အန်းဒရိယ ဗီဆေးလိယပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဗီဆေးလိယပ်၊ အန်းဒရိယ စာမျက်နှာကို အန်းဒရိယ ဗီဆေးလိယပ် သို့ NayiMuuက ရွှေ့ခဲ့သည်: name sort
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
 
စာကြောင်း ၈ -
အပေါင်းတို့က ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သော ကျမ်းကြီးအဖြစ် ချီးကျူးအသိအမှတ်ပြုကြရလေသည်။ ယခင်က တိရစ္ဆာန်ခန္ဓာကိုယ်များကို ခွဲစိတ်ရာမှ ရရှိသော ဗဟုသုတများ ဖြင့် လူ့ခန္ဓာကိုယ်အကြောင်း မှတ်ချက်ချနေသည့် ခန္ဓာဗေဒပညာရှင် ဂလင်းစသည်တို့၏ ယူဆချက်များ မှားယွင်းပုံကို ထုတ်ဖော်ရေးသားရာ ရေးသားသူ ဗီဆေးလိယပ်၏ ဂုဏ်သတင်း ကြီးမြင့်လာသလောက် အတိုက်အခံနှင့် ကန့်ကွက်သူ အတော်များများနှင့် ရင်ဆိုင်ရသည်။
 
၁၅၄၄ ခုနှစ်ခန့်တွင် ဗီဆေးလိယပ်သည် ဧကရာဇ်ဘုရင်ပဉ္စမချား၏ သမားတော်ချုပ် အဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် သားတော် ဒုတိယဖိလစ်ဘုရင် လက်ထက်တွင်ပါ ဆက်လက်ဆောင်ရွက်ရသည်။သာသနာရေးဆိုင်ရာဆက်လက်ဆောင်ရွက်ရသည်။ သာသနာရေးဆိုင်ရာ တရားရုံးတော်က ဗီဆေးလိယပ်အား မိစ္ဆာဒိဋ္ဌိအဖြစ် စွဲချက်တင်ကာ သတ်ရန် အမိန့်ချလိုက်သော်လည်း ဧကရာဇ်ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ဟိုးလီး ဆီပါးလခါးသို့ ဘုရားဖူး လွှတ်လိုက်သည်။ ဘုရားဖူးရာမှ အပြန် ဇန်တီကျွန်းအနီး၌ သင်္ဘောမှောက်သဖြင့် ၁၅၆၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်သည်။ ဗီဆေးလိယပ် ပြုစုခဲ့သော လက်ရာများကို စုပေါင်း၍ ၁၇၂၅ ခုနှစ်တွင် စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )</ref>
== ကိုးကား ==
<references/>