ပဲခူးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။တ +။ တ, -။အ +။ အ, -။က +။ က, -။မ +။ မ)
စာကြောင်း ၅၈ -
 
=== တောင်ငူ-ဟံသာဝတီ ခေတ် ===
မဂဒူးမင်းဆက် ၁၈ ဆက်မြောက် ဖြစ်သည့် [[သုရှင်ဒကာရွတ်ပိ]] လက်ထက်တွင် [[တောင်ငူ]]မှ အင်အားကြီးလာသည့် [[တပင်ရွှေထီး]]၏ ရန်စစ်ကို မခံနိုင်တော့ပဲ ဟံသာဝတီ-ပဲခူးသည် မြန်မာတို့ အပိုင်ဒေသဖြစ်လာပြန်သည်။တပင်ရွှေထီးအပိုင်ဒေသဖြစ်လာပြန်သည်။ တပင်ရွှေထီး လုပ်ကြံခံရပြီး မြန်မာတို့ မငြိမ်မသက်ဖြစ်နေချိန်တွင် မွန်မင်းများဖြစ်သည့် [[သမိန်စက္ကဝေါ]] နှင့် [[သမိန်ထောရာမ]] တို့ နှစ်ဦး အခိုက်အတန့်မျှ အုပ်ချုပ်ခဲ့သော်လည်း ဘုရင့်နောင် တိုက်လျှင် သမိန်ထောရာမ ပြေးသောကြောင့် ဘုရင့်နောင်ဦးဆောင်သည့် မြန်မာတို့မှာ ဟံသာဝတီကို အခြေပြုပြီး ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်ကြသည်။ကမ္ဘောဇသာဒီတည်ထောင်ကြသည်။ ကမ္ဘောဇသာဒီ နန်းတော်ကိုလည်း တည်ထောင်သည်။ သို့သော်ဘုရင့်နောင် အလွန် သားတော် [[နန္ဒဘုရင်]](ငါးဆူဒါယကာ)လက်ထက်တွင် လက်အောက်ခံ ပဒေသရာဇ်တို့ ပုန်ကန်ပြီး ဟံသာဝတီကျဆုံးရပြန်သည်။
 
=== ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ် ===
သို့ဖြင့် ဟံသာဝတီသည် ထီးနန်းစိုက်ရာဒေသအဖြစ်မှ ညောင်ရမ်းခေတ်တွင် လက်အောက်ခံ ပဒေသရာဇ်အဆင့် သို့လျောကျခဲ့သည်။အခိုက်အတန့်အားဖြင့်သို့လျောကျခဲ့သည်။ အခိုက်အတန့်အားဖြင့် [[သာလွန်မင်း|သာလွန်မင်းတရားကြီး]] အောက်အရပ်တွင် တိုင်းတပါးသား [[ငဇင်ကာ]] အားလာရောက် နှိမ်နှင်းချိန်တွင်သာ ယာယီနန်းစံခဲ့ဖူးသည်။ [[ညောင်ရမ်းခေတ်]]နောက်ဆုံးကာလများတွင် ဇင်းမယ်သား ဆင်ဝန်ဦးအောင်လှက ဗညားဒလ ဘွဲ့ခံကာပဲခူးမှ အင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။အနိုင်ရသော်လည်းအင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။ အနိုင်ရသော်လည်း [[အလောင်းဘုရား]] ဦးအောင်ဇေယျ ဦးဆောင်သည့် ဗမာတို့၏ ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။ ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။<ref name=":0">{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၇၄|date=ဒီဇင်ဘာ ၂၀၁၃}}</ref>သို့ဖြင့် မွန်တို့နှင့်အတူ ဟံသာဝတီ -ပဲခူးမြို့သည်လည်း မင်းနေပြည်တော်အဖြစ်သို့ တစ်ဖန်ပြန်မရောက်တော့ချေ။
 
သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လုယူအုပ်ချုပ်ရာ အုပ်ချုပ်ရေးဗဟိုအဖြစ် ပဲခူးကို သတ်မှတ်ပြီး တာဝန်ခံအုပ်ချုပ်သူ ကော်မရှင်နာဖြစ်သည့် ဆာအာသာဖယ်ယာမှာလည်း ထင်ရှားသူဖြစ်ခဲ့သည်။မြန်မာတစ်ပြည်လုံးထင်ရှားသူဖြစ်ခဲ့သည်။ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်အောက်ကျရောက်ပြီးနောက် [[ရန်ကုန်မြို့]]ကို အုပ်ချုပ်ရေးဗဟိုအဖြစ် သတ်မှတ်သောကြောင့် ပဲခူးမြို့သည် သာမန်တိုင်းမြို့ကြီးအဖြစ်သာ သတ်မှတ်ခြင်းခံရတော့သည်။
 
ဗြိတိသျှအစိုးရလက်ထက် ၁၈၇၈ တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ ဆက်သွယ်ရာ ပဲခူး စစ်တောင်း တူးမြောင်းကို ဖောက်လုပ်သည်။<ref name=":0" /> ပဲခူးမြို့ မြူနီစီပါယ်အဖွဲ့ကို ၁၈၈၃-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုနှစ်တွင် မြို့ပေါ်ရှိလူဦးရေမှာ တစ်သောင်းကျော်ကျော်သာ ရှိသေးသည်။ ၂၇၊ ဖေဖော်ဝါရီ ၁၈၈၄ တွင် ပဲခူး ရန်ကုန် မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးသည်။<ref name=":0" /> မြို့အနောက်ပိုင်းကို ၁၈၈၅-ခုနှစ်တွင် မြူနီစီပါယ် နယ်နိမိတ်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၁၁-ခုနှစ်တွင် ပဲခူးမြို့ လူဦးရေမှာ ၁၇၁၀၄-ဦးအထိ တိုးတက်များပြားလာသည်။