ဗညားဒလ (ဝန်ကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊, - ။ +။)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။က +။ က, -။လ +။ လ)
စာကြောင်း ၆၄ -
ဗညားဒလလည်း နန္ဒကျော်ထင်၊ဗညားပရံ၊ နန္ဒသူရိယ၊ ဗညားသံလိုက်၊ ဘယဂါမဏိ စသည့် တပ်မှူးများနည်းတူ ဆင်တပ်မှူးကြီးအဖြစ် ကြီးကြပ်တိုက်ခိုက်ခဲ့ရသည်။ ရှမ်းပြည်ထောင်တလွှားမြို့ရွာများသိမ်းယူပြီးလျှင် ဇင်းမယ်သို့ ချီကြပြန်၏။ ဇင်မယ်ပြည်ကို အောင်မြင်လျှင် ဗညားဒလ၊ ဗညားစက် နှစ်တပ်ကို တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ ဗိုလ်တစ်သောင်းတို့နှင့် ဇင်းမယ်ကိုမြို့စောင့်အဖြစ် ကွပ်ကဲထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်းခံရလေသည်။
သက္ကရာဇ် ၉၂၀ မင်းတရားကြီးအင်းဝတွင် စံတော်မူစဉ် ဇင်းမယ်မြို့၌ အရေးတော်ပေါ်ပေါက်လာပြန်သည်။ ဇင်းမယ်မြို့ရံဖြစ်သော ဗြဲအနန်း၊ ကလွန်းတုရိုင်း စသည့်မြို့တို့ လင်းဇင်းမင်းနှင့်ပေါင်းကာ ပုန်ကန်ကြသည်။ ဆင်ဖြူများရှင်သည် သမက်တော်သတိုးမင်းစောကို ဇင်းမယ်သို့ ချီစေသည်။ ဇင်းမယ်သို့ရောက်လျှင် ဇင်းမယ်မြို့စောင့် ဗညားစက်တို့နှင့်တိုင်ပင်၍ တုရိုင်မြို့ပျက်ပြီး တုရိုင်စားကို အရှင်ဖမ်းမိလေသည်။
သက္ကရာဇ် ၉၂၁ ခုနှစ်တွင် အမရပူရ အဝကျေးလက်ကို မဏိပူရကသည်းစော်ဘွားက ထိပါးလာသည်။ ဤအရေးတွင် ဗညားဒလ၏အကြံပေးလျှောက်ထားချက်ကို မင်းတရားကြီး သဘောနှစ်ခြိုက်တော်မူသဖြင့် အမတ်ကြီးဗညားဒလကိုပင် အကြီးအမှူးခန့်အပ်ကာ တပ်ပေါင်း ၅ တပ်၊ တိုက်ဆင် ၃၀ဝ၊ မြင်း ၃၀ဝ၀၊ စစ်သည် ၅၀,ဝ၀ဝ ဖြင့် ကြည်းကြောင်းချီစေသည်။ကြည်းကြောင်းမှကြည်းကြောင်းချီစေသည်။ ကြည်းကြောင်းမှ ချီတက်သွားသောဗညားဒလသည် မဏီပူရကသည်းစော်ဘွားထံသို့ ရာဇသံစေလေသည်။ စော်ဘွားလည်းအညံ့ခံလေသည်။ ဗညားဒလလည်း တပ်ပေါင်း ၇ တပ်နှင့်အတူ မြို့တွင်းသို့ စစ်ရေးခင်းကျင်းဝင်ရောက်သည်။ ရောက်လျှင် ကသည်းစော်ဘွားအား သစ္စာခံစေသည့် အနေဖြင့် ဆင်ရေး၊မြင်းရေး၊ ဒိုင်းရေး၊ကာရေး၊ ကစားစေသည်။ အမြှောက်သေနတ်တို့ကိုလည်း မြို့ပဲ့တင်ထပ်မျှ ပစ်ဖောက်စေသည်။ ပြီးလျှင် စော်ဘွားနှင့်တကွ တမြို့လုံးမိစ္ဆာဒိဋ္ဌိအယူကိုပယ်ကာ ဗုဒ္ဓဘာသာသို့ဝင်စေသည်။ မဏိပူရစော်ဘွားသမီးတော်ကိုလည်း မဏိပူရအမတ်(၄)ဦး ဟံသာဝတီသို့တိုင် လိုက်လံဆက်သစေသည်။
သက္ကရာဇ် ၉၂၄ခုနှစ်တွင် အမတ်ကြီးဗညားဒလ၏အကြံပေးလျှောက်ထားချက်အရ ဟိုသာလား၊ မိုးနာ၊ စန္ဒားသို့ချီစေခဲ့ရာ တရုတ်စော်ဘွားများပင်သစ္စာခံကြသည်။
ဘုရင့်နောင်ကျော်ထင် နော်ရထာမင်းတရားကြီးသည် ဘုန်းတန်ခိုးလက်ရုံးနှင့် ပြည့်စုံလာသောအခါ ဆင်ဖြူရှင်ဟူသော အမည်ကို ခံယူလိုလာသည်။ မဟာလက်နက်နိုင်ငံတော်ကြီးကို စိုးပိုင်ရပြီးသည့်နောက် ဆင်ဖြူ တစ်စီးတလေမျှ မရှိလျှင် မတင့်တယ်ဟု ထင်မြင်လာသည်။ သက္ကရာဇ်(၉၂၅) ခုနှစ်တွင်ပင် မင်းတရားကြီးသည် ယိုးဒယားမင်းထံတွင်ရှိသောဆင်ဖြူလေးစီးမှ တစ်စီးကိုဆက်သရန် ဗညားဒလကို ရေးစေကာ ယိုးဒယားမင်းထံပေးပို့စေခဲ့သည်။
စာကြောင်း ၇၃ -
ဗညားဒလကိုနေရာတော်လက်ဝဲတော်ဦးဗောင်းကတ္တီပါမွမ်း၊ အမဗောင်းကတ္တီပါရွှေပြောင်းမွမ်း၊ အဖျားကတောင်ရွှေသားလေးမတ်၊ သင်ကျစ်လေးမျက်နှာစိန်တောရံ၊ စလွယ်၉သွယ်၊ သက္ကလပ်အဖုံးနှင့်တကွ၊ ရွှေကရား၊ ရွှေမြူးတေး၊ ရွှေလင်ပန်းပတ်တမြားတောင်ဝှေး၊ ပတ်တမြားပန်းချင်း၊ ခြေမစွပ်၊ လက်မစွပ်မှီအုံးလက်ဆေးအင်၊ ထီးနီညောင်ရွက်သုံးဆင့်၊ ထီးရိုးထီးလက်၊ရွှေသံလျှင်တနဲခုနှစ်ဝန်း၊ စည်ခုနှစ်လုံးနှဲသုံး၊ ခရားသုံး၊ အိမ် ငါးဆက်၊ ကြက်နင်း ငါးတန်၊ လေသာတဲ့လား၊ ကငေါက်နှင့်လှေစခင် အယင်းချင်ပိတ်နီ၊ ဖဲပေါင်းအစိမ်းမိုးပေးတော်မူးသည်။ ရုံးလည်းရသည်။
ဤအဆောင်နေရာ၊ ဤ အဆောင်အယောင်များကိုကြည့်ခြင်းအားဖြင့် ဘဝ ရှင်မင်းတရားကြီးသည် ဗညားဒလအား မည်မျှအရေးပေး လေးစာတော်မူကြောင်းကိုသိနိုင်သည်။
၉၃၄ ခုနှစ်တွင် လင်းဇင်းဗညားသေရ်အရေး ပေါ်ပေါက်လာသည်။ ဤအရေးတွင်ကား အမတ်ကြီးဗညားဒလက ဇင်းကျေးသောင်းရက်သို့ကျွန်တော်သွား၍ ဗညားသေရ်ကို အရေးဆိုမည်။ ယင်းသို့ ဆို၍ အရေးတော်မပြီးမှ ညီတော် သားတော်တို့ကိုအလုံးအရင်များနှင့် ချီစေ၍ လုပ်ကြံတော်မူစေသင့်သည်ဟု လျှောက်ထားသည်။ မင်းတရားကြီးလည်း ဤအရေးသင့်လှသည်ဟု မိန်ကြားပြီး ဗညားဒလသွား၍ အရေးတော်ဆိုချေဟု အမိန့်တော်ရှိ၏။ အမတ်ကြီးဗညားဒလလည်းစစ်သည်ဗိုလ်ပါ ဆင်လုံးမြင်းလုံးများနှင့် ချီရာ လင်းဇင်းအနီး သောင်ရက်ရောက်လျှင် သံနှစ်ယောက်ကို ရာဇသံစေလိုက်သည်။လင်းဇင်းဗညားသေရ်သည်ရာဇသံစေလိုက်သည်။ လင်းဇင်းဗညားသေရ်သည် မချေမငံသော စကားကိုဆိုသည်။ ယခုပင် ငါချီ၍ လင်းဇင်းသားတိုကို တိုက်ခိုက်တော်မူမည်ဟုဆိုသည်။ သိုရာတွင် စစ်မူးစစ်ကဲတို့က အလုံးအရင်းလည်းနည်းသည်။ သောင်ရက်တွင် နှစ်လခန့်နေပြီး၍ မျိုးရိက္ခာလည်းကုန်ရာ ကြံ၍လည်းမရသောကြောင့် ရဲမတ်အပေါင်းတို့လည်းငတ်မွတ်ညှိုးငယ်ကြကုန်၏။ ဇင်းမယ်စစ်ကူ ယိုးဒယားစစ်ကူတို့လည်း မရောက်သေး။ ထိုကြောင့် ငံ့ဦးမှ သင့်မည်ဆိုလေလျှင် မျိုးရိက္ခာလည်းရှာကြံရင်း စစ်ကူများကိုလည်းစောင့်ဆိုင်ရင်း သောင်ရက်မှဆွတ်ခွာပြန်လာသည်။ ဗညားဒလတို့သောင်ရက်မှ ပြန်လာပြီ ဟူ၍ကြားလျှင် အရေးပြီး၍လာပြီထင်သောကြောင့် ယိုးဒယားစစ်ကူများလည်း မိမိတို့သောင်းရက်မြို့သို့ ပြန်ကြလေသည်။ ဇင်းမယ်စစ်ကူများလည်း ခရီးလတ်က ပြန်ကြ၍ ဗညားဒလ ပြန်လာကြောင်း မင်းတရားကြီးအား လျှောက်ထားကြသည်။
 
ဆင်ဖြူရှင်ဘဝရှင်မင်းတရားကြီးလည်း ဗညားဒလကိုမျက်တော်ရှိ၍ အလုပ်အကျွေး ကျွန်ငါးယောက်နှင့်ဇနက် ဟူသော ယိုဒယားကျေးရွာတွင် ထားလေသည်။ ဗညားဒလနှင့် လင်းဇင်းသို့လိုက်ပါသွားကြသော ပိုက်ညံအစရှိသည့် တပ်မှူးစစ်ကဲအပေါင်းတို့အား ဟံသာဝတီသို့ ခေါ်ယူပြီး ကျေးကျွန်သင်းပင်တို့ကို ရုပ်သိမ်းတော်မူသည်။