စဉ့်ကူးမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပိသာ +ပိဿာ)
စာကြောင်း ၅၇ -
 
==ကောင်းမှုများ==
ကောင်းမှုတော်ကား တော်တောင်မိုးထိကျောင်း နေရာဟောင်းတွင် အလျားသံ(၁၂၅)တောင်၊(၁)မိုက်၊ အနံ(၁၀ဝ)အလွန်ရှိသော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီကျောင်းဦးပြသာဒ်၊ လှေကား(၇)စင်း၊ ဘုံ(၅)ဆင့်ရှိသော မဟာမင်္ဂလာရွှေဘုံ ရွှေကျောင်းတော်ကြီးကိုဆောက်လုပ်၍ ထန်းတပင်ဆရာတော် ရှင်နန္ဒမေဓာအား တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူသောတံဆိပ်နာမံနှင့် တင်လှူတော်မူ၍ ကျောင်းတော်ကိုလည်း’မဟာမင်္ဂလာရွှေဘုံ’ သမုတ်တော်မူသည်။ ထို့ပြင် လောကသရဖူဘုရား အရှေ့ရှေးကျောင်းဟောင်းနေရာတွင်လည်း ကျောင်းဦးပြသာဒ် နှစ်ဆောင်နှင့်တကွ လေးထပ်ဇေတဝန်ကျောင်းတော် ဆောက်၍ ’ဘုံကျော်ဝေယံ’သမုတ်တော်မူပြီးလျှင် ဆုံတားဆရာတော် ရှင်နန္ဒမာလာအား နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူသောတံဆိပ်နာမံနှင့်တကွ လှူတော်မူသည်။ ထိုမှအပအခြား ကုသိုလ်ကောင်းမှု အစုစုကားများပြားလှပေသည်။ ၁၁၄ဝ ပြည့်နှစ်တွင်ရန်ကုန်သို့ဆင်းလာ၍ [[ရွှေတိဂုံစေတီတော်]]ကို ရွှေချပြီးလျှင် ယခုအနောက်မြောက် ရာဟုထောင့်တွင်ရှိသော ကြေးချိန်ပိသာကြေးချိန်ပိဿာ(၁၅၅၅၅)ရှိသည့် ’မဟာဃဏ္ဍ’ခေါင်းလောင်းကြီး([[စဉ့်ကူးမင်း ခေါင်းလောင်းတော်]])ကို လှူဒါန်းလေသည်။
 
စဉ့်ကူးမင်း အကြောင်းကို ရာဇဝင်အစောင်စောင်၌ ဤမင်းလက်ထက် စစ်မဖြစ်။ နိုင်ငံအေးချမ်း သလိုရှိ၏။ သို့သော် စဉ့်ကူးမင်းသည် မှူးငယ်မတ်ငယ် မိဖုရားငယ်တို့နှင့်သာပျော်ပါးနေကြာင်း၊ အရက်သေစာ သောက်စားပျော်ရွှင်နေတတ်၍ အေးချမ်းရာ၌ အံတိုက်၊ ကြက်တိုက်၊ ငါးမျှားနေတတ်ကြောင်းနှင့် ဘုရားပုထိုးများသို့ လှည့်လည်ဖူးမြော်နေတတ်ကြောင်း၊ အရည်အချင်း ညံ့ဖျင်းသောမင်းဟူ၍သာ ဖော်ပြထားလေသည်။