နပိုလီယန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ထ +။ ထ, -။ဗ +။ ဗ)
စာကြောင်း ၄၉ -
၁၇၉၆ အီတလီကိုသိမ်းပိုက်ရန်ချီတက်သည့် တပ်ကိုအုပ်ချုပ်ရန် အသက် ၂၇အရွယ်နပိုလီယန်က ဦးဆောင်ရသည်။ ထိုအချိန်မှစကာ နောင်ဥရောပတွင်တိုက်သည့် စစ်ပွဲများကို လက်တွဲတိုက်မည့် စစ်ဗိုလ်ချုပ်များနှင့် စတင်ကာတွဲဖက်မိခြင်းဖြစ်သည်။ အီတလီတိုက်ပွဲများတွင်လည်း စွမ်းစွမ်းတမံ ဦးဆောင်သဖြင့် ပို၍နာမည်ကျော်ကြားလာသည်။
 
အီတလီမှပြန်လာပြီးနောက် ၁၇၉၈တွင် အီဂျစ်ကိုတိုက်ခိုက်ရန် ချီတက်သွားပြန်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ စစ်နိုင်သော်နိုင်ငြား အကျိုးမရှိသည့်အပြင် များစွာသော စစ်သည်တို့မှာ ပြင်းထန်ဆိုးရွားသော အီဂျစ်၏ရာသီဥတု၊ ရောဂါဘယ နှင့် ရေတပ်တွင် အင်အားကြီး အင်္ဂလိပ်တို့ရန် အစရှိသည်တို့ကြောင့် အကျအဆုံးများခဲ့ရသည်။ အခြေအနေမဟန်သည့် နပိုလီယန်လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းကာ သင်္ဘောတစ်စင်းတည်းဖြင့် ပြင်သစ်သို့ပြန်လာရသည်။ ပြင်သစ်ရောက်သော် ပါရီလူထုက အီဂျစ်မှ အရှုံးကိုလျစ်လျှူရှုပြီး အီတလီမှအောင်မြင်မှုတို့ကိုသာ တဖွဖွပြောပြီး သူရဲကောင်းသဖွယ် ချီးမြှောက်သဖြင့် နိုင်ငံရေးလောကတွင်ပါ နေရာရလာပြီး ပြင်သစ်တော်လှန်ရေး နှင့် အာဏာသိမ်းပွဲများအပြီးတွင် နိုင်ငံ့ဦးဆောင်ဒါရိုက်တာ တစ်ဦးဖြစ်လာတော့သည်။ မကြာမှီတွင် ပြိုင်ဖက်များကို ဖယ်ရှားပြီး အသက် ၃၀ အရွယ်တွင် ဦးဆောင်ဒါရိုက်တာဖြစ်လာသည်။ [[ပြင်သစ်တော်လှန်ရေး]]တွင် လူထုတောင်းဆိုသော လိုလားချက်များကို အခြေခံဥပဒေ ရေးဆွဲရာတွင် ထည့်သွင်းပေးထားနိုင်သည့် အတွက် နပိုလီယန်ကို အာဏာရှင်ဟု မမြင်နိုင်ပဲ သူရဲကောင်းအဖြစ်သာ ဆက်လက်ကိုးစားခဲ့ကြသည်။ အာဏာရပြီးနောက်တွင် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ တရစပ်ဆောင်ရွက်သည်။ဗဟိုဘဏ်နှင့်တရစပ်ဆောင်ရွက်သည်။ ဗဟိုဘဏ်နှင့် တက္ကသိုလ် ကိုတည်ထောင်ပေးသည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယန်ဥပဒေ (Code Napoleon) ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများတွင် ထိုဥပဒေကို မှီငြမ်းနေစဲဖြစ်သည်။ ပြင်သစ်နယ်နိမိတ်ကို ကျော်ကာ ဥရောပ နိုင်ငံများကို သိမ်းယူသည်။ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ်တပ်ကို ယှဉ်နိုင်သူမရှိတော့ပေ။ ထိုကြောင့် နှစ်အနည်းငယ်အတွင်း ဥရောပ မြေပုံတွင် ပြင်သစ်ပိုင်နယ်ကျယ်ပြန့်လာသည်။
 
== ဧကရာဇ် နပိုလီယန် ==
၁၈၀၄တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ်ကြေညာကာ ညီအစ်ကိုများကို ဥရောပ ၃ နိုင်ငံတွင် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ တော်လှန်ရေး၏အနှစ်အရသာများကို မထိခိုက်ဟု အများက ထင်မြင်ယုံကြည်သဖြင့် သမ္မတနိုင်ငံထူထောင်လိုသူများက အရေးတယူ မကန့်ကွက်ဝံ့ကြပေ။ ပြည်တွင်းတွင် ဆန့်ကျင်သူမရှိသော်လည်း ပြည်ပတွင်မူ သိမ်းပိုက်နယ်မြေများမှာ ငြိမ်သက်လှသည်မရှိပေ။ အမြဲပင် ပုန်ကန်ရန်ကြိုးပမ်းနေကြသည်။ ၁၈၀၂တွင် အင်္ဂလန်နှင့် အေမီယန်စာချုပ် ချုပ်ဆိုကာ စစ်ပြေငြိမ်းသည်။ တစ်နှစ်သာ ခံပြီးအင်္ဂလန်နှင့် မဟာမိတ်များက ပြင်သစ်ကို စစ်ကြေညာကြပြန်သည်။ ကြည်းတပ်တွင် အစဉ်အလာအတိုင်း နပိုလီယန်၏ ပြင်သစ်တပ်များ ချိမ့်ချိမ့်သည်း အောင်ပွဲခံသော်လည်း ပင်လယ်တွင် ရေတပ်အင်အား တောင့်တင်းသည့် အင်္ဂလန်တို့အား ၁၈၀၅ ထရော်လဖာတိုက်ပွဲတွင် အကြီးအကျယ်ရှုံးရသည်။ နောက်ခြောက်ပတ်တွင် ဩစတီးယား နှင့်ရုရှားနှစ်နိုင်ငံ တပ်ပေါင်းစုကို ဩစတာလစ်တွင် နိုင်သော်လည်း အကျိုးမထူးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် အင်္ဂလန်တို့ ဗိုလ်စွဲပြီးဖြစ်သဖြင့် ပြင်သစ်တို့မှာ များစွာနစ်နာရလေသည်။ ၁၈၀၈တွင် အိုဗေရီယန်ကျွန်းသို့ မလိုအပ်ပဲပြင်သစ်တပ်များကို ပို့ပြီးတပ်စွဲထားစေခြင်းဖြင့် အမှားတစ်ရပ်ကို ကျူးလွန်လိုက်သေးသည်။ထို့ပြင်ကျူးလွန်လိုက်သေးသည်။ ထို့ပြင် အရေးပါသည့် သမိုင်းဖြစ်ရပ်တစ်ခုမှာ အမေရိကရှိ ပြင်သစ်ပိုင် [[လူဝီစီယားနားပြည်နယ်]]ကို [[အမေရိကန်ပြည်ထောင်စု]]ထံ ရောင်းချပစ်ခဲ့သည်။
 
== အရှုံးများ ==