" ဟု ခေါ်ဝေါ်ကြသည်။ ဤသရသံများသည် မူလအခြေခံသရထက် ကမ္ဘာပေါ်ရှိ ဘာသာစကားများ၌ တည်ရှိမှုနည်းသည်ဟု ဆိုကြသည်။<ref>{{cite book|last1=Ladefoged|first1=P.|title=The Sounds of the World's Languages|last2=Maddieson|first2=I.|date=1996|publisher=Blackwell|isbn=0-631-19815-6|page=292}}</ref> အခြားသောသရများကိုလည်း [[နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ]] ပြဇယားတွင် အသိအမှတ်ပြုထားကြသည်။
 
ဂျုံးဇ်က အခြေခံသရစနစ်ကို ထိထိရောက်ရောက် သုံးစွဲနိုင်ရန်၊ သရများကို ထုတ်လုပ်ခြင်း၊ မှတ်မိသိမြင်ခြင်းရှိရန် တစ်ယောက်သောသူသည် ကျွမ်းကျင်သော သဒ္ဒဗေဒပညာရှင်တစ်ဦးနှင့် လေ့ကျင့်ရမည်ဟု ဆိုသည်။<ref>{{cite book|last1=Jones|first1=Daniel|title=An Outline of English Phonetics|date=1967|publisher=Heffer|edition=9th|location=Cambridge|page=34}}</ref>
Line ၁၁၇ ⟶ ၁၁၅:
|}
အခြေခံသရ ၁၉-၂၂ တို့ကို ဘာသာဗေဒပညာရှင် ဒေးဗစ် အဘာခရောန်ဘီ က ထည့်သွင်းပေးခဲ့သည်။<ref>{{cite book|last=Abercrombie|first=David|author-link=David Abercrombie (linguist)|year=1967|title=Elements of General Phonetics|publisher=Edinburgh University Press|page=161|isbn=0-85224-028-7}}</ref> အိုင်ပီအေအမှတ်စဉ်၌ အခြေခံသရများ ၁-၁၈ သည် အမှတ်စဉ်တူညီကြသည်။ (ထိုဂဏန်းကို သတ်မှတ်ချက်အရ ၃၀၀ ပေါင်းရမည်၊ ထို့ကြောင့် ၃၀၁ က စတင်၏ ။)<ref>{{cite book|last=Esling|first=John|author-link=John Esling|year=1999|chapter=Appendix 2: Computer coding of IPA symbols|editor=International Phonetic Association|title=Handbook of the International Phonetic Association: A Guide to the Use of the International Phonetic Alphabet|pages=161–185|publisher=Cambridge University Press|isbn=0-521-63751-1}}</ref>
 
==အခြေခံသရစနစ်၏ တိကျမှန်ကန်မှု ကန့်သတ်ချက် ==
အခြေခံသရစနစ်၏ ပုံမှန်ရှင်းလင်းချက်က ဆိုသည်မှာ ကျွမ်းကျင်သော အသုံးပြုသူသည် မူလနှင့် ဆင့်ပွားအခြေခံသရ (၁၆) လုံးနှင့် အခြားအလယ်သရအနည်းငယ်တို့ကြား ကွဲပြားမှုကို စိတ်ချယုံကြည်စွာ ခွဲခြားနိုင်သည်။ နိုင်ငံတကာသဒ္ဒဗေဒအသင်းက ထပ်မံပံ့ပိုးထားသော ဖြည့်စွက်သင်္ကေတများက သရတို့၏ကြားတန်ဖိုးများကို ယုံယုံကြည်ကြည် ခွဲခြားနိုင်သည်ဟု ဆိုလေသည်။ သဒ္ဒဗေဒပညာရှင်တစ်ဦးသည် [[အရှေ့တစ်ဝက်ပိတ်အပြန့်သရ]] {{IPA|[e]}} ၊ [[အရှေ့တစ်ဝက်ဖွင့်အပြန့်သရ]] {{IPA|[ɛ]}} တို့ကိုသာမက [[အရှေ့တစ်ဝက်အပြန့်သရ]] {{IPA|[e̞]}} ၊ အလယ်ယိမ်း အရှေ့တစ်ဝက်အပြန့်သရ {{IPA|[ë]}} စသည် စသည်တို့ကိုလည်း မှတ်မိသိမြင်၊ ထုတ်လုပ်နိုင်သည်ဟူ၍ ဆိုလေသည်။ ဤသည်မှာ သရအရေအတွက် လေးငါးဆယ်ခန့်ကို (ခွဲနိုင်သည်ဟု) ညွှန်းဆိုခြင်းဖြစ်လေရာ လက်တွေ့သဘောအားဖြင့် လေ့ကျင့်ထားသော သဒ္ဒဗေဒပညာရှင်ပင် ဤသို့သော အရည်အသွေးရရန် ခက်ခဲပေသည်။
 
၁၉၅၀-၆၀ နှစ်များက ထုတ်ဝေသော စိတ်ကူးနည်းသစ်များဖြင့် စမ်းသပ်ချက်အများအပြားတွင် လာဒစ်ဖိုးဂစ်ဒ် (Ladefoged) က လေ့ကျင့်ထားသည့် သဒ္ဒဗေဒပညာရှင်များသည် စကော့(တစ်ရှ်) ဂေးလစ်ခ် ဒေသယိစကားရှိ သရများကို မည်သို့ကိုင်တွယ်စီမံသည်ကို လေ့လာခဲ့သည်။ သဒ္ဒဗေဒပညာရှင် (၁၈) ဦးကို ဂေးလစ်ခ်စကားပြော ဒေသခံတို့၏ သရသံ (၁၀) လုံးကို အသံဖမ်းထားမှုအား နားထောင်စေ၍ သရစတုဂံတွင် နေရာမှတ်ခိုင်းသည်။ ထို့နောက် လာဒစ်ဖိုးဂစ်ဒ်က ထိုပညာရှင်များကြား မှန်ကန်ကိုက်ညီမှု၊ မကိုက်ညီမှုတို့ကို လေ့လာခဲ့ရာ ဒန်းညာဂျုံးဇ် တည်ထွင်တိုးတက်စေခဲ့သော ဗြိတိသျှအသံထွက်စဉ်လာသဘောဖြင့် လေ့ကျင့်ခဲ့သူများသည် ဤသို့သော လေ့ကျင့်မှုမရှိသူများထက် (သရ)ဆုံးဖြတ်ရာတွင် ပို၍ နီးစပ်မှုရှိသည်ဟူသောအချက်ကို ထုတ်ဖော်ထောက်ပြနိုင်ခဲ့လေသည်။ သို့ရာတွင် အထင်ရှားဆုံးရလဒ်မှာ အခြေခံသရတန်ဖိုးများနှင့် ဝေးကွာသော သရများကိုကား နားထောင်သူအားလုံးကြား၌ ကြီးမားစွာ ကွဲပြားမှုရှိပေသည်။<ref>{{cite book|last1=Ladefoged|first1=P.|title=Three Areas of Experimental Phonetics|date=1967|publisher=Oxford University Press|pages=132–142}} See especially Figure 47 on p.&nbsp;135</ref>
 
==ကိုးကား==