ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး အော်တိုစားထိုးဘော့ |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -ရှိပါသည် +ရှိသည်, -တူပါသည် +တူသည်, -ခဲ့ပါသည် +ခဲ့သည်, -ရပါသည် +ရသည်) |
||
စာကြောင်း ၂၄ -
== ပေါ်ထွန်းလာပုံ ==
ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း
ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် <ref> (ကုလား၊ မဟာရာဇဝင်တော်ကြီး၊ ပ၊ ၁၉၆ဝ၊ ၁ဝ၉)။</ref>
ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားတောင်ပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု
ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ
ပုပ္ပားတောင် ဝန်းကျင်ဒေသသည် ရှေးက ယခုမျက်မှောက် အချိန်အခါထက် ရာသီဥတု ကောင်းနိုင်သကဲ့သို့ တောလိုက်၍ လူနေ၍ ကောင်းသောနေရာလည်း
== ရာဇဝင်လာ ==
စာကြောင်း ၄၆ -
မြန်မာရာဇဝင်ကျမ်းများတွင် ပုပ္ပားတောင်ကို [[ပုဂံခေတ်]]အပိုင်း၌ များစွာအရေးထား ဖော်ပြပေးနေသည်မှာ ထိုဒေသ သည် အလွန်ရှေးကျသော ကာလများကတည်းက စဉ်ဆက်မပြတ် လူနေရှိနေခဲ့ကြောင်း၊ အရေးပါသော နေရာဌာန တခုဖြစ်ခဲ့ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်ပါမည်။ ဤသို့ဆိုလျှင် [[ကျောက်ခေတ်]]ဦး သို့မဟုတ် ကျောက်ခေတ်နှောင်း ကာလ ယဉ်ကျေးမှုစတင်ထွန်းကားစပြုကတည်းက ထူးခြားသော တောင်အဖြစ်လည်းကောင်း၊ အားထားကိုးကွယ် လောက်သော (မြင့်မြတ်သော နတ်) တောင်အဖြစ်လည်းကောင်း စဉ်းစားခဲ့ကြမိမည်မှာ ယုံမှားသံသယ ကင်းပါသည်။ တနည်းအားဖြင့် ပုပ္ပါးကို နတ်တို့နေရာဟူ၍ လက်ခံယုံကြည်နေလောက်ပြီဟူ၍တည်း။
ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန်
== ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပါး ==
စာကြောင်း ၆၀ -
မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တောင်တက်ပွဲကျင်းပခဲ့သည်ကိုမူ အထင်အရှား မသိရပေ။ စင်စစ်မြင့်မြတ်သော နတ်တောင်ဟု အသိအမှတ်ပြုထားသောကြောင့်သာဟု ထင်မိပါသည်။ မည်သည့်နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်နေမှုမျိုး စောစောပိုင်းက မရှိသေးဟုလည်း တွေးဆရသည်။
ပျူမင်းထီးနောက် လေးဆက်မြောက် ဖြစ်သော သေဉ်လည်ကြောင်မင်း ([[အေဒီ]] ၃၄၄-၃၈၇){{ကိုးကားချက်လိုသည်}} လက်ထက် ရောက်သောအခါ ပုပ္ပား၏ သမိုင်းကြောင်း ပြောင်းလဲစပြုပြီဟု
မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် မင်းမဟာဂီရိကို အမည်နာမဖြင့် အစောဆုံး သိရှိခွင့်ရသော နတ်တပါး ဖြစ်သည်ဟု
ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန်
ဥမျိုးမဟုတ်ဖြစ်၍ မဟာဂီရိနတ်မထွက်၊ စကားမဆို၊ ပူဇော်ပသဖို့ ချက်သော ကျွဲသား၊ နွားသား၊ ဝက်သား၊ ဆိတ်သား တို့လည်း မကျက်ရှိလေ၍ ပညာရှိတို့ကို မေးတော်မူသောအခါ “မင်းရိုးမဟုတ်သောကြောင့် နတ်မင်း စကားမဆိုသည်၊ အမဲသား ငါးလည်း ကျက်မြဲမကျက်သည်” ဟုလျှောက်သဖြင့် မင်းရိုးမင်းစဉ် မပျက်ကောင်း ပလေဟု မင်းသားရွှေအုံးသီးကို သမီးတော်နှင့် ဆောင်နှင်း၍ အိမ်ရှေ့ပေးတော်မူ၏။ (ရာဇဝင်သစ်၊ပ၊ ၁၉၆၈၊ ၆၅)
စာကြောင်း ၉၉ -
အစဉ်အလာအရ ပုဂံခေတ်က ကဗျာဟုဆိုသော်လည်း ဝေါဟာရအချို့တို့မှာ ပုဂံခေတ်၌ မတွေ့ရှိရဖူးသေးသဖြင့် ချင့်ချိန်ဖွယ်ရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ပုပ္ပားနှင့် စံကားပန်း၊ ပုပ္ပားနှင့် နတ်တောင်တို့ တွဲမိနေသည်ကိုမူ တွေ့ရှိနေရသည်။ စာက ပုဂံခေတ် မဟုတ်သည်တိုင် အကြောင်းအရာက ပုဂံခေတ်ကို ညွှန်းသည်ဟုပင် ဆိုရပါမည်။ သို့ဖြင့် ပုပ္ပား၏ ဒဏ္ဍာရီဇာတ်လမ်းများကလည်း နှောင်းလူတို့အတွက် သာ၍ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဖြစ်လာရ လေတော့သည်။
ထို့ထက် နောက်ကျမည် ယူဆရသော ပုပ္ပားတောင်နှင့် နတ်မောင်နှမဘွဲ့ အချင်းငယ် ကဗျာတပုဒ်ကိုလည်း တွေ့ရှိ ရဖူးသေးသည်။ ထိုကဗျာက ပုပ္ပါး၏ ရှေးက အနေအထားကို ဖော်ပြပေးသဖြင့် မျက်မှောက် အနေအထားတို့ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်နိုင်ပေသည်။ စင်စစ် ယင်းကဗျာစာပေတို့သည် အင်းဝခေတ်ထက် စောနိုင်စရာမရှိဟု
ပုပ္ပားတောင်သည်<br />
စာကြောင်း ၁၃၂ -
နတ်နှင့် မြန်မာမင်းများတွေ့သောလ
ပျူမင်းထီးလက်ထက်တော်ကစ၍ ပုဂံဘုရင်တို့ ပုပ္ပားတောင်တက်ပွဲကို ကျင်းပလာခဲ့ကြရာ ပုဂံပျက်သည့်တိုင် ဓလေ့တခုဖြစ်လာခဲ့ဟန်ရှိသည်။ သို့သော် မည်သည့်လတွင် ကျင်းပခဲ့သည်ဟု အစောပိုင်းက ဖော်ပြခြင်းမရှိ၍ မသိရချေ။ ပျူမင်းထီးလက်ထက်က ပုပ္ပားတွင် မဟာဂီရိ နတ်မောင်နှမတို့ မရှိကြသေး၍ မည်သည့်အကြောင်းဖြင့် တောင်တက်ခဲ့သည်ကိုလည်း ပြောရန်ခက်ခဲပါသည်။ သို့သော် ယုံကြည်မှု တရပ်ကိုအခြေခံနေပြီ ဖြစ်ကြောင်းကား
သေဉ်လည်ကြောင်မင်းလက်ထက် မင်းမဟာဂီရိတို့ ရောက်ရှိလာသဖြင့် ထိုအခါတွင်မှ ပုပ္ပားသည် နတ်တောင်ဟု ထင်ရှားဖြစ်ပြီဟု
မည်သို့ပင်ဖြစ်စေ ထိုဇာတ်လမ်းသည် ပုဂံခေတ်နှင့် အံဝင်ခွင်ကျပင် ဖြစ်တော့သည်။ အထူးသဖြင့် ပါဠိစာပေ ထွန်းကားစဖြစ်သော အနိရုဒ္ဓနန်းစံ နောက်ပိုင်းတွင် လေးစားရိုသေထိုက်သည်မှန်သမျှ ပါဠိစကားလုံးများဖြင့် နေရာပေး ဖော်ပြလာသောကြောင့် မြန်မာတို့ ပါဠိစာပေကို များစွာလေးစား အထင်ကြီးကြောင်း သိသာထင်ရှားပေ သည်။ သို့သော် ဗုဒ္ဓသာသနာဖြင့် ယှဉ်လျက် နတ်ကိုးကွယ်မှု ဓလေ့ဟောင်းကြီးကို ဆက်လက် သယ်ဆောင်လာခဲ့ သည်မှာ မြန်မာမင်းတို့၏ နိုင်ငံရေးရည်မှန်းချက် တခုဟုပင် ဆိုရမည် ဖြစ်သည်။ မြန်မာမင်းတို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသော်လည်း နတ်ဓလေ့ဟောင်းကို မစွန့်နိုင်ခဲ့သောကြောင့် ပြည်သူတို့လည်း ယနေ့တိုင် တမျိုးသားလုံး နတ်ယုံကြည်မှုကို မစွန့်နိုင် ဖြစ်နေခဲ့ရခြင်း ဖြစ်ပါမည်။ စင်စစ် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ရိုးရာနတ်တို့မှာ မည်သို့မျှ တွဲဖက် မမိလှချေ။
စာကြောင်း ၁၄၂ -
ပုဂံမတိုင်မီက ပုပ္ပားတောင်ကို မည်သို့ခေါ်ဆိုခဲ့ကြပါသနည်း။
ဤမေးခွန်းကို ဖြေဆိုကြည့်ရန် ကြိုးစားကြည့်သော် လည်း ကျေနပ်ဖွယ် မတွေ့ရှိရပါ။ ပုဂံခေတ် ကျောက်စာတို့တွင်ပင် ပုပ္ပားအမည်ကို မတွေ့ရှိရဘူးသေးပါ။ ဧရာဝတီကို “မြစ်ကြီး” ဟု ခေါ်ဆိုခဲ့ကြသကဲ့သို့ ပုပ္ပားတောင်ကိုလည်း “တောင်ကြီး” ဟူ၍သာ ခေါ်ဆိုခဲ့ကြမည် ထင်ပါသည်။ ပါဠိ စာပေ ပိုမိုထွန်းကားလိုက်စားလာသော ပုဂံခေတ်နှောင်း (သို့မဟုတ်) အင်းဝခေတ်လောက်တွင်မှ ရေးကြီးခွင့်ကျယ် ဒေသများကို ပါဠိစာလုံးများဖြင့် ရှေးကထက် ပိုမိုကင်ပွန်းတတ် ခေါ်ဆိုလာကြမည်
ပုပ္ပားတောင်မှ စံကား (နတ်) ပန်းသည် အနိရုဒ္ဓလက်ထက်တွင် တော်ဝင်ပန်းဖြစ်လာခဲ့ပုံ သဘောကို မြန်မာရာဇဝင် ဆရာများက ဖော်ပြကြသည်။ နောက်ပိုင်း မင်းတို့လက်ထက် ပုပ္ပားတောင်မှ မဟာဂီရိနတ်ကို သွားရောက် တွေ့ဆုံကြကြောင်း၊ မဟာဂီရိနတ်နှင့် ဘုရင်တို့ စကားပြောဆိုကြကြောင်းများကိုလည်း မဟာရာဇဝင်တော်ကြီးတွင် အကြိမ်ကြိမ် တွေ့ရှိရလေသည်။ ဘုရင်များက နတ်နှင့် တွေ့ကြသည်မှာ ပြည်သူတို့က မင်းဧကရာဇ်ကို ပိုမိုခန့်ညား လေးစားလာ စေရန် ဖြစ်သည်။
စာကြောင်း ၁၄၈ -
ရာဇဝင်တော်ကြီးအလိုအရ မြန်မာမင်းတို့ နတ်နှင့် တွေ့ဆုံကြသောလမှာ နတ်တော်လ ဖြစ်သည်။ နတ်တော်လသည် နတ်နှင့် ဘုရင် (တော်) တို့ တွေ့ဆုံရာလကို ခေါ်ခြင်းဟု အဓိပ္ပာယ် ထွက်ရှိမည် ထင်ပေသည်။ ဆောင်းကာလဖြစ်၍ ရာသီဥတု ခြေခင်းလက်ခင်း သာသောအချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဦးကုလားက “နတ်တော်လရောက်လတ်သော် မင်းတကာတို့သည် ပုပ္ပားတောင်သို့ တက်မြဲဖြစ်သောကြောင့် အစဉ်တိုင်း ပုပ္ပားသို့ တက်တော်မူလေသည် (ကုလား၊ပ၊ ၂၇၉၂၈၉)” ။ ဤသို့ဖြင့် ဥဇနာမင်းကြီး ပုပ္ပားတောင်သို့ ကြွချီတော်မူလာစဉ် တောင်၏မြောက်ဘက်ရှိ ဆိတ်ထိန်း ကမ်းဖြူအရပ်မှ အမျိုးသမီးငယ်တဦးကို တော်ကောက်ယူတော်မူနိုင်ခဲ့ခြင်း ဖြစ်လေသည်(ကုလား၊ပ၊ ၂၈ဝ)။ ဤကား ပုဂံရာဇဝင်ထဲတွင် တွေ့ရှိရသော ပုပ္ပားတောင် အကြောင်းတည်း။
ပုဂံသည် အနိရုဒ္ဓလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာ ရောက်ရှိလာခဲ့ပြီးနောက် ပုဂံပြည်သူတရပ်လုံး ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်လာကြသည်ဟုဆိုသည်။ ပုဂံရှိ ဘုရားပုထိုး စေတီတို့ကလည်း ပြည်သူတရပ်လုံး ဗုဒ္ဓ၏ အဆုံးအမ၌ တည်နေကြပြီ ဖြစ်ကြောင်း သက်သေပြနေဘိသို့
ဤတွင် ကျန်စစ်သားဟု အသိများသော ထီးလိုင်ရှင်ကို မဟာဂီရိနတ်နှင့် စကားပြောသူအဖြစ် တခမ်းတနား
ယင်းတို့နှစ်ဦးသည် ရှေးက ရှင်အရဟံနှင့်အတူ ဆုတောင်းဖက်များဟုဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်ဆရာတို့က အကြောင်းတခုကြောင့် ကျန်စစ်သားကို မျက်နှာလိုက်ခြင်းပေလော တွေးဆဖွယ်ဖြစ်သည်။ စည်သူ (၁ ) လက်ထက်တွင် မဟာဂီရိနတ်သည် ပို၍ပင် ကြီးကျယ်လာခဲ့တော့သည်။ အကြောင်းမှာ ယင်းသည် စည်သူ (၁) ၏ ဆရာလေးဦး စာရင်းတွင် အပါအဝင် ဖြစ်လာသောကြောင့်တည်း။ ထိုစည်သူ (၁) ၏ ဆရာများမှာ ရှင်အရဟံ၊ စိမ်းညက်မင်း သားတော် မဟာထေရ်၊ ရှင်အာနန္ဒာနှင့် မင်းမဟာဂီရိ တို့ဖြစ်သည် (ကုလား၊ပ၊ ၂၂၁) ။ ဤတွင် မင်းမဟာဂီရိကို ရဟန်း သံဃာတော်များနှင့် တတန်းတစားတည်း ထားဘိသကဲ့သို့ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်တွင် (ကျောက်စာတို့၌ မတွေ့ရှိရသော်လည်း) နတ်ကိုးကွယ်မှုသည် ယုတ်လျော့သွားခဲ့သည်မရှိဘဲ သာသနာ မရောက်မီကကဲ့သို့ပင် အားကောင်းဆဲဟူ၍သာ ဆိုရမည်ဖြစ်သည်။
အချုပ်မှာ ပုပ္ပါးနှင့် ပတ်သက်၍ ပုဂံခေတ်ရေး ကျောက်စာတို့တွင် တကြိမ်မျှ မတွေ့ရှိရဘူးသေးချေ။ မင်းမဟာဂီရိ နတ်မောင်နှမနှင့် ပတ်သက်၍လည်း ထို့အတူသာလျှင်ဖြစ်သည်။ သို့သော် ဒဏ္ဍာရီဇာတ်လမ်းတို့ကား များပြားလှသည်။ ကျောက်စာတွင်မပါ၍ မယုံကြည်ရဟု မဆိုနိုင်သော်လည်း နတ်ယုံကြည်မှုကို ပုံဖော်ရာ၌မူ ပညာသားပါလှသည်ဟု ဆိုရမည်ထင်မိပါသည်။ ပုဂံရှိ သာသနိက အဆောက်အအုံတို့က အနိရုဒ္ဓနှင့် ရှင်အရဟံ တို့၏ လုံ့လဥဿဟကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော် ပွင့်လင်းစည်ပင်လာခဲ့ရသည်ကို သက်သေပြနေဘိသို့
ထို့အပြင် ပုပ္ပားသည် လောကီပညာရပ်များ ကျင့်ကြံအားထုတ်ရာဟူ၍လည်း ယုံကြည်ရသည်။ ကျန်စစ်သားက ငရမန်ကိုတိုက်ရန် ထီးလှိုင်ဘက်တွင် စည်းရုံးနေရချိန်တွင် ဆရာရှင်ပုပ္ပါးက ယတြာများစီရင်ပေးရကြောင်းလည်း တွေ့ရှိရဖူးသည် (ကုလား၊ ပ၊ ၂ဝ၉)။ ဤမျှ အရေးပါခဲ့သော ပုပ္ပားတောင်သည် ပုဂံခေတ်ကုန်သော အခါ အဓိကရဖြစ်သော အုပ်ချုပ်ရေး အသိုင်းအဝန်းနှင့်တကွ နိုင်ငံရေးဗဟိုချက်သည် အထက်အညာသို့ ရွှေ့ခဲ့ပြီဖြစ်၍ ယင်း၏အရေးပါမှု အခန်းကဏ္ဍက ကျဉ်းမြောင်းလာခဲ့တော့သည်။ စာပေတွင်လည်း အတွေ့နည်းပါး လာခဲ့ရသည်မှာ ဝန်ကြီးပဒေသရာဇာ၏ ခေတ်ကာလ တိုင်အောင်ပင်ဖြစ်ပေသည်။ <ref>တိုးလှ (ပါမောက္ခ၊ သမိုင်းဌာန) မန္တလေးတက္ကသိုလ်၊ မန္တလေးမြို့။ ၂၉ ဩဂုတ် ၂ဝဝ၁ ၊ ညနေ ၆း ၅ဝ နာရီ။</ref>
|