ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၅၅ -
 
== ဒုတိယကမ္ဘာစစ်၊စစ်အေး နှင့် စတာလင် ==
ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားစ ၁၉၃၉ ခုနှစ်၊ စက်တင် ဘာလတွင် စတာလင်သည် ဂျာမနီအာဏာရှင်ဟစ်တလာနှင့် မကျုးကျော်ရေး စာချုပ် ချုပ်ဆိုလေသည်။ နှစ်ပတ်အကြာတွင် ဟစ်တလာက ပိုလန်အနောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သလို မရှေးမနှောင်းတွင် စတာလင်၏ ဆိုဗီယက်တပ်များက [[ပိုလန်]]အရှေ့ခြမ်းကို သိမ်းယူသည်။ ထိုနောက်ပိုင်းတွင် လတ်ဗီးယား ၊လတ်ဗီးယား၊ လစ်သူယေးနီးယား နှင့် အက်စတိုးနီးယား တို့ကို ဆက်တိုက်သိမ်းယူပြီး ထိုနိုင်ငံငယ်လေးများကလည်း လက်နက်ချကြသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် ပြည်နယ်များ ဖြစ်ရသည်။ ရိုမေးနီးယားကို ခြိမ်းခြောက်အညံ့ခံစေပြီး ဖင်လန်မှာ အညံ့မခံသဖြင့် တိုက်ယူသည်။ ထိုသို့တိုက်ရသည့် အအကြောင်းပြချက်မှာ နာဇီဂျာမနီရန်မှ ကာကွယ်ရန်ဟု ဆိုသော်လည်း စစ်ပြီးသော် ထိုနိုင်ငံများကို ပြန်လည် လက်မလွတ်တော့ပဲ ဆက်လက်အုပ်ချုပ်သည်။
 
ဂျာမန်တို့၏ ပရိယာယ်ကို ကောင်းစွာ ရိပ်စားမိသော စတာလင်သည် ရုရှ နိုင်ငံ ကာကွယ်ရေးအတွက် အစွမ်းကုန် ကြိုတင်ပြင်ဆင်မှုများ ပြုလေသည်။ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဂျာမန်တပ် များ ရုရှနိုင်ငံကို ရုတ်တရက် ဝင်တိုက်သောအခါ စတာလင် သည် ရုရှနိုင်ငံ၏ စစ်သေနာပတိချုပ်အဖြစ်ဖြင့် ဂျာမန်တို့အား ဝံ့ဝံ့စားစား ခုခံခဲ့လေသည်။ ထိုကဲ့သို့ ဂျာမန်တို့၏ ထိုးစစ်ကို အလူးအလဲ ခုခံနေရခိုက် စတာလင်သည် ရုရှနိုင်ငံ၏ဝန်ကြီးချုပ် အဖြစ်ဖြင့်၎င်း၊ ကာကွယ်ရေးဝန်ကြီး အဖြစ်ဖြင့်၎င်း၊ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်ဖြင့်၎င်း၊ ကြီးလေးသော တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်၍၊ ရုရှ နိုင်ငံအား ဂျာမန်တို့လက်မှ ကယ်တင်ခဲ့သည်သာမက၊ ဂျာမနီ အရှေ့ပိုင်းကိုပင်လျှင် သိမ်းပိုက်နိုင်ခဲ့လေသည်။ ထိုကြောင့် ၁၉၄၃ ခုနှစ်တွင် မာရှယ်စစ်သူကြီး အဆင့်အတန်းကို ရရှိခဲ့ လေသည်။