အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်)
 
စာကြောင်း ၈ -
 
===ကြိုတင်သိရှိထားရန်များ===
ဤစာမျက်နှာတစ်ခုလုံးတွင် စက်နားလည်သောဘာသာစကား (machine language) နှင့် စက်နားလည်သောကုဒ် (machine code) ဟူ၍ နှစ်ခု အသုံးပြုထားသော်လည်း ယေဘုယျအားဖြင့် အတူတူပင်ဖြစ်သည်။ CPU နှင့် processor သည်လည်း အတူတူပင်ဖြစ်သည်။ အကယ်၍ သင်သည် software development or computer science terms နှင့် ရင်းနှီးခြင်းမရှိပါက system သို့မဟုတ် စနစ်ကို ကွန်ပျူတာ (ကွန်ပျူတာ အလုပ်လုပ်ပုံ) ဟုသာ ယူဆနိုင်ပါသည်။ယူဆနိုင်သည်။ စက်ဟူသည်မှာ CPU သို့မဟုတ် processor ကိုသာရည်ညွှန်းပါသည်။
 
==Machine code instructions==
Processorတိုင်း သို့မဟုတ် processor အစုအဝေးတိုင်းသည် ကိုယ်ပိုင် စက်နားလည်သော ညွှန်ကြားချက်(Machine code instructions) အစုအဝေးများရှိကြသည်။ ၎င်း ညွှန်ကြားချက်များသည် bits၏ပုံစံအမျိုးမျိုးပင်ဖြစ်သည်။ ထို bitsပုံစံများသည် စက်အတွက်ကွဲပြားခြားနားသောညွှန်ကြားချက် အမျိုးမျိုးကိုပေးနိုင်သည်။ ထို့ကြောင့် တူညီသောဖွဲ့စည်းတည်ဆောက်ပုံရှိသော processorများအတွက် သီးခြား စက်နားလည်သောညွှန်ကြားချက်များ ရှိနေခြင်းဖြစ်သည်။ ထိုကဲ့သို့သောprocessorများတွင် နောက်မျိုးဆက် processorများက ရှေ့မှ processorများ၏ စက်နားလည်သောညွှန်ကြားချက်များနှင့် အသစ်ထပ်မံထည့်သွင်းထားသော ညွှန်ကြားချက်များပါဝင်လေ့ရှိကြသည်။ ဖြစ်တောင့်ဖြစ်ခဲဆိုသော်လည်း တစ်ခါတစ်ရံတွင်မူ နောက်မျိုးဆက် processorများက ရှေ့မှ processorများ၏ညွှန်ကြားချက်များကို ဆက်လက်၍အသုံးမပြုတော့ခြင်း၊ အဓိပ္ပာယ်များကိုပြောင်းလဲခြင်းများလည်း ရှိသည်။ ယင်းသို့ပြုလုပ်ခြင်းသည် ယခင်စက်နားလည်သောရေးသားထားသောကုဒ်များ၏ လိုက်လျောညီထွေဖြစ်မှု(compatibility)၊ ကွဲပြားခြားနားသောလုပ်ဆောင်ချက်များကိုလုပ်ဆောင်ခြင်း တို့ကိုဖြစ်ပွားစေနိုင်သည်။ စနစ်(Computer system)များအနေဖြင့် ကွဲပြားခြားနားသော မန်မိုရီ(ကွန်ပျူတာမှတ်ဉာဏ်) စီစဉ်မှု, Operating system နှင့် အခြားသော ကိရိယာများ (Mouse, Keyboard)ရှိနိုင်ပါသည်။ရှိနိုင်သည်။ ကွန်ပျူတာစနစ်(Computer system) အနေဖြင့်ယင်းကဲ့သို့သော အချက်များအပေါ်တွင်လည်း မှီတည်နေခြင်းဖြစ်ရကား မတူညီသောစနစ်များသည် တူညီသော Machine code (စက်နားလည်သောကုဒ်) များဖြင့် (အမျိုးအစားတူ processor ကိုသုံးထားစေကာမူ) အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်ပါ။
 
စက်နားလည်သော ညွှန်ကြားချက်(Machine code instructions) အစုအဝေးတစ်ခုတွင် တူညီသောအရွယ်အစားရှိသည့် ညွှန်ကြားချက် သို့မဟုတ် အရွယ်အစား ပြောင်းလဲနိုင်သော ညွှန်ကြားချက်များ ပါဝင်သည်။ bits ပုံစံများ ဖွဲ့စည်းထားပုံသည် processor ဖွဲ့စည်းတည်ဆောက်ပုံ ပေါ်မူတည်ပြီး အဓိကပြောင်းလဲသလို ရံဖန်ရံခါတွင်မူ ညွှန်ကြားချက် အမျိုးအစား ပေါ်မူတည်၍လည်း ပြောင်းလည်းနိုင်ပါသေးသည်။ ညွှန်ကြားချက်အများစုတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော opcode (ညွှန်ကြားချက်အမျိုးအစားကိုသတ်မှတ်ရန်)၊ အမှန်လုပ်ဆောင်ရမည့်လုပ်ငန်း (operation) နှင့် အခြားလိုအပ်သော အရာများ (operands, addressing mode, ကိန်းသေတန်ဖိုးများ) တို့ပါဝင်သည်။