စဏ္ဍာလ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သော်၎င်း +သော်လည်းကောင်း)
စာကြောင်း ၉ -
::(၄) သူကောင်ထမ်းမြေမြှုပ် [[သုဘရာဇာ]] တစို့ ဟူ၍ (၄)စို့ခွဲကာ ပြသထားသည်။ သို့သော် [[မန်လည်ဆရာတော်ဘုရားကြီး]]က [[မဃဒေဝလင်္ကာကျမ်း]]တွင် 'စဏ္ဍာလငါး၊ အစို့များက'ဟူ၍ စဏ္ဍာလငါးစို့ ရှိကြောင်းကို၎င်း၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းတွင်လည်း စဏ္ဍာလ ငါးစို့ ရှိကြောင်းကို၎င်း ဖော်ပြထားသည်ကိုတွေ့ရ၏။
 
ထို စဏ္ဍာလ ငါးစို့မှာ (၁) စပ်၊ (၂) အမွှမ်း၊ (၃) သူကောင်ထမ်း၊ (၄) တွင်းတူး၊ (၅) သင်္ဂြိုဟ်ကိုင်တို့ဖြစ်ကြသည်။ ယင်းငါးစို့၌ စပ်ဆိုသည်မှာ လူသေအလောင်း ထည့်သော ခေါင်းပျဉ်၊ ကျင်ပု၊ ခုံ၊ ဇာတာအိမ်၊ တစ်လား၊ စမြင်းတိုင် အလောင်းစင်၊ ဗိတာန် ကြာကလပ်၊ လောင်တိုက်၊ ငှက်ကြီးကာ စသော အထည်ကိုယ် ဝါးသစ်သားများကို လုပ်ရသော သူကိုခေါ်၏။ အမွှမ်းဆိုသည်မှာ လူသေအလောင်းစင်စသည်တို့ လုပ်ထားသော သစ်သား၊ ဝါး၊ အထည်ကိုယ်များတွင် ဆင်ယင်ရန် ပိုးဖဲ၊ ဗုဇွန်ဆီ၊ ကတ္တီပါ၊ ဇာရှံ၊ ရွှေညောင်ရွက်၊ ကျောက်စီ၊ သတောင်းလည်ကြာဆံ ကြာရပ် စသည်များကို အဆင့်အတန်း စာတမ်းထွက်နှင့်အညီ လှပအောင် လုပ်ဆာင်ရသောသူဖြစ်သည်။ သူကောင်ထမ်း ဆိုသည်မှာ လူသေကောင် မသာလောင်း ရွှေ့ပြောင်းခြင်းနှင့် စပ်သမျှ လုပ်ဆောင်ရသောသူဖြစ်သည်။ တွင်းတူးဆိုသည်မှာ လူသေကောင်ကိုသော်၎င်း၊လူသေကောင်ကိုသော်လည်းကောင်း၊ အရိုးကိုသော်၎င်း၊အရိုးကိုသော်လည်းကောင်း၊ မြှုပ်ရန်တွင်းတူးသည့်အလုပ်နှင့် စပ်သမျှကို လုပ်ဆောင်ရသော သူဖြစ်သည်။ သင်္ဂြိုဟ်ကိုင်ဆိုသည်မှာ လူသေအလောင်းကို မြေမြှုပ်သောအခါ၊ မီးရှို့သောအခါ၊ တံစူးဝါး (တစ်နည်း) တံရှူးဝါးများနှင့် ကိုင် တွယ်မြေမြှုပ်မီးဖုတ်သော အလုပ်၊ အရိုးကောက် အရိုးမြှုပ် အရိုးမျှော အလုပ်ကို လုပ်ရသောသူဖြစ်သည်။
 
== သမိုင်း ==