ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၇၅ -
ပါလီမန်ကိုယ်စားလှယ်များ အဖြစ်အသိများသော အောက်လွှတ်တော်သည် ရွေးကောက်တင်မြှောက်ထားသော အမတ် (၆၅၀) ဖြင့် ဖွဲ့စည်းထားသည်။ ထိုအမတ်များသည် ယူနိုက်တက်ကင်းဒမ်း၏ မဲဆန္ဒနယ်များကို ကိုယ်စားပြု၍ မဲအများဆုံးရသူ နိုင်သည့်စနစ် (first-past-the-post) ကိုကျင့်သုံးသည်။ ပါလီမန်တွင် အမတ်အဖြစ် ပါလီမန်ကို မဖျက်သိမ်း/မရုတ်သိမ်းခင်အထိ ဆောင်ရွက်နိုင်သည်။
 
၁၃-၁၄ ရာစုများကစတင်ပြီး အောက်လွှတ်တော် ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေးအရ စကော့တလန်နှင့် ၁၇၀၇ တွင် ပေါင်းစည်းပြီးနောက် '''ဂရိတ်ဗြိတိန် အောက်လွှတ်တော်''' ဖြစ်လာခဲ့၍ ၁၈၀၀ တွင် နိုင်ငံရေးအရ အိုင်ယာလန်နှင့် ပေါင်းစည်းပြီးနောက် '''ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် အောက်လွှတ်တော်''' ဖြစ်လာခဲ့သည်။ ၁၈၀၀ မှစ၍ ယူနိုက်တက်ကင်းဒမ်းဆိုသည်မှာ "ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်"ကို ရည်ညွှန်းခဲ့သည်ဖြစ်ပြီး ၁၉၂၂ အိုင်ယာလန်သည် ကိုယ်ပိုင်နိုင်ငံအဖြစ် ခွဲထွက်ခဲ့သောအခါရပ်တည်လိုက်သောအခါ "ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်"ကိုဘရည်ညွှန်းခြင်းဖြစ်၏ ။ ထိုအခြေအနေများနှင့်လျော်ညီစွာ အောက်လွှတ်တော်၏ အမည်သည်လည်း ပြောင်းလဲခဲ့၍ လက်ရှိအမည်ဖြင့် ယခုတွင် တည်ရှိနေသည်။
 
ပါလီမန် အက်ဥပဒေ ၁၉၁၁ နှင့် ၁၉၄၉ အောက်၌ ဗြိတိသျှသူကောင်းမျိုး (Lord) တို့၏ ဥပဒေပြုခြင်းကို ပယ်ဖျက်ခြင်းအာဏာအား နှောင်းနေးစေခြင်း အာဏာသို့ လျော့ချခဲ့သည်။ အစိုးရသည် အောက်လွှတ်တော်ကိုသာ တာဝန်ခံရ၍ ဝန်ကြီးချုပ်သည် အောက်လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲရသမျှကာလပတ်လုံး ရာထူးအာဏာတည်မြဲသည်။