မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8.1
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၂၃ -
၁၈ ရာစုနှစ်တွင် မြို့ပြအင်ဂျင်နီယာဆိုသော ဝေါဟာရအသုံးအနှုန်းကို စစ်ဘက်အင်ဂျင်နီယာဘာသာရပ်ကို ဆန့်ကျင်လျက်၊ အရပ်သားများက အားလုံးပေါင်းစုမိစေရန် စကားလုံးအသစ်ထွင်ခဲ့ကြသည်။ ပထမဦးဆုံး မိမိကိုယ်မိမိ မြို့ပြအင်ဂျင်နီယာဟု အခိုင်အမာဝန်ခံပြောဆိုသူမှာ အက်ဒီစတုံးမီးပြတိုက်ကို ဆောက်လုပ်ခဲ့သည့် ဂျွန် စမဲယာတန် John Smeaton ဖြစ်သည်။ ၁၇၇၁ ခုနှစ်တွင် စမဲယာတန်နှင့် သူ၏တက္ကသိုလ်ကျောင်းနေဖက်အချို့တို့သည် ပရောဖက်ရှင်(ကျွမ်းကျင်မှု)ခေါင်းဆောင်များအုပ်စုတစ်စုဖြစ်သော '''မြို့ပြအင်ဂျင်နီယာများ၏ စမဲယာတန်နီးယန်းလူ့အဖွဲ့အစည်း'''ဆိုသည်ကို သာမန်တွေ့ဆုံကြကာ ညစာစားအပြီး ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ နည်းပညာဆိုင်ရာအစည်းအဝေးများအချို့၏ သိသာထင်ရှား ထူးခြားလာမှုရှိခဲ့သော်လည်း လူမှု့အဖွဲ့အစည်းတစ်ခုထက်ပင် နည်းနေခဲ့သေးသည်။
 
၁၈၁၈ ခုနှစ်တွင် (''ယနေ့ခေတ် ထင်ရှားသော'') မြို့ပြအင်ဂျင်နီယာများအဖွဲ့ကို လန်ဒန်မြို့တွင် တည်ထောင်ဖွဲ့စည်းခဲ့ကြပြီး၊ ၁၈၂ဝ တွင် ထင်ရှားကျော်ကြားသည့် အင်ဂျင်နီယာ သောမတ်စ် တဲယ်လ်ဖို့ဒ် က ၎င်းအဖွဲ့အစည်း၏ ပထမဦးဆုံးဥက္ကဋ္ဌဖြစ်လာခဲ့သည်။ အဖွဲ့ကြီးသည် တော်ဝင်ခွင့်ပြုချက်ကို ၁၈၂၈ ခုနှစ်တွင် ရရှိခဲ့ပြီး၊ တရားဝင်ပုံမှန် ကျွမ်းကျင်မှု(ပရော်ဖက်ရှင်)တစ်ခုအဖြစ် မြို့ပြအင်ဂျင်နီယာကို အသိအမှတ်ပြုပေးခဲ့သည်။ ၎င်းခွင့်ပြုချက် ချာတာ(အသိအမှတ်ပြုစာတမ်း)က မြို့ပြအင်ဂျင်နီယာကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်လျက်အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်လျက် အသိအမှတ်ပြုခဲ့သည်။
 
''နိုင်ငံတော်၏ပြည်နယ်များ၊ နိုင်ငံများတွင် အတွင်းအပြင် ကုန်ကူးသန်းရောင်းဝယ်မှုနှစ်ခုလုံးအတွက် ယာဉ်လမ်းကြောင်းထုတ်လုပ်မှုနည်းလမ်းများအဖြစ်၊ ပြည်တွင်းစီးပွားကူးသန်းရေးနှင့် ဖလှယ် လဲလှယ်မှုအတွက် လမ်းများ၊ တံတားများ၊ ရေသွယ်မြောင်းများ၊ ဥမင်လိုဏ်ခေါင်းများ၊ မြစ်ရေသွင်းနှင့် သင်္ဘောကျင်းများတည်ဆောက်ရေးတွင် အသုံးပြုပြီး၊ ဆိပ်ကမ်း(ဆိပ်ကမ်းမြို့)များ၊ သင်္ဘောဆိပ်များ၊ ကုန်းများ/ကျင်းများ၊ ရေကာတာ တာရိုးများနှင့် မီးပြတိုက်များတည်ဆောက်ရေး၊ ထိန်းကျောင်းမောင်းနှင်ရေးလုပ်ဆောင်မှု၊ အစိုးရအဖွဲ့လုပ်ငန်းများ၏ အသုံးပြုမှုနှင့်တည်ဆောက်ရေး၊ မြို့ကြီးမြို့ငယ်များ၏ ရေစီးဆင်းမှုစသည့် ဖန်တီးစွမ်းအားများဖြင့် စီးပွားကူးသန်းရေးရည်ရွယ်ချက်များအတွက်'' '''''လူတို့၏သက်သာစွာနေထိုင်မှုနှင့် အသုံးပြုမှုအတွက် သဘာဝ၏ထူးခြားကြီးမြတ်သည့်ရင်းမြစ်များကို ညွှန်ကြားသည့် လုပ်ဆောင်မှု''''' ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
 
အမေရိကန်ပြည်ထောင်စုတွင် မြို့ပြအင်ဂျင်နီယာပညာရပ်သင်ကြားရန် ပထမဆုံး ပုဂ္ဂလိကကောလိပ်မှာ ၁၈၁၉ ခုတွင် ကပ္ပတိန် အဲယ်လ်ဒန် ပါ့တ်ထရေ့ဂျ် တည်ထောင်ခဲ့သည့် နော်ဝစ်ရှ်တက္ကသိုလ် Norwich University ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး မြို့ပြအင်ဂျင်နီယာပညာရပ် (ဝါ) မြို့ပြအင်ဂျင်နီယာဘာသာရပ်ဘွဲ့ကို ၁၈၃၅ ခုနှစ်တွင် ရန်စ်ဆဲယ်လ်လေယာ ပိုလီတက္ကနစ်ကျောင်း Rensselaer Polytechnic Institute ၌ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉ဝ၅ ခုနှစ်၌ ကော်နယ်တက္ကသိုလ်က နော်ရာစတန်တန် ဘလတ်ချ်ကို ပထမဦးဆုံး မြို့ပြအင်ဂျင်နီယာအမျိုးသမီးဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။