သောမတ်စ် ဂျက်ဖာဆင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၈၂ -
၁၇၇၄ တွင် ထုတ်ဝေသော '''ဗြိတိသျှကိုလိုနီအမေရိကရှိ လူတို့၏ရပိုင်ခွင့်'''မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါးလက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရက်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် ဗြိတိသျှအစိုးရ တော်လှန်ပြီးနောက် လွတ်လပ်ရေးကြေငြာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။ သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။ အမေရိကန်လွတ်လပ်ရေး ကြေငြာစာတမ်းကြီးကို စီကုံး ရေးသားရာတွင် ထူးချွန်စွာ ဆောင်ရွက်စီမံနိုင်မှုကြောင့် ကျော်ကြားလာခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်သည် ပြည်သူတို့၏အကျိုးကို လိုလားသော စိတ်ဓာတ်ခံရှိသူဖြစ်သောကြောင့် ဒီမိုကရေစီဝါဒကို နှစ်ခြိုက်၏။ ဉာဏ်ပညာထက်သန်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း စသည်တို့ကြောင့် သူ့ကိုလူထုက များစွာ ကိုးစားကြလေသည်။
 
လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး '''ဗာဂျီးနီးယားပြည်နယ်မှတ်စု''' အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖေါ်ပြထားခြင်းဖြစ်သည်။ဖော်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။
 
၁၇၈၅ တွင် နိုင်ငံခြားသို့ သံတမန်ရေးရာ ဆောင်ရွက်ရန် [[ပြင်သစ်]]သို့စေလွှတ်ခံခဲ့ရသည်။ မကြာမှီပင် သံအမတ်အဖြစ် [[ဘင်ဂျမင် ဖရမ်ကလင်]]ကို ဆက်ခံသည်။ ပြင်သစ်တွင် ငါးနှစ်ကြာ နေထိုင်နေခဲ့စဉ်အတွင်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားခဲ့ကြသဖြင့် ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် ထိုအခြေခံဥပဒေတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေထည့်သွင်းရန် အထူးထောက်ခံခဲ့သည်။