ခရစ္စတိုဖာ ကိုလံဘတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၇ -
|-valign="top"
|မွေးသက္ကရာဇ်
|၁၄၅၁ ၊၁၄၅၁၊ အောက်တိုဘာ (၃၁)
|-valign="top'
|သေဆုံးခြင်း
|၁၅၀၆ ၊၁၅၀၆၊ မေ (၂၀)
|}
 
စာကြောင်း ၁၆ -
'''ခရစ္စတိုဖာ ကိုလံဘတ်စ်''' (Christopher Columbus)(၁၄၅၁-၁၅၀၆) သည် [[အီတလီ]]လူမျိုး [[ပင်လယ်]]ရေကြောင်း ကျွမ်းကျင်သူ၊ နယ်မြေသစ်စူးစမ်းရှာဖွေသူဖြစ်သည်။ ၎င်းသည် [[အတ္တလန္တိတ်]] [[သမုဒ္ဒရာ]]ကို ဖြတ်ပြီး [[အမေရိက]] နယ်မြေသစ်ကိုသွားရောက်ခဲ့ပြီး အနောက်ကမ္ဘာခြမ်းမှ ကိုလိုနီများအား ရှေ့ဆောင်လမ်းပြပေးနိုင်ခဲ့သည်။ ၎င်းသည် [[အိန္ဒိယ]]သို့ ကုန်သွယ်ကူးသန်း နိုင်သော ရေလမ်းကြောင်းအသစ်ကို ရှာဖွေရင်း [[မြောက်အမေရိက|မြောက်အမေရိကတိုက်]]ကို မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၄၉၂ နှင့် ၁၅၀၄ ခုနှစ်အတွင်းတွင် ကာရေဘီယန်ဒေသ၊ တောင်အမေရိကတို့ကို စုစုပေါင်း လေးကြိမ် သွားရောက်ခဲ့သည်။
 
ကမ္ဘာ့ အကြီးကျယ်ဆုံးသော အလွဲဖြစ်သည့် ကမ္ဘာသစ်အား တွေ့ရှိခြင်းဟူသည့် အလွဲအား ဆောင်ရွက်ခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ်အား သမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ကိုလံဘတ်စ်အား ၁၄၅၁ ၊၁၄၅၁၊ အောက်တိုဘာ (၃၁)က အီတလီနိုင်ငံ၊ ဂျီနိုအာမြို့တွင် ဖွားမြင်သည်။ အရွယ်ရောက်သောအခါ ပင်လယ်ရေကြောင်းခရီးသွားလာရေးတွင် ထူးချွန်ကာ သင်္ဘောကပ္ပတိန် ဖြစ်လာသည်။
သူကိုယ်ပိုင် ယေဘူယျယူဆချက်များဖြင့် အနောက်ဖက်သို့ ရွက်လွှင့်ခြင်းဖြင့် [[အတ္တလန္တိတ်သမုဒ္ဒရာ]]ကို ဖြတ်မိလျှင် ကမ္ဘာ့အရှေ့ခြမ်းရှိ အရှေ့အာရှသို့ရောက်နိုင်သည်ဟု တစ်ထစ်ချ ယူဆခဲ့သည်။ ထိုယူဆချက်အတိုင်း မဖြစ်မနေပင် ကြိုးပမ်းအားထုတ်သည်။ ဥရောပတိုက်ရှိ နယ်ချဲ့လိုသူမင်းစိုးရာဇာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်တင်ပြသော်လည်း ကုန်ကျစရိတ်ကို အကြောင်းပြုကာ သဘောမတူသူများသည်။ နောက်ဆုံးတွင် စပိန်ရှိ ကာ့စတီးလ်(Castile) ဘုရင်မ ပထမ အိဇဘဲလား (Queen Isabella I) က ကုန်ကျစရိတ်အား မတည်ထုတ်ပေးသဖြင့် စူးစမ်းလေ့လာခရီးထွက်ရန် စတင်သည်။
၁၄၉၂ခုနှစ်၊ ဩဂုတ်လ၊ ၃ရက်နေ့တွင် စပိန်နိုင်ငံမှ သင်္ဘောများဖြင့် ထွက်ခွာသည်။ ကနေရီကျွန်းတွင် ပထမရပ်နားပြီးနောက် စက်တင်ဘာလ၊ ၆ရက်နေ့တွင် အနောက်စူးစူးသို့ ဦးတည်ကာ ထွက်ခွာခဲ့သည်။ ကာလကြာရှည် ပင်လယ်တွင်း ရွက်လွှင့်သည့်အတွက် သင်္ဘောသားများ၏ စိုးရိမ်ကြောက်ရွှံ့မှုများ တိုးပွားလာပြီး နေရပ်ပြန်ရန် အုံ့ကြွမှုများကိုလည်း ရင်ဆိုင်ဖြေရှင်းရသည်။ ၁၄၉၂ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကမ်းခြေကို မြင်တွေ့ရသည်။ ၁၄၉၃ခုနှစ်၊ မတ်လတွင် စပိန်သို့ပြန်ရောက်သည်။
ထိုသို့ပြန်ရောက်လျှင် အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့များဖြင့် ချီးမြှောက်ခြင်းခံရသည်။ ထိုနောက်ပိုင်းတွင်လည်း [[ဂျပန်]]ကိုသော်လည်းကောင်း၊ [[တရုတ်]]ကိုသော်လည်းကောင်း တွေ့ရှိဦးမည် မျှော်လင့်ချက်ဖြင့် အနောက်ဖက်သို့ အကြိမ်ကြိမ်ရွက်လွှင့်သော်လည်း မအောင်မြင်ပေ။
ဘုရင်မ အိဇဘဲလားက ကိုလံဘတ်စ်အား တွေ့ရှိရသမျှ နယ်မြေတို့တွင် ဘုရင်ခံအဖြစ် အုပ်ချုပ်ခွင့်ပေးသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းတွင်မူ ကိုလံဘတ်စ် မအောင်မြင်ပေ။ နောက်ဆုံးတွင် အချုပ်ဖြင့် စပိန်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရပြီးနောက်တွင် မည်သည့်အုပ်ချုပ်ရေးတာဝန်မှ ထပ်မံပေးအပ်ခြင်းမရှိတော့ပေ။ ၁၅၀၆ ၊၁၅၀၆၊ မေ (၂၀)တွင် လူချမ်းသာတစ်ဦး၊ လူဂုဏ်တန်တစ်ဦးအနေဖြင့် ကွယ်လွန်သည်။
 
== ဒုတိယရေကြောင်းခရီးစဉ် ==