အနောက်နန်းမိဖုရား မမြလေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အနောက်နန်းမတော် မမြလေး စာမျက်နှာကို အနောက်နန်းမိဖုရား မမြလေး သို့ P0rnytailက ရွှေ့ခဲ့သည်: နန်းမတော်ခေါ်တောင်နန်းမှာ မိဖုရားခေါင်အတွက်သာ သုံး
အရေးမကြီး အော်တိုစားထိုးဘော့
စာကြောင်း ၂၃ -
အမရပူရ နန်းတော်တွင်း၌ ယခု ယာယီ ဥက္ကလာပ စံနန်းတော်တွင်းတွင် မြဝတီမင်းကြီး၊ ပြင်စည်မင်းသား ကြီး နှင့် အနောက်နန်း မိဖုရား မမြကလေးတို့၏ သီချင်းကဗျာ ဂီတ အဖွဲ့အနွဲ့ တို့ကို ဖတ်ရွတ် သီဆိုမှု ပြုကြ သော နန်းတွင်းသား၊ နန်းတွင်းသူတို့၏ နှုတ်ဖျားတွင် ပြည်မင်းသား၏ သီချင်းတစ်ပုဒ်ကလည်း ကြိုကြား ပေါ်ပေါက်ခဲ့ပြန်ပါသည်။
 
ပြည်မင်းသားသည် (သာယာဝတီ) ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးတစ်ပါး ဖြစ်ပါသည်။ဖြစ်သည်။ ဥက္ကလာပ စုန်တော် မူခဲ့ရာတွင် ရေတပ်တော်ကြီး၏ ရှေ့တပ်ဦးစီး ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တော်မူ၍ ၎င်း၏ ညီတော် ပခန်းမင်းသား အား နောက်တပ် ဗိုလ်ချုပ်၊ ဗိုလ်မှူးခန့်အပ်ပါသည်။ ခမည်းတော် ရွှေဘို မင်းတရားကြီး သည် သားတော်ကြီး ပြည်မင်းအား အလွန် ချစ်မြတ်နိုးတော်မူလှ၍ ငယ်စဉ်ကစပြီး နာမည် ကို မခေါ်ဘဲ "အစ်ကိုကြီး" ဟုသာ ချစ်စနိုး ခေါ်တော်မူလေ့ရှိပါသည်။ ပြည်မင်းသားသည် ကဗျာ ဂီတ ဘက် ၌လည်း ဝါသနာထုံတော်မူပါသည်။ မင်းတို့၌ တတ်မြောက်ကျွမ်းကျင်ရာသော လက်ရုံးရည် ဘက်တွင် သာမက နှလုံး ရည်ဘက်မှာလည်း အလေးအနက် ပြည့်၀ ကုံလုံသော မင်းသားကြီး တစ်ပါး ဖြစ်ပါသည်။ဖြစ်သည်။
 
ပြည်မင်းသားက စာဆိုတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ရသူ စာဆိုဖော်၊ ကဗျာဂီတ ညှိနှိုင်း ဆွေးနွေးဖော် တို့မှာ သက်ကြီးပိုင်းမှ မြဝတီဝန်ကြီး ဦးစ၊ ပြင်စည်မင်းသားကြီး စသည်တို့ ဖြစ်၍ ၎င်း နှင့် သက်တူရွယ်မျှထဲက ဆိုလျှင် မိထွေးတော် အနောက်နန်း မိဖုရား မမြကလေးတို့ ဖြစ်ကြပါသည်။
စာကြောင်း ၃၂ -
 
ပြည်မင်းသား ကလည်း ရွယ်တူ ဖြစ်စေကာမူ မြကလေးဟူ၍ ရင်းရင်းနှီးနှီး မခေါ်ပိုင်၊ မိထွေး အမေကလေး နေရာ၌ ထားကာ "မြလေးမေ"ဟူ၍ "မေ"တစ်လုံး အလေးထား၍ ထည့်ခေါ်လေ့ ရှိပါသည် တဲ့။
ပြည်မင်းသား ထံမှ သူ သီကုံးထားသော ကဗျာဂီတများကို မြကလေးဖတ်ရှုစေရန် မကြာခဏ ကိုယ် လုပ်တော် ရှင်မွှေးအား စေလွှတ်ပေးပို့လေ့ရှိကြောင်း သိရှိခဲ့ရဖူးပါသည်။ ပြည်မင်းသား ရေးဖွဲ့သော သီချင်းများ အနက် အောက်ပါ ပတ်ပျိုးသီချင်းတစ်ပုဒ်ကို ထောက်ရှုခြင်းအားဖြင့်လည်း ပြည်မင်းသား၏ ပညာ ကို ရိုသေလေးစားခန့်ညားရန် တွေ့မြင်ရမည်ဖြစ်ပါသည်။တွေ့မြင်ရမည်ဖြစ်သည်။
 
အနောက်နန်းမိဖုရား မြကလေးကလည်း အသက်အရွယ် ငယ်ငယ်၊ ချောချောလှလှ၊ ရွှေဘို မင်းတရားကြီး က သူ့ထက် "အသက်တစ်ပြန်ကြီးသူ" ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး၏ သားတော် ကြီး ပြည်မင်းနှင့် မမြကလေး က သက်တူရွယ်တူ ဖြစ်နေရာ အနုပညာဂီတကဗျာ ဝါသနာထုံသူ နှလုံးသား ချင်းတူသူဖြစ်၍ ပြည်မင်း က မြကလေးအား ဖခမည်းတော်ကိုယ်စား သနားခြင်း၊ ညှာတာခြင်းများရှိပြီး ခမည်းတော်က မြကလေး အပေါ် ကြင်နာတော် မမူတော့သယောင် အခြေအနေတွင် တွေ့မြင် သိရှိရသော အခါ "အဖေ ကလည်း ဗျာ၊ သူ့ခမျာ သနားစရာကလေးပါ၊ ပစ်ပယ်မထားပါနဲ့" ဟု အရပ်သား သာမန်လူတန်း စား တို့လိုလည်း ပြောရဲမည် မဟုတ်လေတော့ စုတ်သပ်၍ သနားကြင်နာနေရုံမှတစ်ပါး အခြားမတတ်နိုင်ရှိခဲ့ ပါသည်။ စင်စစ် ရွှေဘိုမင်းတရားကြီးက အနောက်နန်းမိဖုရား မြကလေးကို မင်းသား ဘဝက ရန္တပိုစာချုပ်ကိစ္စနှင့် လာရင်း ဟင်္သာတမြို့ ရောက်စဉ်၌ တွေ့မြင် ကောက်ယူတော်မူခဲ့ပြီးလျှင် အလွန်ပင် ချစ်ခင်မြတ်နိုးတော်မူ ခဲ့ပါသည်။ မင်းမျိုးနွယ်အတွင်းမှ ကိုယ်လုပ်တော်ကြီးများကိုပင် နန်းရ၊ ဆောင်ရ မိဖုရားအရာ မပေးခဲ့ဘဲ သာမန် အရပ်သူ မြကလေးအား အနောက်နန်း မိဖုရားကြီးအရာမြှောက်၍ ရတနာအစုအပုံထက်၌ ဘိသိက် သွန်းခြင်း၊ "သီရိမဟာသုတ ရတနာဒေဝီ" အမည်နှင့် ရွှေဘွဲ့ချီတော်မူပြီး ရွှေလောင်းတိုက်ကို မြို့စား ပေး သနားတော်မူခဲ့သည်။ တောင်နန်းစံ မိဖုရားခေါင်ကြီးမှလွဲ၍ မြောက်နန်းမိဖုရား အလယ်နန်း မိဖုရားကြီးများ နှင့်အတူ အနောက်နန်း မိဖုရားကြီးအဖြစ် မြှောက်စားသနားတော်မူခဲ့ပါသည်။
စာကြောင်း ၃၉ -
 
သည်တော့ ဟိုမိန်းမတွေဆီ သွားနေရတာကြောင့် မြလေးအတွက် ရက်မရခြင်း မဟုတ်ဘဲ အသက်အရွယ် တော် ကလည်း ထောက်လာပြီဖြစ်လို့ လောကီစည်းစိမ် ချိုးနှိမ် ခြိုးခြံပြီး တိုင်းရေး ပြည်ရေး၊ သာသနာ တော် အရေး ၌ အလေးသာ၍ နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု တစ်နည်းတစ်ဟန် ကြံဖန် သုံးသပ် ကြည့်မည် ဆို လျှင်လည်း ဖြစ်နိုင်ပါသေးသည်။
နောက်တစ်ချက် ဆွေးနွေး၍ အတွေးနယ်ချဲ့ဖို့ ကိစ္စတွေကဖြင့် မြကလေး၏ ဘဝမှာ နာကြည်းစရာတွေ တကယ် ပေါ်ပေါက်လာရခြင်းပင်ဖြစ်ပါသည်။ပေါ်ပေါက်လာရခြင်းပင်ဖြစ်သည်။
 
ရွှေဘိုမင်းတရားကြီးသည် အသက် ၃၀ အရွယ် သာယာဝတီမင်းသားဘဝက အနောက်နန်း မိဖုရား မမြကလေး အား ၁၁၈၈ ခုနှစ်တွင် သိမ်းပိုက်တော်မူပါသည်။ ၁၁၇၁ ခုနှစ်တွင် မွေးဖွားသူ မြကလေးသည် သာယာဝတီမင်း ကောက်ယူတော်မူစဉ်အခါက အသက် ၁၇ နှစ်မျှသာရှိပါသေးသည်။ သာယာဝတီမင်း သည် ဘကြီးတော် လက်ထက် သာယာဝတီ မင်းသားအဖြစ်နှင့် လွှတ်တက်မင်းသားကြီး အစီးအနင်း အဆောင် အရွက် ထက် လွန်ကဲ၍ အိမ်ရှေ့မင်းတို့ တာဝန်နီးနီး နိုင်ငံတာဝန် ထမ်းရွက်နေစဉ် ဖြစ်ပါသည်။ဖြစ်သည်။
 
မမြကြုတ်ခေါ် မြကလေးသည် သာယာဝတီ မင်းသား၏ ကြင်ရာတော်ဘဝ၌ ပထမ သားဦးရတနာတစ်ပါး ထွန်းကား ပါသည်။ ၎င်းသားတော်သည် ငယ်စဉ်အခါကပင် ကွယ်လွန်အနိစ္စ ရောက်သွားပါသည်။ ထိုနောက် ၁၁၉၅ ခုနှစ်၊ မမြကလေး အသက် ၂၄ နှစ် အရောက်၊ သာယာဝတီမင်း၏ ကြင်ရာတော်အဖြစ် ၇ နှစ် မြောက် တွင် သမီးတော် လှိုင်မြို့စားကို ဖွားမြင်တော်မူပါသည်။
စာကြောင်း ၆၄ -
မြန်မာသက္ကရာဇ် ၁၂၀၅၊ ခရစ်နှစ် ၁၈၄၃-ခုနှစ် သူမကွယ်လွန်ခင် (၂)နှစ်အလိုက တည်ခဲ့သည်။ (ရှေးစာအရ အနောက်နန်းမတော်မမြလေးဟု ဆိုသော်လည်း ထိုဘုရားတွင် မမြတ်လေးဟု ရေးထိုးထားပါသည်။)
စစ်ကိုင်း-မန္တလေးလမ်း ကနေလာမယ်ဆိုရင် ကန်တော်ကြီးအရှေ့ဘက်အဝင်လမ်းကနေ အနောက်တည့်တည့် ဝင်လာလိုက်မယ်ဆိုရင် ဇီဝိတ ဒါန သံဃာဆေးရုံကိုကျော်လိုက်ရင် ဒီမမြလေးဘုရားကိုရောက်ပါသည်။ ဘုရားအရှေ့ဘက်တွင် [[ပြည်ကြီးမွန်ဖောင်တော်]]ရှိပါသည်။
စောင်းတန်းတက်တက်ခြင်း အတွင်းလှိုဏ်ထဲကိုရောက်သွားမှာဖြစ်ပါသည်။အတွင်းလှိုဏ်ထဲကိုရောက်သွားမှာဖြစ်သည်။ ဆင်းတုတော်ထားရှိရာနေရာသည် သိပ်မကျယ်ပြန့်ပါ။
ဘုရားပုရဝုဏ်၏ မြောက်ဘက်တွင် ကြီးမားသော ညောင်ပင်ကြီးရှိပါသည်။ မြောက်ဘက်ခြမ်းတွင် အနောက်နန်းမတော်မမြလေး ကုသိုလ်လို့ စာတမ်းထိုးထားသည့် ဇရပ်ကြီးတစ်ဆောင်ရှိပါသည်။ အနောက်ဘက်မှာ နတ်နန်းတစ်ခုနှင့် ရုပ်တုတစ်ခု။ ကျိုက်ထီးရိုးပုံစံ စေတီငယ်တစ်ဆူ။
ဘုရားတောင်ဘက်ခြမ်းမှာ မမြလေး၏ ပုံစံငယ်ရုပ်တုနှင့် နတ်နန်းတစ်ခု တည်ရှိလေသည်။