နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၄ -
[[၁၉၆၉]] ခုနှစ် ဖေဖော်ဝါရီတွင် ဦးနုသည် ကြားဖြတ် အစီရင်ခံစာ တစ်စောင်တင်သွင်းသည်။ ၎င်းအစီရင်ခံစာတွင် ဗိုလ်ချုပ်နေဝင်းသည် ၎င်းရယူထားသော အာဏာကို ပြန်လည်လွှဲပြောင်းပေးရန်နှင့် [[၁၉၆၂]] ခုနှစ်မတ်လက ဖျက်သိမ်းလိုက်သည့် ပါလီမန်ကို ပြန်ခေါ်ရန်တို့ဖြစ်ပြီး ပါလီမန် ပြန်လည်ခေါ်ယူပြီးပါက ဗိုလ်ချုပ်နေဝင်းအား တရားဝင် သမ္မတရာထူးကို ပေးအပ်မည်ဖြစ်ကြောင်း အကြံပြုထားလေသည်။ သူ၏ အကြုံပြုစာတွင် ဤကိစ္စကို ၎င်းသည် အကြိမ်ကြိမ် စဉ်းစားပြီး၊ အခြားနည်းလမ်းများကိုပါ စဉ်းစားပြီးမှ စိတ်ရင်းကောင်းစေတနာမှန်နှင့် တင်ပြရခြင်းဖြစ်ကြောင်း တို့ကိုပါဖော်ပြထားသည်။ သူသည် [[တော်လှန်ရေးကောင်စီ]]အား အာဏာကို မတရားလုယူသည့် အဖွဲ့တစ်ဖွဲ့အဖြစ် မရှိစေလိုကြောင်း၊ ဗိုလ်ချုပ်နေဝင်း၏ တရားမဝင်သည့် အဖြစ်မျိုးကိုလည်း မလိုလားသည့်အတွက် အကြံပြုရခြင်းဖြစ်ကြောင်း စသည်တို့ ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ဦးနု၏ ကြားဖြတ်အစီရင်ခံစာ သို့မဟုတ် အကြံပေးစာကို [[၁၉၆၃]] ခုနှစ် [[၃ ဇွန်|ဇွန်လ ၃]] ရက်ထုတ် ဂါးဒီးယန်းနှင့် ဝပ်ကင်းပီးပယ်လ်ဒေးလီးသတင်းစာများတွင်ရှု)
 
ယင်းအကြံပေးစာ သို့မဟုတ် အစီရင်ခံစာကို တင်သွင်းပြီးနောက် ဦးနုသည် နေထိုင်မကောင်းပါဟု ဟန်ဆောင်၍ [[အိန္ဒိယနိုင်ငံ]]သို့ ဘုရားဖူးသွားမည်ဟု အကြောင်းပြုပြီး အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဗိုလ်ချုပ်နေဝင်းမှ အကြောင်းပြန်ကြားခြင်း မပြုသည့်အခါ ဦးနုသည် အိန္ဒိယမှ [[လန်ဒန်မြို့]]သို့ ဆက်လက် ထွက်ခွာသွားလေသည်။ ([[၁၉၆၉]] ခုနှစ် [[၆ နိုဝင်ဘာ|နိုဝင်ဘာ ၆]] ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လေးကြိမ်မြောက် ဆွေးနွေးပွဲတွင် ပေးခဲ့သည့် အဖွင့်မိန့်ခွန်းတွင် ဦးနု၏အကြံပေးချက်ကို တရားဝင်ပယ်ချခဲ့သည်။ သူသည် အာဏာကို မက်မောလွန်း၍ ရယူထိမ်းသိမ်းထားခြင်းမဟုတ်ကြောင်း၊ရယူထိန်းသိမ်းထားခြင်းမဟုတ်ကြောင်း၊ အလုပ်သမားနှင့် တောင်သူလယ်သမားများ၏ ဘဝကို မြှင့်တင်ပြီး သူတို့၏ စားဝတ်နေရေး သာယာဝပြောရေးကိစ္စများကို ဆောင်ရွက်လို၍သာ ဆောက်ရွက်ရခြင်းဖြစ်ကြောင်း၊ ဦးနု၏ အကြံပြုချက်သည် ခေတ်နောက်ပြန်ဆွဲခြင်းနှင့်တူကြောင်း )([[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ]]၏ စာတမ်းဖတ်ပွဲကို [[၁၉၆၉]] ခုနှစ် [[နိုဝင်ဘာ ၇]] ရက် နှင့် [[နိုဝင်ဘာ ၈|၈]] ရက်ထုတ် ဂါးဒီးယန်းနှင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတို့တွင်ရှု) ထိုအချိန်တွင် ဦးနုသည် လန်ဒန်တွင် သူသာလျှင် တရားဝင် ဝန်ကြီးချုပ်အဖြစ်ဆက်လက်ရှိနေသေးကြောင်း ကြေငြာခဲ့သည်။)
 
[[၁၉၆၉]] ခုနှစ် [[ဩဂုတ် ၂၇]] ရက်တွင် လန်ဒန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သူသာလျှင် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်ဖြစ်ပြီး၊ မြန်မာပြည်သူများအား သူသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်မရမချင်း ကြိုးစားအားထုတ်သွားမည်ဟု ကတိကဝတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံသည် ယခုအခါ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တိုက်ယူခဲ့သည့် ဖက်ဆစ်အာဏာရှင် အစိုးရမျိုးအောက်တွင် ကျရောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (ဦးနု၏ လန်ဒန်တွင် ပြုလုပ်ခဲ့သည် သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်ထုတ် ဂါးဒီးယန်းနှင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာများနှင့် ၎င်းမိန့်ခွန်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ အပြည့်အစုံဘာသာပြန်ထားသည်ကို [[၁၉၆၉]] ခုနှစ် [[စက်တင်ဘာ ၁]] ရက် အစိုးရထုတ် မြန်မာသတင်းစာများတွင်လည်း ကြည့်နိုင်ပါသည်။)