ပြက္ခဒိန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အပ်ပါသည် +အပ်သည်)
စာကြောင်း ၁၁၆ -
ဤတင်ပြထားသော ပေမူလာ ရခိုင်ပြက္ခဒိန်စနစ်သည် ယခုခေတ်စနစ်နှင့် မတူချေ။ ရှေးခေတ်စနစ်သုံး ပြက္ခဒိန်သာဖြစ်ပေသည်။ လပြည့်လကွယ်ကိုသာ အဆုံးပြထားရာ လဆန်းရက်စဉ်၊ လဆုတ်ရက်စဉ်ကို တွေး ဆ၍သာ ဖတ်ယူရပေမည်။ သို့သော် တနင်္ဂနွေနေ့၊ တနင်္လာနေ့စသော နေ့စဉ်များကား ဖော်ပြပါရှိပေသည်။ ထို့ပြင် ဂြိုဟ်စဉ်နှင့် အမြင်နက္ခတ် စသည်တို့ကိုလည်း ပြဆိုထားပေရာ ရှေးခေတ်ပြက္ခဒိန်စနစ် မည်သို့ရှိခဲ့ သည်၊ မည်သို့ပုံစံရှိသည် စသော ဗေဒင်ပညာ ဗဟုသုတတို့ကိုပါ လေ့လာရရှိနိုင်ပေသည်။ ထို့ပြင် ဤယခု တင်ပြပါ ပြက္ခဒိန်မှာ ရခိုင်နရအဘယရာဇာမင်း လက်ထက်မှ သတ်မှတ်ခဲ့သော ပြက္ခဒိန်ကို မူထား၍ စီစဉ် ထားခဲ့ဖြင်းဖြစ်ရာကား ယခုရခိုင်ပြက္ခဒိန်များသည် ဤဖော်ပြပါ ပေမူလာ ပြက္ခဒိန်မှ ဆက်ကာ ဆက်ခံလာ ခဲ့ရကြောင်း သိနိုင်သည်။
 
ယခုနမူနာအဖြစ် ပေမူရင်းမှ တစ်လအတွက် ပုံစံ(၁)၊(၂)ပြု၍ ဖော်ပြလိုက်ရပေသည်။ ထိုသို့ဖော်ပြရာ ၌ ပေမူရင်းတွင်ပြရှိထားသော ဂဏန်းကိုလည်း နမူနာအဖြစ်တင်ပြအပ်ပါသည်။နမူနာအဖြစ်တင်ပြအပ်သည်။ ဤ၌ သိသာရန်ယခု အများသုံး ဂဏန်းဖြင့်လည်း တင်ပြရခြင်းဖြစ်ပေသည်။
 
နမူနာပြပုံစံ(၁)၊(၂)ကို သိသာရန်မှာ ပုံစံ(၁)တွင် အစရင်းလာ လဆန်းတစ်ရက်ဇယား ကွက်၌ ထိပ်စီး(၆) သည် သောကြာနေ့ကိုပြသည်။ ၎င်းအောက် ဝဲဘက်ကွက်တွင်ရှိ ၆၊၁၃၊၃၃ တို့သည် တနင်္ဂနွေဂြိုဟ်စဉ်ကို ဖော်ပြသည်။ ၎င်းအောက် ၀၊၁၀ သည် တိထီနှင့် ဃဋီကို ဖော်ပြသည်။