ဖိုးစိန်၊ ဦး (ဂရိတ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ယောကျာ်း +ယောက်ျား)
စာကြောင်း ၉ -
ဦးစံချိန်ထံတွင် ရှေးဦးစွာ ဝါးလက်ခုပ်တီးရ၍ မကြာမီပင် လင်းကွင်းကြီးနှင့် ဝါးလက်ခုပ်ဖက်၍ ကိုင်နိုင်လာသည်။ အားလပ်သည့်အခါတွင်လည်း ကြေးနောင်ဝိုင်းထဲဝင်၍ တီးယင်း ဆိုင်းပါ တီးတတ်လာသည်။ ရပ်ရွာဘုရားပွဲများ ရှိသည့်အခါ အရပ်ဇာတ်မင်းသားအဖြစ် ဝင်ရောက်ကပြရသည်။ ကျုံပျော်မြို့ မြတ်ချမ်းသာ ဘုရားပွဲတော်တွင် ဘုရားလူကြီး ဦးစံဦးက ညောင်တုန်းမြို့မှ အငြိမ်းမင်းသမီး မစိန်ခင်နှင့် ဘိုးစိန်ကလေးအား တွဲဖက်ကစေရာ၊ နာမည်ရမင်းသမီးကိုပင် မီအောင်ကနိုင်သောကြောင့် နာမည်ပို၍ ထွက်လာသည်။ ထိုအချိန်က ဘိုးစိန်ကလေးသည် ၁၂ နှစ်သားသာ ရှိသေးကြောင်းကို လက်တစ်သစ်ကယ်မှ မကြွားပါဘူး၊ ၁၂ နှစ်သားရယ်က မင်းသား ဖြစ်တယ်တဲ့ကွယ် ဟု သူ့သီချင်းထဲတွင် ထည့်၍ ဆိုထားလေသည်။ ထိုအချိန်က ရှင်ပင်မပြုရသေးချေ။
 
၁၂၅၈ ခုနှစ်တွင် သာမဏေ ဝတ်ပြီးနောက် လူထွက်သောအခါ အစ်ကိုဖြစ်သူ ထောင်သော ဇာတ်အဖွဲ့တွင် မောင်ဘိုးစိန်သည် အကူအညီ ဇာတ်ဆရာဖြစ်လာသည်။ ယင်းဇာတ်ဖွဲ့တွင် ကံကြီးဒေါင့်သူ မင်းသမီး မမြညွန့်နှင့် တွဲဖက်၍ ခေါင်းဆောင်မင်းသားအဖြစ် ကခဲ့ရသည်။ ၁၆ နှစ်သားအရွယ်တွင် မင်းသမီး မမြညွန့်နှင့် အကြောင်းပါသည်။ သဘင်ပညာဆက်လက် မကြိုးစားနိုင်မည် စိုးသဖြင့် ဆွေမျိုးများက မမြညွန့်နှင့် ခွဲသည်။ ထို့နောက် အစ်ကိုဖြစ်သူ ဦးချစ်စရာမ မန္တလေးမြို့တွင် သဘင်ပညာဆည်းပူးရန်ခေါ်သွားရာ တွဲဖက်ကရန် မင်းသားကောင်း အရှာထွက်လာကြသော ဆင်ဖြူကျွန်း ဆရာအေး၊ ယောကျာ်းမင်းသမီးယောက်ျားမင်းသမီး အောင်ဗလတို့နှင့် ဘိုးစိန်တို့အစမ်းတစ်ပွဲ တွဲဖက်ကပြသောအခါ၊ ပရိသတ်အလွန်ကြိုက်လေသည်။ ဘိုးစိန်နှင့် အောင်ဗလတို့သည် ၁၂၆ဝ ပြည့်နှစ်မှ ၁၂၆၅ ခုနှစ်အထိ ၅ နှစ်နီးနီး တွဲဖက်ကပြရာမှာ ဘိုးစိန် [[အောင်ဗလ]] ဟူသော အမည်သည် တောရောမြို့ပါ ထင်ရှားလာသည်။ သူတို့၂ ဦး တွဲမိမှပင် ဘိုးစိန် ရန်ကုန်ရောက်လာသည်။
 
၁၂၆၅ ခုနှစ်တွင် ဘိုးစိန်သည် ဇာတ်ဆရာ ဦးစိန္တာ၊ မသောင်းတို့၏ ဇာတ်အဖွဲ့တွင် မင်းသမီး ငွေစိန်၊ ငွေရီ၊ ညိုညိုစသော ညီအစ်မတစ်စုနှင့် တွဲဖက်ကရသည်။ ငွေစိန် အခြားဇာတ်သို့ ရောက်သွားသောအခါမှ မင်းသမီး မစိန်ဥနှင့် တွဲကရသည်။ ယင်းသို့ကပြရင်း မစိန်ဥနှင့် အကြောင်းပါသည်။ တစ်ဖန် ၁၂၆၉ ခုနှစ်တွင် မြန်မာမင်းလက်ထက် ရွှေတိုက်စိုး တောင်ခွင်မင်းကြီး၏ သမီး ခင်ခင်လတ်ကြီးနှင့် လက်ထပ်လေသည်။ ထိုအချိန် ကစ၍ ကိုယ်ပိုင် ဇာတ်ဆရာနှင့် ဇာတ်ပိုင်ရှင် ဖြစ်လာသည်။ ထို့နောက် လက်ထောက် မင်းသမီးလေး မကြင်ယုံနှင့် အကြောင်းပါရာ ဦးဘိုးစိန်ကွယ်လွန်သည်အထိ ထင်းပုံခေါင်းချ ပေါင်းကြလေသည်။