အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၆၀ -
== ကောင်းမှုတော်များ ==
အလောင်းစည်သူမင်းကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ထားခဲ့သည်။ မင်းတရားကြီး၏ ထင်ရှားသော ကောင်းမှုတော်တို့မှာ ပုဂံတွင် ရွှေဂူကြီးဘုရား၊ [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုဘုရား၊]] အညာတွင် သရက္ခန်စေတီတော်များ၊ ကျော်လေးဆူအဝင် သီဟတောဘုရား၊ ပခုက္ကူ ရွှေဂူကြီးဘုရား၊
အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်များတွင် ရွှေဂူကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီးမှာ အထင်ရှားဆုံးဖြစ်သည်။ ကောင်းမှုတော် ရွှေဂူကြီးဘုရားကို ၁၇ မေ၊ ၁၁၃၁ ခုနှစ်တွင် စတင်တည်ထားခဲ့၍ ခုနှစ်လအကြာ ၁၇ ဒီဇင်ဘာ၊ ၁၁၃၁ တွင်ပြီးစီးခဲ့ကြောင်း သိရသည်။ ရွှေဂူကြီးဘုရားသည် နန်းတော်ဦးတွင် တည်ရှိသဖြင့် နန်းဦးဘုရားဟု၍ အမည်တွင်သည်။ ရွှေဂူကြီးတည်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ကျောက်စာနှစ်မျက်နှာရေးထိုးထားခဲ့ပြီး ဂူဘုရား၏ ဝင်ပေါက်တစ်ဖက်စီတွင် တည်ရှိသည်။ ကျောက်စာကို ပါဠိဘာသာဖြင့် ဂါထာပေါင်း ၁၀၀ ရေးသားထား၍ အဆုံးတွင်မူ ရက်စွဲမှတ်တမ်းကို သက သက္ကရာဇ်ရက်စွဲသုံး၍ သက္ကတဘာသာဖြင့် ရေးထိုးထားသည်။ ပုဂံခေတ်မှတ်တမ်းကျောက်စာများတွင် သက သက္ကရာဇ်သုံးစွဲ၍ မှတ်တမ်းတင်ခဲ့သည့် တစ်ခုတည်းသောကျောက်စာ ဖြစ်သည်။ ကျောက်စာရှိ ပါဠိဘာသာဖြင့်ရေးထိုးထားသော အကြောင်းအရာမှာ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များစွာကို ဂါထာအဖွဲ့အနွဲ့ဖြင့် သီကုံး၍ချီးကျူးကော်ရော်ထားခြင်းဖြစ်ကာ နောင်အခါတွင် မိမိလည်း သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူဖြစ်လိုကြောင်း ဆုတောင်းထားခြင်းဖြစ်သည်။ ရေးသားထားသော ပါဠိဘာသာ စီကုံးရေးဖွဲ့မှု အဆင့်အတန်းမှာ အထူးမြင့်မားကြောင်း ပညာရှင်များ ဆိုထားကြသည်။<ref>G.H. Luce, ''Old Burma-Early Bagan'', vol. 1, text (New York: New York University, 1969), 85.</ref>
|