စပိန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၆၈ -
စပိန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းများတွင် တနှစ်လုံးလိုလိုပင် မိုးမျှတစွာ ရွာသွန်း၏။ ရာသီဥတုတွင်သာမဟုတ် မြေတွင်လည်း၊ အမျိုးမျိုးအစားစား ကွဲပြားခြားနားလေသည်။ စပိန်နိုင်ငံသည် တောင်ထူထပ်၍ သတ္တုတွင်းများ ပေါများသော်လည်း လူဦးရေ ၃ ပုံ ၂ပုံမှာ လယ်ယာစိုက်ပျိုး ခြင်းဖြင့် အသက်မွေးမြူကြလေသည်။ တစ်နိုင်ငံလုံးရှိ မြေ ၉၄ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုး၍ ဖြစ်ထွန်းဖွယ်ရာရှိသော်လည်း မြေအားလုံး၏ တစ်ဝက်ခန့်ကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။ ကျန်တဝက်မှာ စားကျက်များဖြစ်သည်။ စိုက်ပျိုးသော အဓိက ကောက်ပဲသီးနှံများမှာ ဂျုံနှင့်မုယောတို့ဖြစ်၍ မြင်းစားဂျုံ၊ ရိုင်းစပါး၊ ပြောင်း၊ ပဲ၊ အားလူးများကိုလည်း စိုက်ပျိုးလုပ်ကိုင်သည်။ ထိုပြင် ဆန်စပါး၊ ကြက်သွန်၊ သကြားမုန်လာများကိုလည်း စိုက်ပျိုး၏။ စပျစ်ခြံ၊ လိမ္မော်ခြံများလည်း အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်၍၊ ဝိုင်အရက်ချက်သောလုပ်ငန်းမှာ တွင်ကျယ်၏။ သိုး၊ နွား၊ ဆိတ်များကိုလည်း မွေးမြူကြသည်။
 
လယ်ယာစိုက်ပျိုးရေးအပြင် ကြီးကျယ်သော အခြားလုပ်ငန်းမှာ သတ္တုတူးဖေါ်ခြင်းဖြစ်သည်။သတ္တုတူးဖော်ခြင်းဖြစ်သည်။ ကျောက်မီးသွေး မြောက်မြားစွာ ထွက်သော်လည်း အမျိုးအစားမှာ ပထမတန်းစား မဟုတ်ချေ။ ကျောက်မီးသွေးအပြင် အခြားဓာတ်သတ္တုများမှာ သံ၊ သံမဏိ၊ ကြေး၊ ခဲ၊ သွပ်၊ ပြဒါးနှင့် တန်စတင်တို့ဖြစ်၏။ သစ်တောများမှ ထင်းရှူးသစ်နှင့် ဖေါ့များရရှိ၍ ထင်ရှူးဆီနှင့် တာရပင်ဆီများလည်း ရရှိလေသည်။ စပိန်နိုင်ငံတွင် ရှေးအခါက သစ်တောထူထပ်ခဲ့သော်လည်း၊ နေထိုင်စိုက်ပျိုးရေးအတွက် ခုတ်ထွင် ရှင်းလင်းလိုက်ကြသောကြောင့်တစ်ကြောင်း၊ သစ်တောထွက်ပစ္စည်းကို လူတို့ ထုတ်ယူအသုံးပြုဖန်များလွန်း၍တကြောင်း ယခုအခါ နိုင်ငံတစ်ခုလုံး၏ ၅ ရာခိုင်နှုန်းခန့်သာလျှင် သစ်တောများ ကျန်ရစ်သည်။ သစ်တောများ ပါးရှားသွား သဖြင့် ရာသီဥတု တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့ရာ၊ လေပြင်းတိုက်ခတ်ခြင်း၊ ဖုံထူခြင်းတို့ကြောင့် အချို့ကုန်းတွင်းပိုင်းဒေသများတွင် လူသူမနေထိုင်နိုင်တော့ချေ။
 
ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင်မူကား မြို့ကြီးပြကြီးများ၊ စက်ရုံများ၊ အလုပ်ရုံများ၊ တောင်ယာပဲခင်းများနှင့် သာယာလှ၏။ လူနေအိမ်ခြေလည်း ထူထပ်၏။ မြောက်ပိုင်းကမ်းခြေတွင် တံငါလုပ်ငန်း တွင်ကျယ်သဖြင့် ငါးစည်သွပ်လုပ်ငန်း ဖြစ်ထွန်းသည်။ ဥရောပတိုက် ကုန်သွယ်ရာဌာနကြီးများနှင့် နီးကပ်သော မြောက်ပိုင်းတွင် စပိန်နိုင်ငံ၏ကြီးကျယ်သော ကုန်ထုတ်ရေးလုပ်ငန်းကြီးများ တည်ရှိသည်။ [[ဘာစီလိုနာမြို့|ဘာစီလိုးနာ]]မြို့တွင် ချည်ထည်စက်ရုံများ၊ သိုးမွေးထည် စက်ရုံများရှိသည်။ ထိုမြို့မှ ဇာလည်းထွက်၏။ တစ်နိုင်ငံလုံးတွင် အထည်စက်ရုံပေါင်း ၂၁၈၀ ခန့်ရှိသည်။ မြောက်ပိုင်းရှိ ပြည်နယ်များတွင် ပိတ်ချောအထည်စက်ရုံများနျင့် စက္ကူစက်များ အများအပြား ရှိ၏။ တောင်ပိုင်းတွင် ပိုးထည်လုပ်ငန်းမှာ အရေးပါသော လုပ်ငန်းတစ်ခုဖြစ်၍ သံနှင့်သံမဏိလုပ်ငန်းအတွက် စက်ရုံအချို့ကို မကြာမီက တည်ဆောက်ခဲ့သည်။ ရေအားကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းမှာလည်း တဖြည်းဖြည်း တိုးတက်လျက်ရှိလေသည်။ သို့သော် ခြုံ၍ ကြည့်လျှင် စက်မှုလက်မှုလုပ်ငန်းမှာ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ရှိနေသည်ကို တွေ့ရပေသည်။