ဒုံးလွှတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာသားအော်တိုစားထိုးဘော့ -ဖါ +ဖာ
အရေးမကြီး အော်တိုစားထိုးဘော့ -ပရိတ်သတ် +ပရိသတ်
စာကြောင်း ၂၂ -
ရှေးက ဒုံးလွှတ်ပွဲကို ရှင်ပြုပွဲများ ပြီးဆုံးသောအခါ ရှင်ပြုပွဲ ပြီးဆုံးခြင်း၏ အထိမ်း အမှတ်အဖြစ် လည်းကောင်း၊ ရာသီဥတု ကောင်းမွန်သာယာရေး၊ တောင်ယာထွက်သီးနှံများ အောင်မြင်ရေး ၊ပိုးမွှားဖျက်ဆီးမှု ကင်းဝေးစေရေး၊ စီးပွားရေးဖွံ့ဖြိုးရေး၊ နှစ်သစ်ကူးပွဲတွင် မိမိတို့ဒါန အောင်မြင်မှု အထိမ်းအမှတ်အဖြစ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ဆုတောင်းသည့် ပွဲအဖြစ် ကျင်းပခဲ့ကြသည်။ ယနေ့တိုင်ပင် ကျင်းပဆဲဖြစ်၏။ ဒုံးလွှတ်ပွဲသည် စည်ကားပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသဖြင့် ဤပွဲတွင် တစ်နယ်တစ်ရွာစီ ကွာဝေးသော ဆွေမျိုး မိတ်သင်္ဂဟများကိုလည်း ပြန်လည်ဆုံတွေ့ ကြရလေသည်။
 
ဒုံးလွှတ်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်ကြ၏။ ရှမ်းပြည်နယ် ပအိုဝ်းတိုင်းရင်းသား တို့သည် ဒုံးလွှတ်ပွဲကို နေရာအနှံ့အပြားတွင် ကျင်းပကြ၏။ ဒုံးလွှတ်ပွဲကို နှစ်စဉ် နှစ်သစ်ကူးချိန် ကဆုန်၊ နယုန်လများတွင် ကျင်းပကြသည်။ ဝါဆိုလပြည့်ကျော်လှျင် ဒုံးလွှတ်ပွဲများ ကုန်လေသည်။ သို့သော် ယခုအခါတွင် တော်သလင်းလ အထိ ကျင်းပနေကြသည်ကို တွေ့ကြရသည်။ တောင်ခရိုင် ဇရပ်ကြီးမြို့တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် သင်္ကြန်အခါတွင် ကျင်းပလေ့ရှိကြသည်။ ဒုံးလွှတ်ပွဲကို စေတီပုထိုးအနီးတွင် ကျင်းပကြပြီး ရဟန်းသံဃာ များကိုလည်း ပင့်ဖိတ်ကာ ဆွမ်းကပ်ကြသည်။ လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီး တရားတော်ကို နာယူကြသည်။ လူထုပရိတ်သတ်ကိုမူလူထုပရိသတ်ကိုမူ ထမင်းထုပ်ကမ်းခြင်း၊ယာဂုထုပ် ကမ်းခြင်းဖြင့် ‘ဧည့်ခံ´ကြလေသည်။
 
ရှေးက ပအိုဝ်းတိုင်းရင်းသားတို့သည် ဒုံးကို ဝါးကျည်ထောက်များဖြင့်ပြုလုပ်ကြ၏။ နောင်တွင် သွပ်ပြားဖြင့် ပြုလုပ်လာကြ၏။ ယခုအခါမော်တော်ကား”ဂွိုင်း” သံပိုက်များဖြင့် ပြုလုပ်ကြသည်၊ ဒုံးလွှတ်ပြီးပါက သံပိုက်ကိုပြန်သိမ်းထားကြသည်။ အချို့ကလည်းဒုံးပြုလုပ် သည့်ဒုံးဆရာ၏ အိမ်တွင် ထားကြ၏။