မိန်းမလှကျွန်း: တည်းဖြတ်မှု မူကွဲများ

→‎လက်ရှိ အခြေအနေ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၁၇ -
 
== ဒဏ္ဍာရီ ပုံပြင်များ ==
သမိုင်းကြောင်း အနေနှင့် ကျွန်းပေါ်လာသည့် သက်တမ်းသည် မကြာမြင့်လှသေးကြောင်း ယူဆစရာရှိပြီး၊ အစောဆုံး အနေနှင့် ၁၈ ရာစု ခန့်တွင် ဖြစ်ပျက်ခဲ့သည်ဟု မှတ်တမ်း ရှိသည်။ ရှေးမြန်မာ ရာဇဝင်များနှင့် မွန်ရာဇဝင်များမှာလည်း ကျွန်းအကြောင်း ဖေါ်ပြထားခြင်းဖော်ပြထားခြင်း မတွေ့ရှိရပါ။ ခရစ်နှစ် ၁၇၅၉ ခန့်တွင် [[အလောင်းမင်းတရား]]ကြီး အောက်မြန်မာ နိုင်ငံကို သိမ်းသွင်းစဉ် ဩဇာ မခံယူလိုသော ကျုံ့တုံးမြို့စား မွန်မြို့စားကြီး ဗညားဇေယျ (ဘိုကလေးမြို့ သမိုင်းတွင် မွန်မင်းဗညားဇေယျဟု ဖော်ပြပါရှိသည်) နှင့် သူ့နောက်လိုက် နောက်ပါများ ပင်လယ်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်စဉ် မိန်းမလှကျွန်း၌ ကာလတစ်ခုအထိ စခန်းချ နေထိုင်ခဲ့ကြသည်ဟု သိရသည်။ (သုသေတန ပြုလုပ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးသော သမိုင်းဆိုင်ရာ အချက်အလက်တစ်ခု သာဖြစ်ပါသည်) မြို့စားကြီး စီးနင်းလာသော လှေကြီး၏ ဦးပိုင်းက ထော်ပိုင်ချောင်းအနီးမှာ ယနေ့ တိုင်ရှိသေးသည်ဟု ဆိုသည်။
 
ထိုဒေသသည် နတ်ကိုးကွယ် ယုံကြည်မှုမှာ ထင်ရှားသည့် နတ်တစ်ပါး ဖြစ်သော [[ရေငံပိုင် ဦးရှင်ကြီး]]၏ ဇာတိလည်းဖြစ်သည်။ ဦးရှင်ကြီး ယနေ့တိုင် နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ယုံကြည်ကြသည့် ကျွန်းညိုကြီးကျွန်းသည် မိန်းမလှကျွန်း၏ မြောက်ဘက်တွင် တည်ရှိသည်။ ရေငံပိုင်ဦးရှင်ကြီး၏ မွေးဖွားရာနေရာနှင့် ပက်သက်၍ အနည်းငယ် သဘောထား ကွဲလွဲနေတာတွေ့ရသည်။ တချို့က ဦးရှင်ကြီးကို ကျွန်းညိုကြီးမှာပဲ မွေးခဲ့တယ်လို့ ယုံကြည်ကြပြီး၊ တချို့ကလည်း ဦးရှင်ကြီး၏ မွေးဖွားရာ ဇာတိသည် ဗြုန်းမွှေးကျွန်းနှင့် မျက်နှာချင်းဆိုင်၊ မိန်းမလှ ကျွန်းပေါ်မှာ ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဆိုစေ ဒေသခံများဟာ အစွဲအလန်း အလွန်ကြီးမားပြီး ကျွန်းဟာ အင်မတန် နတ်ကြီးတဲ့ နေရာလို့ ယုံကြည်ကြသည်။ (အလွန်အမင်း ထုတ်ယူအသုံးပြုခြင်းဒဏ် ခံရမှု အနည်းဆုံး ဒီရေတောတွေထဲမှာ မိန်းမလှကျွန်းပါဝင်နေတာဟာ ဒီအချက် ကလည်း အထောက် အကူ ပြုတာ ဖြစ်နိုင်သည်။) ကျွန်းအနီးတွင် အပြောအဆိုမှအစ အမှား မရှိစေရန်၊ အထူးသဖြင့် [[မိကျောင်း]]များကို ရန်မရှာရန်ဟု ဆိုကြသည်။ ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင်ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟု ဆိုကြသည်။ တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ပါက ဦးရှင်ကြီးမှ မိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်း ယုံကြည်ကြသည်။