အလက်ဇန်ဒရို ဗို့လတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fix name
အရေးမကြီး →‎ငယ်စဉ်ဘဝ
စာကြောင်း ၂၂ -
ဗိုလတာ ကို [[အီတလီ]]နိုင်ငံ၊ [[ကိုမိုမြို့]]တွင်မွေးဖွားခဲ့ပါသည်။ ၁၇၇၄ခုနှစ်တွင် ကိုမိုတော်ဝင်ကျောင်းတွင် ရူပဗေဒ ပါမောက္ခ ဖြစ်လာခဲ့သည်။ နောက်တစ်နှစ်ကြာ ၁၇၇၅တွင် [[လျှပ်ငြိမ်]]ထုတ်လုပ်သည့် ကိရိယာ [[အီလက်ထရိုဖိုးရပ်(စ်)]] ကိုရှိရင်းစွဲ များထက် စွမ်းဆောင်ရည်မြင့်မားသည့် ကိရိယာကိုပြုလုပ်နိုင်ခဲ့သည်။ ဗိုလတာ၏ ဘဝတွင် သူ၏တီထွင်ခဲ့သော ကိရိယာများနှင့် ပတ်သက်ပြီး ရာထူးအကြိမ်ကြိမ်တက်ခြင်း၊ ချီးမွမ်းထောမနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ကျင်လည်ခဲ့ရသည်။ ၁၇၆၂နှစ်တွင် ဗိုလတာကြံဆခဲ့သည့် အီလက်ထရိုဖိုးရပ်(စ်) ကိရိယာ ကဲ့သို့ပင် အလုပ်လုပ်နိုင်သည့် ကိရိယာတစ်မျိုးကို [[ဆွီဒင်]]လူမျိုး ပါမောက္ခ [[ဂျိုဟန်းဝီလ်ကီ]] ကဖော်ပြခဲ့ဖူးသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။
 
၁၇၇၆-၁၇၇၇ နှစ်များတွင် ဗိုလတာသည် [[ဓာတ်ငွေ့]]တို့နှင့်ပတ်သက်သည့် [[ဓာတုဗေဒ]] ပညာရပ်ကို ဆည်းပူးခဲ့သည်။ [[စိမ့်မြေ]] တို့မှ ဓာတ်ငွေ့များကို စုဆောင်းလေ့လာရင်းမှ [[မီသိန်း]]ဓာတ်ငွေ့ ([[သဘာ၀ဓာတ်ငွေ့သဘာဝဓာတ်ငွေ့]]) ကိုတွေ့ရှိခဲ့သည်။ ထိုနောက် မီသိန်းဓာတ်ငွေ့ကို လျှပ်စစ်မီးပွားများနှင့် မီးရှို့စမ်းသပ်သည့် စမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့သည်။ [[လျှပ်သိုခြင်း]] (Capacitance) ကိုလည်း လေ့လာခဲ့သည်။ ဗိုလတာသည် [[ပိုတင်ရှယ်ခြားနားခြင်း]]နှင့် [[လျှပ်စစ်ဓာတ်ဆောင်အမှုန်များ]]၏ ဆက်စပ်မှုကိုတွေ့ရှိခဲ့သည်။ ယင်းကို [[ဗိုလတာ၏လျှပ်သိုမှု ဥပဒေသ]] (Volta 's Law of capacitance) ဟုခေါ်သည်။ ယင်းတွေ့ရှိချက်ကို ဂုဏ်ပြုသောအားဖြင့် ပိုတင်ရှယ်ခြားနားခြင်း၏ [[ယူနစ်]]ကို [[ဗို့]] ဟု ခေါ်ဆိုခဲ့သည်။ ၁၇၇၉တွင် [[ပါဗီးယားတက္ကသိုလ်]] စမ်းသပ်လေ့လာဆဲ [[ရူပဗေဒ]]ဌာန တွင် ပါမောက္ခ ဖြစ်လာခဲ့သည်။ ထိုရာထူးဖြင့်ပင် ၂၅နှစ်နီးပါး အမှုထမ်းခဲ့သည်။ ထို့နောက် အနွယ်တော်ထဲမှ ထရီစာပါရီဂရီနီ အမည်ရှိမိန်းကလေး တစ်ဦးနှင့် ၁၇၉၄တွင်လက်ထပ်ထိမ်းမြားခဲ့သည်။ သား ၃ဦးထွန်းကားခဲ့သည်။
 
==ဗိုလတာ နှင့် ဂယ်လ်ဗနီ==