ဂျော့ ကလေမန်စိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
 
စာကြောင်း ၄၁ -
ကလေမန်စိုးသည် သတင်းစာမှနေ၍ အစိုးရအဖွဲ့ကို အမြဲတမ်း ဝေဖန်ရေးသားခဲ့သော်လည်း၊ သူကိုယ်တိုင် အစိုးရအဖွဲ့တွင် ပါဝင်ရန် များစွာ မလိုလားခဲ့ချေ။ သို့ရာတွင် အခြေအနေအရ ၁၉ဝ၆ ခုနှစ်၌ ဆီနိတ် လွှတ်တော်အမတ်အဖြစ်ဖြင့် ဆောင်ရွက်နေစဉ် ပြည်ထဲရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရပြီးလျှင်၊ ထိုနှစ်ကုန်ခါနီးမှ ၁၉ဝ၉ ခုနှစ်တွင်အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ ၁၉၁၁ ခုနှစ်တွင် ကလေမန်စိုးသည် အထက်လွှတ်တော်အမတ်အဖြစ်နှင့်ပင် ပြည်တွင်းအခြေအနေနှင့် နိုင်ငံခြားရေးပြဿနာများတွင် အမြော်အမြင်ရှိသူဖြစ်သည့်အတိုင်း၊ ဂျာမနီ၏ရန်ကို စိုးရိမ်ရကြောင်း ပြင်သစ်အစိုးရအား အတိအလင်း သတိပေးခဲ့၏။ သို့ရာတွင် အစိုးရက တစ်စုံတစ်ရာ အရေးမယူဘဲနေသဖြင့်၊ ၁၉၁၃ ခုနှစ်တွင်'လွတ်လပ်သူ'အမည်ရှိ သတင်းစာတစ်စောင်ကို ထုတ်ဝေပြီးနောက်၊ ထိုသတင်းစာမှနေ၍ ဂျာမန်ရန်ကို ခုခံနိုင်ရန်အတွက် ပြင်သစ်လူထုအား စစ်အတတ် လေ့လာသင်ကြားရန်နှင့် လက်နက်အင်အားများ တိုးချဲ့စုဆောင်းရန် အပြင်းအထန် နှိုးဆော်ရေးသားခဲ့လေသည်။
 
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားရာ၊ ဂျာမန်တို့၏ အလုံးအရင်းနှင့် တိုက်ခိုက်ခြင်းဒဏ်ကို ပြင်သစ်တို့ အလူးအလဲ ခံရလေသည်။ ထိုအခါ ကလေမန်စိုးသည် အစိုးရအား သူ၏ကြိုတင်သတိပေးချက်ကို လက်မခံ၍ မှားခဲ့ကြောင်းနှင့် စစ်အောင်နိုင်ရေးအတွက် ပြုပြင်သင့်သည့်အချက်များကို ထုတ်ဖေါ်၍ထုတ်ဖော်၍ အပြင်းအထန် ရှုတ်ချရေးသားပြန်ရာ၊ ထိုသတင်းစာကို အစိုးရက ပိတ်ထားလိုက်လေသည်။ သို့သော် ကလေမန်စိုးသည် ချက်ချင်းပင် 'မလွတ်လပ်သူ'အမည်ဖြင့် သတင်းစာတစ်စောင်ကို ထုတ်ဝေပြန်လေသည်။
 
၁၉၁၆ နှင့် ၁၇ ခုနှစ် များတွင် ပြင်သစ်လူထုသည် စစ်ဒဏ်ကို မခံနိုင်ကြတော့သဖြင့် စစ်ပြီးရန် လိုလားလျက် ရှိသော်လည်း၊ ကလေမန်စိုး၏ သတင်းစာမှာမူ စစ်အောင်နိုင်ရေးကိုသာ သွေးထိုးရေးသားလျက် ရှိလေသည်။ ထိုအချိန်တွင် နိုင်ငံကို ဦးစီးမည့် ခေါင်းဆောင်ကောင်း လိုအပ်သဖြင့်၊ ပြင်သစ်သမ္မတကြီး ပွန်ကရေးက ကလေမန်စိုးအား ဝန်ကြီးချုပ်နှင့် စစ်ဝန်ကြီးရာထူးကို အပ်နှင်းခဲ့သည်။ ထိုအခါ ကလေမန်စိုးသည် မိမိနှင့်စိတ်သဘောချင်းတိုက်ဆိုင်သော အခြားခေါင်းဆောင်ကြီးများနှင့် စစ်အောင်နိုင်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးလျှင်၊ စစ်တပ်တွင်လည်းကောင်း၊ အုပ်ချုပ်ရေးဖက်၌လည်းကောင်း၊ အရည်အခြင်းနှင့်မပြည့်စုံဟု ထင်ရသူ အားလုံးကို ချက်ချင်းရာထူးမှ နုတ်ပစ်လေသည်။ စစ်တပ်ကိုလည်း တစ်နိုင်ငံလုံးက လေးစားမှုရှိလာစေရန် ဂုဏ်ပြုမြှင့်တင်ခဲ့၏။ စစ်မက်ရေးရာ အားလုံးကို မာရှယ်ဖေါ့အား အပ်နှင်း၍ စီမံခန့်ခွဲစေသည်။ ဤသို့ ကလေမန်စိုးသည် ပြင်သစ်နိုင်ငံကို စစ်နိုင်အောင် စွမ်းဆောင်ပေးခဲ့လေသည်။ ပထမကမ္ဘာစစ်ကြီးပြီးဆုံး၍ စစ်ပြေငြိမ်းရေးညီလာခံကြီးကို ပါရစ်မြို့တော်တွင် ကျင်းပသောအခါ၊ ကလေမန်စိုးအား ဥက္ကဋ္ဌကြီးအဖြစ် တင်မြှောက်ကြသည်။ သူသည် ဂျာမန်တို့အား အနည်းငယ်မျှ ယုံကြည် စိတ်ချခြင်း မရှိသဖြင့်၊ ထိုညီလာခံတွင် ဂျာမန်တို့ထံမှ လက်နက်ခဲယမ်းမီးကျောက်အားလုံးကို သိမ်းဆည်းရန် အကြံပေးခဲ့လေသည်။ ထိုစစ်ပြေငြိမ်းရေး