ရွှေဘ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဆိုပါသည် +ဆိုသည်)
 
စာကြောင်း ၃၀ -
၁၉၄၄-ခုနှစ်တွင် ပဲရော့ရုပ်ရှင် ကုမ္ပဏီမှ ဒါရိုက်တာ ဖေကြိုင်က ''သတ္တိ ဗျတ္တိ'' အမည်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် စီစဉ်သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်ထားသူမှာ မင်းသားကျော်ရွှေ (နောင် [[ကျော်ဆွေ]]ဟုအမည် ပြောင်းလဲခဲ့သူ) ဖြစ်သည်။ ဇာတ်လမ်းအရ မင်းသား ကျော်ရွှေသည် မော်တော်ဆိုင်ကယ် စီးကာ စော်ဘွားကြီးကုန်း တောင်ကုန်းပေါ်မှ ခုန်ချရမည့် အခန်းပါရှိသည်။ ဒါရိုက်တာဖေကြိုင်က ဤအခန်းကို လူစားမထိုးဘဲ မင်းသားကျော်ရွှေ ကိုယ်တိုင် သရုပ်ဆောင်ရန် ပြောဆိုသည်။ သို့သော် ကျော်ရွှေက ငြင်းပယ်သည်။ သူ့အနေဖြင့် လူစားထိုး ရိုက်ကူးရန်သာ ဆန္ဒရှိခဲ့သည်။
 
နောက်ဆုံး ဒါရိုက်တာနှင့် သရုပ်ဆောင်မင်းသားအကြား အချေအတင် အငြင်းအခုံ ဖြစ်ကြကာ အစီအစဉ် ပျက်သွားသည်။ ဒါရိုက်တာ ဖေကြိုင်က မင်းသားကျော်ရွှေအား "မလုပ်နိုင်ရင် ထွက်သွား၊ မင်းမရှိရင်လည်း မင်းရဲ့အဘ လာလိမ့်မယ်"ဟူ၍ ရင့်ရင့်သီးသီး ပြောဆိုခဲ့သည် ဆိုပါသည်။ဆိုသည်။ ဤသို့ဖြင့် ဒါရိုက်တာဖေကြိုင်က သရုပ်ဆောင်မင်းသားသစ် အပူတပြင်း ရှာဖွေရတော့သည်။ နောက်ဆုံး ရေကျော် လမ်း၅၀ တွင် သံဖြူလုပ်ငန်း လုပ်ကိုင်နေသော အေးကြည်ဆိုသော လူငယ်ကလေးကို သွားတွေ့ကြသည်။ အေးကြည်သည် ဒါရိုက်တာ ဆရာခန့်၏ ''လက်နက်ပုန်း'' အသံတိတ်ဇာတ်ကားတွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည် ဆို၏။ နောက်ဆုံး ဒါရိုက်တာ ပဲရော့ဖေကြိုင်ပြောသည့် ကျော်ရွှေမရှိလျှင် ကျော်ရွှေ၏ အဘလာလိမ့်မည် ဟူသောစကားအရပင် လူငယ်ကလေးမှာ ရွှေဘ ဖြစ်လာခဲ့သည်။
 
== ဓာတ်ပုံများ ==