ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အချက်အခြာ +အချက်အချာ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟူ၍၎င်း +ဟူ၍လည်းကောင်း, -။အ +။ အ)
စာကြောင်း ၁၁ -
|height=၁၅၁ ပေ (ဉာဏ်တော်)}}
 
'''ဆူးလေစေတီတော်''' သည် မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်၍၊ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုစေတီတော်ကို မဏ္ဍိုင်ပြု၍ အရှေ့ဘက်မှ အနောက်ဘက်သို့ [[မဟာဗန္ဓုလလမ်း]]သည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်းဆူးလေဘုရားလမ်းဟူ၍လည်းကောင်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။ ဆူးလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။ ဉာဏ်တော် ၁၅၁-ပေ ရှိသည်။
 
== သမိုင်းကြောင်း ==
စာကြောင်း ၁၉ -
ဆူးလေဟူသောအမည်မှာ စုဝေးမှတစ်ဆင့် ကာလရွေ့လျောသဖြင့် ပြောင်းလဲလာသော အမည်ဖြစ်သည် ဟုဆိုကြသည်။ သို့သော် ဓမ္မစေတီ မင်းလက်ထက် သက္ကရာဇ် ၈၃၈ ခုနှစ်လောက်တွင် (ခရစ် ၁၄၈၅ ခုနှစ်) ရေးထိုးခဲ့သော ရွှေတိဂုံသမိုင်းကျောက်စာ၌ စုဝေးစေတီအကြောင်း စိုးစဉ်းမျှမပါရှိချေ။ အခြားသမိုင်း အဆိုတစ်ရပ်မှာ ကျိုက္ကစံဘုရားသမိုင်းတွင်ပါသည့် အာဘော်အရ ဤသို့ဖြစ်၏။ 'တတိယသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်ပြည်၌ကျင်းပပြီးနောက် ဗုဒ္ဓသာသနာသည် သီဟိုဠ်ကျွန်းသို့ ရောက် ရှိလာ၏။ သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာ ၈ ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်နိုင်သော ပတ္တမြားကိုယူဆောင်ရန် သထုံမြို့သို့ ရောက်ရှိနေသည့်အတွက် သံလျင်မြို့သို့ သွားယူရလေသည်။ ရဟန္တာရှစ်ပါး သည် ထိုပတ္တမြားကိုရရှိသဖြင့် တုံ့ပြန်ကျေးဇူးပြုလို၍ သီဟိုဠ်ကျွန်းမှ ဆောင်ယူခဲ့သော မြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်အချို့ကို သံလျင်မင်းဘောဂသေနအား ပေးလေ၏။ ထို့နောက် ထိုရဟန္တာရှစ်ပါး ကြည့်ကြပ်ဦးစီး၍ပင် ထိုဆံတော်ဓာတ်တော်များကို စေတီတည်ကြ၏။ ရှေးဦးစွာ သိင်္ဂုတ္တရကုန်း၏ အရှေ့မြောက်ယွန်းတွင် ဆံတော် ၆ ဆူနှင့် ဓာတ်တော် အချို့ကိုဌာပနာ၍ ကျိုက္ကစံစေတီတည်၏။ ထို့နောက် ရွှေတိဂုံဘုရား တောင်ဘက်အနီးတွင် ရဟန္တာသိမ်တော်ကြီးတစ်ခုနှင့် ယခုအခါ သိမ်ကြီးဈေးအနီးရှိ သိမ်တော်ကြီး တစ်ခုကို တည်ဆောက်ကြသည်။
 
ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲတော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။ ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။' ကျိုက်အသုတ် ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် 'အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏'ဟူ၍၎င်း၊ဟူ၍လည်းကောင်း၊ ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် 'ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။'ဟူ၍၎င်းဟူ၍လည်းကောင်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။ ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့ ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။ အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။ စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။ စေတီတော်ဝန်းကျင်တွင် ဆူးလေပင်များ ပေါက်ရောက်နေသဖြင့် ဆူးလေစေတီတော်ဟု ထင်ရှားကြောင်း အချို့ကလည်း ဆိုကြသည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၂|date=ဒီဇင်ဘာ ၂၀၁၃}}</ref>
 
အချို့က 'ဆူးလေ'ဟူသည်မှာ မွန်စကား 'စဲလေဟ်' (မြေး လည်းကောင်း) ဟူသောစကားမှ ဆင်းသက်လာသည် ဟူ၍၎င်း၊ဟူ၍လည်းကောင်း၊ 'ဇူလေ'ဟူသော မွန်စကား (နားနေရန်၎င်း)မှ ကူးပြောင်းလာသည် ဟူ၍၎င်းဟူ၍လည်းကောင်း အဆိုရှိသည်။ ထိုစကား ၂ မျိုးလုံး ပင် လက်ခံနိုင်ဘွယ်မရှိချေ။ အချို့ကလည်း ကျိုက် အသုတ်စေတီတော်သည် ရှေးအခါက မင်းပြောင်းမင်းလွှဲ ခေတ်အမျိုးမျိုးနှင့် ကြုံခဲ့ရသဖြင့် ပြုပြင်ဂရုစိုက်မည့်သူမရှိဘဲ ဆူးလေပင်များ ဝန်းရံဖုံးကွယ်နေသည်ကို နောင်အခါတွင် မြန်မာတို့က ထိုဒေသကို ဆူးလေကုန်း၊ ထိုစေတီကို ဆူးလေစေတီဟု ခေါ်တွင်ကြောင်းယူဆကြသည်။ အချို့ကလည်း ပါဠိ စကား စူဠ(ငယ်သော)မှ ဆင်းသက်လာသည်။ ရွှေတိဂုံဘုရားထက်ငယ် သဖြင့် စူဠစေတီဟု မူလက ခေါ်ဝေါ်ခဲ့ဟန်ရှိသည်ဟု ထင်မြင်ကြသည်။ သို့သော် စူဠဟူသော ပါဠိမှာ ဆံတော်အနက်ကိုလည်း ရသည်။ မူလဘွဲ့တော် ကျိုက်အသုတ်တွင်လည်း အသုတ်ဟူသော မွန်စကားသည် ဆံတော်ကိုပင်ဆို၏။ ထိုကြောင့် စူဠစေတီ (ဆံတော်စေတီ)မှ ဆူးလေစေတီဖြစ်လာသည်ဟု ကောက်ယူ နိုင်ပေသည်။
 
== တည်ဆောက်ပုံ ==
စာကြောင်း ၃၂ -
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင် တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြသည်။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့်“လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြသည်။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော်ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်းသည့် တာ(၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့်တွင်တည်သည်ကမူအမှန်ပင်။
 
ဆူးလေစေတီတော်၏ ပရိဝုဏ် အကျယ်အဝန်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။အရပ်ရှစ်မျက်နှာရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြသည်။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်သည်။ ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်သည်။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်သည်။ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
 
==သိဖွယ်မှတ်ဖွယ်များ==