လီယွန် ထရော့စကီး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သွေဖီ +သွေဖည်)
 
စာကြောင်း ၉ -
၁၉၁၄-၁၆ ခုနှစ်အတွင်း [[ပြင်သစ်နိုင်ငံ]]နှင့် [[စပိန်နိုင်ငံ]]တို့တွင် လှည့်လည်နေထိုင်ရာ ထိုနိုင်ငံတို့က ပြည်နှင်ဒဏ်ပေးသဖြင့် [[အမေရိကန်နိုင်ငံ]]သို့ လာရောက်နေထိုင်ရလေသည်။ ၁၉၁၇-ခုနှစ်တွင်ကား အောက်တိုဘာလ ရုရှားတော်လှန်ရေးကြီးသည် အောင်မြင်ခဲ့ပြီဖြစ်၍ ထရော့စကီးသည် လီနင်နှင့်အတူ အာဏာသိမ်းပိုက်ရေး၌ ဆောင်ရွက်ခဲ့ရာ ဆိုဗီယက်ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလေသည်။ သို့ရာတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ဖြင့် ဂျာမနီနှင့်စေ့စပ်သောကိစ္စ၌ လီနင်၏ အကြံပေးချက်ကို မနာယူဘဲ တင်းမာခဲ့သောကြောင့် စေ့စပ်ရေး၌ အရေးရှုံးနိမ့်ရပြီးလျှင် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ပေးခဲ့ရလေသည်။
 
ထိုနောက်၌မူကား စစ်ဝန်ကြီးရာထူးကိုယူ၍ ရုရှားတပ်နီတော်ကြီး၏ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ခဲ့လေသည်။ ဤသို့ဆောင်ရွက်ရာ၌ တော်လှန်ရေးကို သွေဖီသောသူတို့အားသွေဖည်သောသူတို့အား နိုင်နင်းစွာ နှိပ်ကွပ်ခဲ့လေသည်။ သို့သော် ဝါဒအားဖြင့်ကား ထရော့စကီးသည် လီနင်နှင့် သဘောကွဲလွဲခဲ့၏။ အထူးသဖြင့်ကား လီနင်အနီးတွင်ရှိသော စတာလင်နှင့် သဘောကွဲခဲ့သည်။ ၁၉၂၄-ခုနှစ်တွင် စတာလင် အာဏာရသောအခါ ထရော့စကီးသည် ဝန်ကြီးများအဖွဲ့မှ ပြုတ်ကျလေသည်။
 
၁၉၂၇-ခုနှစ်၌ ထရော့စကီးသည် ဆိုဗီယက် တာကီစတန်ပြည်နယ်သို့ နယ်နှင်ခံရလေသည်။ သို့သော် ထိုနယ်နှင်ခံနေရသည့်အတွင်း ထရော့စကီးသည် စတာလင်နှင့် ဆန့်ကျင်သောလုပ်ငန်းတို့ကို လုပ်မြဲလုပ်နေသဖြင့် ၁၉၂၉-ခုနှစ်တွင် ရုရှားနိုင်ငံမှ လုံးဝနှင်ထုတ်ခြင်းကို ခံရပြန်သည်။ ထိုကာလမှစ၍ [[ကွန်စတန်တီနိုပယ်မြို့]]နှင့်