မိုက်ကယ်လ် ဘလွန်းဘက်ဂ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၆၇ -
ပြည်ထဲရေး​နှင့် ပြည်​တွင်း​လုံခြုံ​ရေး ကိစ္စ​ရပ်​များ​တွင်​မှု တင်း​ကြပ်​သော လူ​ဝင်​မှု​ကြီးကြပ်​ရေးပေါ်​လ​စီ​ကို​လိုလား​သည့် ဆို​ရှယ်​ကွန်​ဆာ​ဗေး​တစ်​များ​ကို ဘ​လွန်း​ဘတ်​က လက်တွေ့​မ​ကျ​သူ​များ​ဟု ဝေဖန်​လေ့​ရှိ​သည်။ “ ဒီ​လူ ၁​၂ သန်း လောက်​ကို ကျွန်တော်​တို့​ပြန်​ပို့ ဖို့​လဲ​မ​ရှိ​ဘူး။ ဒီ​တော့ စိတ်ကူး​ယဉ်​နေ​တာ​ကို ရပ်​လိုက်​တော့။ သူ​တို့​ကို​အမြဲ​တမ်း နေထိုင်​ခွင့်​ပေး​ဖို့​သာ​စဉ်းစား​တော့” ဟု ၎င်း​က​ဆို​သည်။ ၎င်း​က အမေ​ရိ​ကန်​နိုင်ငံသား​ဟုတ်​မဟုတ်​ကို စစ်ဆေး​နိုင် ရန် နိုင်ငံသား​တိုင်း​၏ DNA နှင့် လက်​ဗွေ​ကောက်ယူ​မည့် ဗဟို​အစိုးရ​၏ အစီ​အစဉ်​ကို​ထောက်ခံ​ပြီး ထို​အထောက် အထား​များ​ဖြင့် တိုက်​၍ စစ်ဆေး​ခြင်း​က ထိ​ရောက်​မည်​ဟု​ယူဆ​သည်။ အမေ​ရိ​ကန်​ပြည်ထောင်​စု​တွင် တရားမ​ဝင် ရောက်​ရှိ​နေ​သော နိုင်ငံ​ခြား​သား​များ​ကို နိုင်ငံသား​များ​အဖြစ် သတ်​မှတ်​ပေး​သင့်​သည်​ဟု ဘ​လွန်း​ဘတ်​က​ယုံကြည် ထား​ပြီး ဂျွန်​မက်​ကိန်း​နှင့် ကွယ်​လွန်​သူ​တက် ( ဒ် ) က​နေ​ဒီ​တို့ ၂​၀⁠၀​ရ တွင် အဆို​ပြု​ခဲ့​သော လူ​ဝင်​မှု​ကြီးကြပ်​ရေး​မူ သစ်​ကို​ထောက်ခံ​သူ​ဖြစ်​သည်။ နယ်စပ်​လုံခြုံ​ရေး​နှင့်​ပက်​သက်​ပြီး နိုင်ငံ​ခြား​သား​များ ဝင်​ရောက်လာ​မှု​အား တင်း​ကြပ် ခြင်း​ကို ဘ​လွန်း​ဘတ်​က ဒီရေ​ကို​တားဆီး​ကြ​သူ​များ​ဟု တင်စား​သည်။ “ ကွန်​မြူ​နစ်​တွေ ရာ​စု​နှစ်​တ​ခု​လုံး⁠လုံး​မ​လုပ် နိုင်​ခဲ့​သည့်​အရာ​တွေ ကျွန်တော်​တို့​အတွက်​လုပ်​ပေး​ဖို့ နယ်စပ်​လုံခြုံ​ရေး​တပ်ဖွဲ့ တွေပေါ်​မှာ ကျွန်တော်​တို့​ကမျှော် လင့်​ပါ​တယ်။ ဒါ​ဟာ ဈေး​ကွက်​သဘော​အရ ရောင်း​လို​အား​နဲ့ ဝယ်​လို​အား​စီး​ဆင်း​နေ​တဲ့ သဘော​ကို ဆန့်​ကျင်​နေ တဲ့​အပြင် လူ​တွေ​ရဲ့​သ​ဘာ​ဝ​လွတ်လပ်​မှု​နဲ့​အခွင့်​အလမ်း​ရှာ​လို​မှု​တွေ​ကို တားဆီး​ပိတ်​ပင်​ရာ​ရောက်​တယ်။ ဒီ​လို တားဆီး​နေ​တာ​က ပင်လယ်ကမ်းခြေ​မှာ ကုလားထိုင်​တ​လုံးပေါ်​ထိုင်​ပြီး တက်​လာ​တဲ့​ဒီရေ​ကို မ​လာ​နဲ့​လို့​ပြော​နေ​သ လို​ပဲ” ဟု ဘ​လွန်း​ဘတ်​က ဆို​သည်။ “အမေ​ရိ​ကန်​ဟာ​လူ​သား​တိုင်း​ကို တန်းတူ​ညီမျှ​မှု​ပေး​နိုင်​တဲ့​မြေ၊ အမေ​ရိ​ကား​ကို တည်ထောင်​ခဲ့​ကြ​သူ​တွေ အရ​ယူ​ပေး​ခဲ့​တဲ့​လူ​သား​တိုင်း​ရ​သင့်​ရ​ထိုက်​တဲ့ အခွင့်အရေး၊ ခံစား​ခွင့်​တွေ​ဖြစ်​တဲ့ ဘဝ​ကို တည်ဆောက်​ခွင့် လွတ်လပ်​မှု၊ ပျော်​ရွင်​မှု​ကို ရှာဖွေ​နိုင်​ဖို့​အတွက် အခွင့်အရေး​တွေ​ပေး​နိုင်​တဲ့​နိုင်ငံ​ဖြစ်​နေ​သေး​သ​ရွေ့ အဝေး​က​ရော အနီး​က​ရော​လူ​တွေ​ဟာ ဒီ​နိုင်ငံ​ထဲ​ဝင်​ဖို့​ကြိုးစား​နေ​ကြ​ဦး​မှာ​ပဲ။
 
“၂​၀⁠၀​၁ စက်တင်ဘာ​တိုက်ခိုက်​မှု​မှာ တ​ကြိမ်​တ​ခါသာ​ဖြစ်​နိုင်​သည့်​လုပ်ကြံ​မှု​မျိုး​အဖြစ် ဘ​လွန်း​ဘတ်​က မ​ယုံကြည်​ပေ။ သူ​မြို့တော်​ဝန်​ရာထူး​ကို လက်ခံ​ခဲ့​ချိန်​တွင် အကြမ်း​ဖက်​မှု​တိုက်​ဖျက်​ရေး​ဗျူ​ရို​တ​ခု​ကို ဖွဲ့​စည်း​၍ ကမ္ဘာ​တ​ဝှမ်း​လုံး​မှ​နေ ၍ န​ယူး​ယောက်​မြို့​သို ဦးတည်​လာ​နိုင်​သည့် အကြမ်း​ဖက်​တိုက်ခိုက်​မှု​များ​နှင့် ပက်​သက်​သော သ​တင်း​အချက် အလက်​များ​စုဆောင်း​ရန် NYPD ထောက်လှမ်း​ရေး​ဌာန​နှင့် လက်​တွဲ​ဆောင်ရွက်​စေ​ခဲ့​သည်။
 
ပြည်​တွင်း​လုံခြုံ​ရေး​အတွက် ဗဟို​အစိုးရ​ခွဲဝေ​ပေး​သော ဘတ်ဂျက်​ကို အန္တရာယ်​များ​သည့်​နေရာ​များ​ကို လို​သ​လို​ခွဲ ဝေ​ပေး​စေ​လို​သည်။ အထူးသဖြင့် အကြမ်း​ဖက်​တိုက်ခိုက်​ခံ​ရ​မှု​ဖြစ်​နိုင်​ခြေ​အများ​ဆုံး ဖြစ်​သည့် မြို့​ကြီး​များ​မှာ ဘတ်​ဂျတ်​အများ​ဆုံး​ရ​သင့်​သည်​ဟု ၎င်း​က​ယုံကြည်​သည်။ ဘ​လွန်း​ဘတ်​မှာ USA PATRIOT ACT ကို​လည်း ထောက်ခံ​သူ​ဖြစ်​သည်။